၂ဝ၁၇၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (မေလ ၂၉ ရက်နေ့မှ ဇွန်လ ၄ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries)
(မတ်လ ၂၁ရက်မှ ဧပြီ ၂ဝရက်နေ့အတွင်း မွေးဖွားသူများ)
          စိတ်ကူးဉာဏ်လေးတွေ ကွန့်မြူးပြီး အလုပ်တွင်နေမယ့်ကာလဖြစ်ပါတယ်။ ငွေကြေးအကျိုး အမြတ်နည်းပါးသေးပေမဲ့ အလားအလာကောင်းတဲ့အခွင့်အရေးတွေကြောင့် စိတ်ပျော်ရွှင်ရပါမယ်။ အချစ်ရေးအတွက် အချိန်နည်းနည်းပဲပေးနိုင်တာကြောင့် ချစ်သူနဲ့နားလည်မှုလေးတွေ လွဲနေတတ် တယ်။ ကျန်းမာရေးသင့်ပါတယ်။
ယတြာ။         ။ မွေးနံထောင့်မှာ နှင်းဆီ ၃-ပွင့်လှူပါ။

၂။ ပြိဿရာသီဖွား (Taurus)

(ဧပြီလ ၂၁ရက်မှ မေလ ၂၁ရက်အတွင်း မွေးဖွားသူများ)
          အရင်းနှီးဆုံးမိတ်ဆွေသူငယ်ချင်းတွေနဲ့ ငွေကြေးကိစ္စအထင်အမြင်လွဲမှုလေးတွေ ဖြစ်ပေါ်တတ် တယ်။ ငွေကြေးကိစ္စတွေမှာ သတိရှိပါ။ ပမာဏများပြားရင် စာချုပ်စာတမ်းနဲ့ သေချာလုပ်ပါ။ စီးပွားရေး လုပ်ငန်းနဲ့စပ်လျဉ်းပြီး ခရီးတိုတစ်ခုထွက်ရမယ်။ အောင်မြင်မှုတွေရယူနိုင်မယ့်ခရီးဖြစ်ပါတယ်။ အချစ် ရေးသာယာပါတယ်။
ယတြာ။         ။ မွေးရက်မှာ ကြာဆံဟင်းချက်ပြီး အိမ်နီးချင်းဝေပါ။

၃။ မေထုန်ရာသီဖွား (Gemini)

(မေလ ၂၂ ရက်မှ ဇွန် ၂၁ ရက်အတွင်း မွေးဖွားသူများ )

ဖုံးကွယ်ထားတဲ့ပင်ကိုယ်အရည်အချင်းတွေကို ထုတ်ဖော်ပြသရမယ့်အချိန်ဖြစ်ပါတယ်။ အခွင့် အလမ်းကောင်းတွေ၊ ကူညီမယ့်သူတွေက စောင့်နေတာကြောင့် အလုပ်မှာ ခါတိုင်းထက် နှစ်ဆပိုကြိုး စားလိုက်ပါ။ ငွေကြေးကံကောင်းနေပါတယ်။ ထီထိုးပါ။ အချစ်ရေးမှာ ကြားလူကြောင့် စိတ်မောရတတ် တယ်။

ယတြာ။         ။ မွေးရက်မှာ နွမ်းပါးသူတစ်ဦးကို ကြက်သားဒံပေါက်ကျွေးမွေးလိုက်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)

(ဇွန်လ ၂၂ရက်မှ ဇူလိုင်လ ၂၃ရက်အတွင်း မွေးဖွားသူများ)
          ချစ်ခင်သူတစ်ဦးရဲ့အရေးကိစ္စကို ကြားဝင်ပူပန်ပေးနေရတတ်တယ်။ စေတနာဇောနဲ့ စကား ကျွံတတ်၊ ငွေကြေးလက်လွန်တတ်တာကြောင့် သတိပြုပါ။ နေအိမ်ကို စက်ပစ္စည်းကြီးကြီးမားမား ဝင် တတ်တယ်။ ညအိပ်ညနေဧည့်သည်လာတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ကြားလေသွေးလို့ သွေးအေးနေတတ်တယ်။ နားလည်မှုလေးတွေ ပြန်တည်ဆောက်လိုက်ပါ။
ယတြာ။         ။ မွေးရက်မှာ နာမကျန်းသူတစ်ဦးကို ဆေးဝါးဒါနပြုပါ။

၅။ သိဟ်ရာသီဖွား (Leo)

(ဇူလိုင်လ ၂၄ရက်မှ သြဂုတ်လ ၂၃ရက်အတွင်း မွေးဖွားသူများ)
          စန်းပွင့်နေတာကြောင့် ရောက်လေရာအရပ်မှာ ချစ်ခင်သူတွေဝိုင်းဝိုင်းလည်နေတတ်တယ်။ စီး ပွားရေးမှာ မျှော်မှန်းထားသလောက် အဆင်မပြေသေးတာကြောင့် အတန်ငယ်စိတ်မောနေရမယ်။ အားမလျော့ဘဲ မှန်မှန်သာကြိုးစားလိုက်ပါ။ ကြိုးစားမှုရဲ့အသီးအပွင့်တွေကို သေချာပေါက်ခံစားရမှာပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ယတြာ။         ။ မွေးရက်မှာ သက်ကြီးဘိုးဘွားများကို ငွေကြေးဖြင့်ကန်တော့ပါ။

၆။ ကန်ရာသီဖွား (Virgo)
(သြဂုတ်လ ၂၄ရက်မှ စက်တင်ဘာလ ၂၃ ရက်အတွင်း မွေးဖွားသူများ)

မျှော်မှန်းထားတာထက် ပိုကောင်းတဲ့စီးပွားရေးရလဒ်တွေကြောင့် ဝမ်းသာပျော်ရွှင်နေရမယ်။ အလှူအတန်းတွေပြုရမယ်။ အနာဂတ်အတွက် မိသားစုစီမံကိန်းတွေကို တည်ဆောက်နိုင်မယ်။ အချစ် ရေးမှာ ချစ်သူရှိသူများ အိမ်ထောင်ပြုရတတ်တယ်။ ချစ်သူမရှိသေးသူများ ချစ်သူတွေ့လိမ့်မယ်။

ယတြာ။         ။ မွေးနံထောင့်မှာ ပန်းသီး ၅ လုံးလှူပါ။

၇။ တူရာသီဖွား (Libra)

(စက်တင်ဘာလ ၂၄ရက်မှ အောက်တိုဘာ ၂၃ ရက်အတွင်းမွေးဖွားသူများ)

ကြန့်ကြာနေတဲ့ကြွေးဟောင်းတွေပြန်ရမယ်။ ပြန်ရငွေထဲက အလှူအတန်းတွေပြုလုပ်ရတတ် တယ်။ ကွဲကွာနေတဲ့မိတ်ဟောင်းဆွေဟောင်းတွေနဲ့ ပြန်တွေ့ရတတ်တယ်။ စီးပွားရေးလုပ်ငန်းသစ် တွေစတင်ဖို့ ကူညီပေးမယ့် မိတ်ဆွေကောင်းတွေကြောင့် အဆင်ပြေမယ်။ အချစ်ရေးမှာ မျှော်လင့်နေ သူဆီက တုံ့ပြန်မှုကောင်းလေးတွေ ရရှိမယ်။

ယတြာ။         ။ မွေးရက်မှာ သူငယ်ချင်း ၁ ယောက်ကို ကြေးအိုးတိုက်ပါ။

၈။ ဗြိစ္ဆာရာသီဖွား (Scorpio)

(အောက်တိုဘာလ ၂၄ရက်နေ့မှ နိုဝင်ဘာလ ၂၂ ရက်အတွင်းမွေးဖွားသူများ)
          ရင်းနှီးသူတွေရဲ့ အိမ်ထောင်ရေး၊ အချစ်ရေးပြဿနာတွေမှာ ကြားဝင်ဖြေရှင်းပေးရင်း ကြား ညပ်တတ်ပါတယ်။ လိုတာထက်ပိုပြီး ဝင်မစွက်ဖက်မိအောင်သတိပြုပါ။ ငွေကြေးကံကောင်းနေပါ တယ်။ ထီဆုကြီးပေါက်တတ်တယ်။  ၂ ဂဏန်းများများပါတဲ့ ထီထိုးပါ။

ယတြာ။         ။ မွေးရက်မှာ မိဘကိုငွေကြေးဖြင့် ကန်တော့ပါ။

၉။ ဓနုရာသီဖွား (Sagittarius)
(နိုဝင်ဘာလ ၂၃ရက်မှ ဒီဇင်ဘာလ ၂၁ရက်အတွင်းမွေးဖွားသူများ)

ဘာမှန်းမသိတဲ့အလုပ်တွေနဲ့ ရှုပ်ထွေးနေမယ့်ကာလဖြစ်ပါတယ်။ စီးပွားရေး၊ လူမှုရေးကိစ္စ တွေများပြားပြီး မိသားစုကို အချိန်မပေးနိုင်တာကြောင့် ပြဿနာလေးတွေရှိတတ်တယ်။ စားသောက် ကုန်လုပ်ငန်းတွေ အစုစပ်လုပ်ကိုင်ရတတ်တယ်။ ငွေလိမ်ခံရတတ်တာကြောင့် သေချာစုံစမ်းပြီးမှ ပူး ပေါင်းလုပ်ကိုင်ပါ။ အချစ်ရေးမှာ ကြားလေသွေးလို့ ဝေးနေမယ်။

ယတြာ။         ။ မွေးရက်မှာ နေအိမ်ခြံဝင်းအတွင်း သစ်ပင်တစ်ပင်စိုက်ပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)

(ဒီဇင်ဘာ ၂၂ရက်နေ့မှ ဇန်နဝါရီ ၂ဝရက်အတွင်း မွေးဖွားသူများ)

အဆိုးနဲ့အကောင်းဒွန်တွဲနေတဲ့ကာလဖြစ်ပါတယ်။ မလိုသူတွေရဲ့အတိုက်အခိုက်တွေကြောင့် အလုပ်မှာ စိတ်အနှောင့်အယှက်ဖြစ်ရမယ်။ ရန်ကို ရန်ချင်းမတုံ့နှင်းဘဲ စိတ်ရှည်သည်းခံခြင်းနဲ့သာ ရင်ဆိုင်ကျော်ဖြတ်လိုက်ပါ။ အဆိုးတွေရဲ့နောက်မှာ သင့်အတွက် ကံကောင်းခြင်းတွေ ဆက်တိုက် ရောက်ရှိလာပါလိမ့်မယ်။

ယတြာ။         ။ မွေးရက်မှာ ငှက် ၉ ကောင်လွှတ်ပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius)
(ဇန်နဝါရီလ ၂၁ရက်မှ ဖေဖော်ဝါရီ ၁၉အတွင်း မွေးဖွားသူများ)

မျှော်လင့်မထားတဲ့သူဆီက ပျော်စရာသတင်းကောင်းလေးတွေကို ကြားသိခွင့်ရမယ့်ကာလ ဖြစ်ပါတယ်။ သူငယ်ချင်းဟောင်းတွေရဲ့ဖေးမကူညီမှုနဲ့ လုပ်ငန်းသစ်လေးတွေကို စတင်ခြေချခွင့်ရမယ်။ ပညာရပ်အသစ်တွေကို လေ့လာသင်ယူခွင့်ရမယ်။ အချစ်ရေးမှာ နားလည်မှုလေးတွေလွဲနေလို့ အတန်ငယ်စိတ်မောနေရမယ်။

ယတြာ။         ။ မွေးရက်မှာ ပရဟိတလုပ်ပါ။

၁၂။ မိန်ရာသီဖွား (Pisces)
(ဖေဖော်ဝါရီလ ၂ဝရက်နေ့မှ မတ်လ ၂ဝရက်အတွင်း မွေးဖွားသူများ)

အာရုံတွေပျံ့လွင့်နေလို့ အလုပ်မှာ အမှားအယွင်းတွေ ဖြစ်ပေါ်တတ်ပါတယ်။ အထူးသတိ ပြုပါ။ မမျှော်လင့်ဘဲ ရပ်ဝေးခရီးထွက်ရမယ်။ မိသားစုထဲ မိသားစုဝင်အသစ်တိုးတတ်တယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ ချစ်သူတွေ့မယ်။ ရင်းနှီးပြီးသားသူတွေထဲက ဖြစ်တတ်ပါတယ်။

ယတြာ။         ။ မွေးရက်မှာ လိုအပ်နေသူတွေကို ဆေးဝါးဒါနပြုပါ။

တိုက်ဆိုင်မှုလေးတွေပါနေတယ်ဆိုရင် SHARE လိုက်ပါဦးနော်။