စိတ်ဖိစီးမှုများပြီး အကြံဉာဏ်တွေ ပျောက်ဆုံးနေတယ်ဆိုရင်

blank

တစ်ခါတလေမှာ စိတ်တွေအရမ်းရှုပ်ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင် ဖြစ်နေတတ်ပါတယ်။ အဲ့ဒီလိုဖြစ်နေချိန်မှာ စိတ်ကို ပြန်လည်လန်းဆန်းလာစေပြီး ရှေ့ဆက်ကြိုးစားနိုင်စေဖို့ နည်းလမ်းကောင်းလေးတွေ ရှိပါတယ်။

၁။ ဦးနှောက်ကို အနားပေးဖို့ အရာအားလုံးကို မေ့ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်ပါ။

၂။ စဉ်းစားစရာ ကိစ္စရပ်တွေကို အစားစားရင်း စဉ်းစားပါ။

၃။ ကော်ဖီသောက်တာကို လျှော့ချပါ။ ကဖင်းဓာတ်က အာရုံကြောစနစ်ကို ထိခိုက်စေနိုင်ပါတယ်။

၎။ တက်ကြွလန်းဆန်းစွာ ပြုမူလှုပ်ရှားပါ။

၅။ စိတ်တွေ တည်ငြိမ်အေးချမ်းသွားအောင် တရားထိုင်ပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ အသားအရေကို ဂရုတစိုက်ထိန်းသိမ်းပါ။ လှပတဲ့အသားအရေက စိတ်ကို ကြည်လင်စေပါတယ်။

၇။ အတ္တစိတ်တွေကို ချိုးနှိမ်ပါ။ စိတ်နှလုံးကို ပျော်ရွှင်အောင် ကြိုးစားပါ။

၈။ ပင်ကိုယ်အသိစိတ်ရဲ့ ထိုးထွင်းသိမြင်နိုင်မှုကို ယုံကြည်ပါ။

၉။ နက်နက်နဲနဲစဉ်းစားရတဲ့ ပြဿနာတွေကို ဖြေရှင်းပါ။ အတွေ့အကြုံသစ်တွေ၊ နည်းလမ်းအသစ်တွေ တွေ့ရှိလာပါလိမ့်မယ်။

၁ဝ။ ဘဝတစ်ခုလုံးကို အကောင်းမြင်စိတ်တွေနဲ့ လွှမ်းခြုံထားပါ။

၁၁။ ပညာရပ်အသစ်တွေကို လေ့လာသင်ယူပါ။

၁၂။ စိတ်ရှုပ်ထွေးတာတွေ၊ စိတ်ဖိစီးမှုတွေကို လျှော့ချဖို့ နေ့စဉ် ဒိုင်ယာရီရေးပါ။

ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရေ။ အထက်မှာ ဖော်ပြပေးခဲ့တဲ့ နည်းလမ်းတွေကတော့ စိတ်ဖိစီးမှုများပြီး စိတ်ရှုပ်ထွေးချိန်တွေအတွက် တကယ်ကို အသုံးဝင်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ သင်တို့ စိတ်ရှုပ်ထွေးပြီး ရှေ့ဆက်မရ ဖြစ်နေချိန်မှာလည်း ဒီနည်းလမ်းလေးတွေကို လက်တွေ့အသုံးချပြီး စိတ်ဓာတ်တက်ကြွစွာနဲ့ ရှေ့ဆက်လျှောက်လှမ်းလိုက်ပါလို့ တိုက်တွန်းလိုက်ပါရစေရှင်။

ကြိုက်နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။