ချစ်သမီးလေးအတွက် ဖေဖေ့ရဲ့မွေးနေ့လက်ဆောင်

blank

တစ်နေ့မှာ (၁၁)အရွယ် မိန်းကလေးက ဖခင်ဖြစ်သူကို မေးခွန်းတစ်ခုမေးပါတယ်။

“ ဖေဖေ… သမီးရဲ့ (၁၅)နှစ်ပြည့်မွေးနေ့ကျရင် ဘာလက်ဆောင်ပေးမှာလဲဟင် ”

ဖခင်ဖြစ်သူက ပြုံးပြီး…

“ အချိန်တွေအများကြီးကျန်ပါသေးတယ်သမီးရဲ့။ ဖြည်းဖြည်းပေါ့ ” လို့ ပြန်ဖြေတယ်။

မိန်းကလေး (၁၄)အရွယ်ရောက်လာတဲ့အချိန်မှာ နာမကျန်းဖြစ်ပြီး အားနည်းတာကြောင့် ဆေးရုံပေါ်ရောက်သွားပါတယ်။ ဆရာဝန်တွေက စမ်းသပ်စစ်ဆေးကြည့်ပြီးတော့ မိန်းကလေးဟာ နှလုံးရောဂါပြင်းထန်နေပြီး အသက်အန္တရာယ်တောင် စိုးရိမ်ရတယ်ဆိုတဲ့အကြောင်း ဖခင်ကို အသိပေးကြတယ်။

နာမကျန်းဖြစ်ပြီး အိပ်ရာပေါ်မှာ လဲလျောင်းနေရတဲ့မိန်းကလေးက ဖခင်ကို “ သမီးသေတော့ မယ်လို့ ဆရာဝန်တွေက ပြောတာလား ဖေဖေ ” လို့  ဝမ်းနည်းစွာမေးတယ်။ အဖေဖြစ်သူက အားတင်း ပြုံးရင်း “ မဟုတ်ပါဘူး သမီးရယ်။ သမီးအသက်ရှင်မှာပါ ” လို့ ပြန်ဖြေရှာတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

“ ဖေဖေက ဘာလို့သေချာပေါက်ပြောနိုင်တာလဲ ”

“ ဖေဖေသိတာပေါ့ သမီးရဲ့။ သမီးသေချာပေါက် အသက်ရှင်မှာပါကွယ် ”

မိန်းကလေးဟာ အသက် (၁၅)နှစ်ပြည့်ပြီး နေကောင်းကျန်းမာစွာနဲ့ အိမ်ပြန်ရောက်လာတဲ့အခါ သူမအိပ်ခန်းထဲမှာ စာလေးတစ်စောင်ကို တွေ့လိုက်ရတယ်။ ဖတ်ကြည့်လိုက်တော့ ဖခင်ဖြစ်သူရဲ့ လက်ရေးလေးတွေနဲ့ အောက်ပါအတိုင်း ရေးထားတာကို တွေ့လိုက်ပါတယ်။

“ ဖေဖေ့ အချစ်ရဆုံးသမီးလေးရေ… ဒီစာကို သမီးဖတ်နေတဲ့အချိန်မှာ လွန်ခဲ့တဲ့(၄) နှစ် လောက်က သမီးမေးခဲ့တဲ့ မေးခွန်းလေးကို ပြန်အမှတ်ရလိမ့်မယ်လို့ ဖေဖေမျှော်လင့်ပါတယ်။ “ သမီး (၁၅) နှစ်ပြည့်မွေးနေ့ကျရင် ဘာမွေးနေ့လက်ဆောင်ပေးမှာလဲ ”ဆိုတဲ့ မေးခွန်းလေးလေ။ အဲ့ဒီတုန်းက သမီးလေးကို ဘာပေးရမယ်ဆိုတာ ဖေဖေတကယ်မသိခဲ့ဘူး။ ဒါပေမဲ့ အခုတော့သမီးလေးဘဝအ တွက်အလိုအပ်ဆုံး၊ အဖိုးတန်ဆုံးလက်ဆောင်လေးတစ်ခုကို ဖေဖေပေးခွင့်ရခဲ့ပါပြီ။ အဲ့ဒါကတော့ ဖေဖေ့ရဲ့ နှလုံးပါပဲ။ သမီးဘဝတလျှောက် ကျန်းမာချမ်းသာစွာနဲ့ နေထိုင်အသက်ရှင်ပါ။ မွေးနေ့မှာ ပျော်ရွှင်ပါစေ သမီးလေး။

ချစ်တဲ့ဖေဖေ”

ဒီဇာတ်လမ်းလေးက သင့်ကို တစ်ခုခုခံစားရစေတယ်ဆိုရင် တခြားသူတွေကို SHARE ပေးလိုက်ပါ။