Emotional sensitive ဖြစ်တဲ့ စိတ်ခံစားလွယ်သူတွေအတွက် အချစ်ရေး အကြံပေးလွှာ

blank

ထစ်ခနဲဆို မျက်ရည်ကျတတ်တာ၊ တစ်ခုခုဆိုရင် ဝမ်းနည်းလွယ်တာ၊ ကိုယ့်ကိစ္စမဟုတ်လည်း သူများအတွက် ဝမ်းနည်းတွေးပူနေတတ်တာ၊ စိတ်သဘောထားနူးညံ့တာ၊ အားငယ်တတ်တာ၊ ကြင်နာသနားတတ်လွန်းတာတွေဟာ emotional sensitive ဖြစ်သူ၊ စိတ်ခံစားလွယ်သူတွေရဲ့ လက္ခဏာတွေပါ။ ပြီးတော့ ဒီလို စိတ်ခံစားလွယ်တတ်သူတွေဟာ ခိုင်မာရှည်ကြာတဲ့အချစ်ရေးကို ပိုင်ဆိုင်ချင်ကြသူတွေလည်း ဖြစ်ပါတယ်။

ဒီတစ်ပတ်မှာတော့ စိတ်ခံစားလွယ်တတ်သူတွေအတွက် အချစ်ရေးဆိုင်ရာ အကြံပေးချက်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ သင့်ရဲ့ စိတ်ခံစားလွယ်တဲ့အကျင့်ကို ပြုပြင်ပေးမယ့်သူကို မရှာပါနဲ့။ သင့်ရဲ့ စိတ်ခံစားချက်တွေ၊ အမူအကျင့်တွေကို အရှိအတိုင်း နားလည်လက်ခံပေးနိုင်မယ့်သူကို ရှာပါ။

၂။ သင့်နဲ့ စိတ်ခံစားမှုထပ်တူကျမယ့်သူကို ရှာပါ။ ဒါမှ ခံစားချက်တွေကို မျှဝေခံစားနိုင်မှာဖြစ်ပြီး အချစ်ခရီးလမ်းဖြောင့်ဖြူးသာယာမှာ ဖြစ်ပါတယ်။

၃။ သင့်နဲ့ သင့်ချစ်သူကြားမှာ ပျော်ရွှင်စရာအကြောင်းအရာလေးတွေ၊ အပြုသဘောဆောင် အတွေးအမြင်လေးတွေကိုပဲ မျှဝေပါ။ ဒါမှ အတူရှိနေချိန်တွေမှာ သာယာပျော်ရွှင်ကြည်နူးနိုင်မှာ ဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ သင့်ကို စိတ်ခံစားလွယ်စေတဲ့ အတိတ်ဆိုးတွေကို မေ့လိုက်ပါ။ အတိတ်ကို ဖက်တွယ်ထားတာဟာ အဆိုးမြင်စိတ်ကို ဖြစ်စေနိုင်ပြီး လက်ရှိအချစ်ရေးမှာ ထိခိုက်စေနိုင်ပါတယ်။

၅။ အချစ်ကို သိပ်ပြီးမကိုးကွယ်ပါနဲ့။ ဆိုလိုချင်တာက ချစ်သူအပေါ်မှာ စိတ်တွေအရမ်းနှစ်၊ မျှော်လင့်ချက်တွေ အရမ်းထားပြီး မချစ်ပါနဲ့။ ကံကြမ္မာဆိုတာ ကြိုပြီး မမြင်နိုင်ပါဘူး။ အကြောင်းတစ်ခုခုကြောင့် ကွဲကွာသွားပြီဆိုရင် သင့်စိတ်မှာ မလုံခြုံမှုတွေဖြစ်ပြီး သင့်နှလုံးသားကို ပိုမိုထိခိုက်စေနိုင်လို့ပါ။

၆။ သင့်ချစ်သူကို အစစအရာရာ ဖွင့်မပြောပါနဲ့။ Emotional sensitive ဖြစ်တတ်တဲ့သူအများစုရဲ့ စိတ်မှာ ထင်နေတတ်တာက ချစ်သူဆိုတာ ကိုယ်နဲ့ပတ်သက်တဲ့အရာအားလုံးကို သိထားသင့်တယ်လို့ပေါ့။ ဒါပေမဲ့ အတိတ်ဆိုးတွေအကြောင်းကို မခြွင်းမချန်ပြောပြခြင်းက အနာဂတ်ရဲ့ အချစ်ခရီးလမ်းကို အနည်းနဲ့အများပြောင်းလဲသွားစေနိုင်တယ်ဆိုတာကိုတော့ သတိပြုသင့်ပါတယ်။

၇။ သင့်ရဲ့ ခံစားလွယ်တတ်တဲ့အကျင့်နဲ့ပတ်သက်ပြီး ဘယ်သူတွေက ဘာပြောပြော နားမထောင်ပါနဲ့။ သင့်ရဲ့ ပင်ကိုယ်ပုံစံအတိုင်းပဲ နေထိုင်ပါ။ သင့်ချစ်သူအတွက် အချိန်ပေးပါ။ သင်တို့နှစ်ယောက်ကြားမှာ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေရှိတယ်ဆိုရင် ဘယ်သူတွေကမှ သင်တို့ချစ်ခြင်းကို မခွဲနိုင်ဘူးလေ။

သင်က စိတ်ခံစားလွယ်သူဆိုရင် ဒီစာစောင်လေးကို SHARE လိုက်ပါ။