သင့်ချစ်သူက ဒီရာသီခွင် (၃)ခုမှာ မွေးဖွားသူဆိုရင် သင်ကတကယ်ကံကောင်းတဲ့သူပါ

blank
၁။ မင်းသမီးတစ်ပါးနဲ့တူတဲ့ ကရကဋ်ရာသီဖွားမိန်းကလေး (Cancer)

ကရကဋ်ရာသီဖွားတွေဟာ ဘုရင်မနဲ့ တူပါတယ်။ ကရကဋ်ရာသီဖွား မိန်းကလေးတစ်ယောက်ကို ချစ်သူတော်ထားတယ်ဆိုတာ တကယ်ကိုကောင်းမွန်တဲ့ ရွေးချယ်မှုပါ။ ကရကဋ်ရာသီဖွားမိန်းကလေးတွေဟာ ချစ်သူအပေါ်မှာ သိပ်ချစ်ကြပြီး ချစ်သူအတွက် ဘာမဆိုလုပ်ပေးဖို့ အသင့်ဖြစ်နေတတ်ပါတယ်။ ချစ်သူပျော်ဖို့အတွက် ဘာမဆို ပေးဆပ်တတ်ကြပါတယ်။ အိမ်ထောင်သည်ဘဝရောက်ရင်လည်း နွေးထွေးပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ကူညီဖန်တီးပေးမယ့် အိမ်ရှင်မကောင်းတွေဖြစ်ပါတယ်။

၂။ ဘုရင်မတစ်ပါးနဲ့တူတဲ့ မိဿရာသီဖွားမိန်းကလေး ( Aries)

မိဿရာသီဖွားမိန်းကလေးတွေဟာ သိပ်ကို စိတ်ဓာတ်ခိုင်မာပြီး ကိုယ်ခြေထောက်ပေါ်ကို ရပ်တည်နိုင်တဲ့ မိန်းကလေးတွေပါ။ ကြိုးစားမှုတိုင်းအတွက် ချစ်သူဆီက အားပေးကူညီမှုကို လိုချင်ကြတယ်။ ချစ်သူကို ကိုယ့်ထက်ပိုတော်တဲ့ယောက်ျားတစ်ယောက်ဖြစ်လာအောင် ပြောင်းလဲပေးနိုင်ကြတယ်။ ချစ်ခြင်းတွေကို ထုတ်ဖော်မပြောတတ်ပေမဲ့ ချစ်သူကို သိပ်ချစ်ကြတယ်။ အနာဂတ်ရဲ့ ခေါင်းဆောင်ကောင်းဖြစ်လာအောင် သားသမီးတွေကို ပြုစုပျိုးထောင်ပေးနိုင်တဲ့ မိခင်ကောင်းတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ အုပ်ချုပ်သူနဲ့တူတဲ့ သိဟ်ရာသီဖွားမိန်းကလေးများ (Leo)

သိဟ်ရာသီဖွားမိန်းကလေးတွေဟာ တည်ငြိမ်အေးချမ်းတယ်။ စကားနည်းတယ်။ အချစ်ကြီးတယ်။ ချစ်သူအပေါ်သစ္စာရှိတယ်။ အချစ်ကြီးသလို အမျက်လည်းကြီးတယ်။ ချစ်သူအတွက်ဆို တစ်လောကလုံးနဲ့ ဆန့်ကျင်ရပါစေ၊ အချစ်အတွက် သတ္တိရှိကြတယ်။ အိမ်ထောင်ရှင်မ ဖြစ်လာတဲ့အခါမှာလည်း မိသားစုကိုပဲ အမြဲဦးစားပေးတတ်တဲ့ ဇနီးမယားကောင်းတစ်ယောက်ဖြစ်လာပါလိမ့်မယ်။

သင်က ဘယ်ရာသီဖွားလဲ။ ဒီရာသီဖွား (၃) မျိုးထဲမှာ သင်ပါတယ်ဆိုရင် ဂုဏ်ယူစွာနဲ့ SHARE လိုက်ပါ။