ကမ္ဘာမြေပေါ်က ထူးထူးဆန်းဆန်းကိစ္စလေးများ

blank

၁။ ပျားရည်ဟာ နှစ်ဘယ်လောက်ကြာကြာ ပုပ်သိုးမသွားဘူး။

၂။ Turritopsis Nutricula  jellyfish ခေါ် ဂျယ်လီငါးဟာ သတ္တဗေဒအရ ဘယ်တော့မှ မသေ နိုင်တဲ့သက်ရှိတစ်မျိုးဖြစ်တယ်။

၃။ အပြာရောင်ဝေလငါးရဲ့နှလုံးက ထုထည်ကြီးမားလွန်းပြီး သွေးလွှတ်ကြောက လူတစ် ယောက်ဖြတ်ကူးလို့ရပေမဲ့ လည်ပင်းကတော့ ပန်းကန်ပြားတစ်ချပ်အရွယ်ပဲ ရှိပါတယ်။

၎။ ကမ္ဘာပေါ်မှာရှိတဲ့လူတစ်ယောက်ချင်းစီတိုင်းရဲ့ဝန်းကျင်မှာ ပုရွက်ဆိတ်ပေါင်း ၁.၆ မီလျံရှိ ပါတယ်။ အကြမ်းဖျင်းအားဖြင့် ပုရွက်ဆိတ်အားလုံးရဲ့အလေးချိန်က ကမ္ဘာ့လူဦးရေရဲ့ ပေါင်း စပ်အလေးချိန်နဲ့ ညီမျှပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ ရေဘဝဲတစ်ကောင်မှာ နှလုံးသုံးခုရှိတယ်။

၆။ စေတန်နဲ့ဂျူပီတာဂြိုလ်မှာ မိုးရေဆိုတာ စိန်ကနေဖြစ်ပေါ်လာတာဖြစ်တယ်။

၇။ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲမှာ ဆဲလ်ခေါ် ကလာပ်စီးတွေထက် ဘက်တီးရီးယားပိုးတွေ ဆယ်ဆပိုများပါတယ်။

၈။ သင်သောက်နေတဲ့ရေထဲမှာပါဝင်တဲ့ မော်လီကျူးတစ်ခုဟာ ဒိုင်နိုဆောကို ဖြတ်သန်းလာ တာ ဖြစ်ပါတယ်။

၉။ ငါးခူတွေမှာ အရသာခံတဲ့အဖုပေါင်း ၂၇ဝဝဝ ရှိပြီး လူမှာရှိတာထက် လေးဆပိုများပါတယ်။

၁ဝ။ အားနည်းတဲ့အလင်းရောင်နဲ့စာဖတ်ခြင်း၊ ကွန်ပျူတာအသုံးပြုခြင်းက အမြင်အာရုံကို ထိခိုက်စေပါတယ်။

၁၁။ အာဖရိကဆင်တစ်ကောင်ကို ယဉ်ပါးအောင်လုပ်နိုင်တဲ့သူ တစ်ယောက်မှမရှိပါဘူး။

၁၂။ အိပ်ရေးပျက်ခြင်းက သင့်ဝန်းကျင်မှာရှိတဲ့လူတွေကို ရန်သူကဲ့သို့ မြင်စေပါတယ်။

၁၃။ ရေချိုးပြီးတဲ့အခါ လက်အရေပြားတွန့်လာတာဟာ ခန္ဓာကိုယ်မှာ စွတ်စိုမှုပမာဏ တိုးလာ လို့ ဖြစ်ပါတယ်။

၁၄။ နှာခေါင်းနဲ့ အပေါ်နှုတ်ခမ်းကြားက philtrum လို့ခေါ်တဲ့ အရာလေးဟာ သင့်မိခင်ရဲ့သား အိမ်ထဲက အချိန်တွေကို ပြန်သတိပေးနေတဲ့ အကြွင်းအကျန်တစ်ခုဖြစ်ပါတယ်။ သင့်မျက်နှာ ဘယ်ဘက်ခြမ်းနဲ့ညာဘက်ခြမ်း သီးခြားစီဖွံ့ဖြိုးပြီး အလယ်တည့်တည့်မှာ တွေ့ဆုံဖို့ philtrum ကဖန်တီးထားတာပါ။ Philtrum အဆင်မပြေတဲ့ ကလေး ၇၅ဝမှာ တစ်ယောက်ဟာ နှုတ်ခမ်း ကွဲ၊ အာခေါင်ကွဲလေးတွေဖြစ်လာပါတယ်။

၁၅။ ရှေးခေတ်တုန်းက လူသားမျိုးနွယ်တွေ ဟာ အမဲလိုက်ခြင်းဖြင့်အသက်မွေးကြပါတယ်။ အဲ့ဒီအခါ သားကောင်ဖမ်းဖို့၊ လျင်မြန်စွာပြေးဖို့ လိုလာတဲ့အခါ အကောင်းဆုံးက လုံးဝန်းနေတဲ့တင်ပါးတွေပဲ ဖြစ်ပါတယ်။

ဗဟုသုတလေးတွေကို မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။