မောင်ဖတ်ဖို့ ဇနီးသည်တစ်ယောက်ရဲ့ခံစားချက်သဝဏ်လွှာ

blank

 မောင်…

မောင့်အိမ်လေးကို စီမံအုပ်ချုပ်ရာမှာ ကျွန်မဘက်က လစ်ဟင်းမှုတွေရှိနေခဲ့လား။

မောင့်ဝေယျာဝစ္စတွေဆောင်ရွက်ပေးရာမှာကော ကျွန်မဘက်က လိုအပ်ချက်တွေရှိနေခဲ့လား။

မောင့်စားသောက်ရေးကိစ္စစီမံရာမှာကော ကျွန်မညံ့နေခဲ့လား။

အိမ်မှုကိစ္စနဲ့ပတ်သက်ပြီးတော့ကော ကျွမ်းကျင်ဖို့ အများကြီးလိုနေခဲ့သေးလား။

သားသမီးတွေအရွယ်ရောက်လာအောင် ပြုစုပျိုးထောင်ရာမှာကော လစ်ဟာမှုတွေ ရှိနေခဲ့လား။

မောင့်ဝင်ငွေတွေကို ထိန်းသိမ်းပေးရာမှာလည်း စနစ်ကျဖို့ လိုအပ်နေသေးလား။

မောင့်ကို စမတ်ကျတဲ့ယောက်ျားသားတစ်ယောက်ဖြစ်ဖို့ ဆင်ယင်ပေးတဲ့အခါမှာကော စိတ်တိုင်း မကျစရာတွေ ဖြစ်နေသေးလား။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒီလိုဆိုရင်တော့ ကျွန်မဘက်ကလည်း စကားနည်းနည်းလောက်ပြန်ပြောပါရစေနာ်။ ဒါဟာ ဆင်ခြေပေးတာမဟုတ်သလို မိန်းမသားတစ်ယောက်ရဲ့ဘဝကိုလည်း မောင်တို့ယောက်ျားတွေ နား လည်စေချင်လို့ပါ။

တကယ်လို့များ ကျွန်မသာ ငယ်ငယ်ရွယ်ရွယ်နဲ့လက်ထပ်ခဲ့ရသူမဟုတ်ခဲ့ရင် အခုထက်ပိုပြီး အရည်အချင်းပြည့်ဝတဲ့မိန်းမတစ်ယောက်ဖြစ်နေလိမ့်မယ်ဆိုတာ မောင်တွေးကြည့်ခဲ့ဖူးလား။

မောင့်ရင်သွေးလေးတွေအတွက်သာ အချိန်တွေမပေးခဲ့ရရင်၊ ကြီးပြင်းလာအောင် စိတ်ရော ကိုယ်ပါနစ်ပြီး မပြုစုမစောင့်ရှောက်ခဲ့ရရင် အခုထက်ပိုပြီး အရည်အချင်းပြည့်ဝတဲ့မိန်းမတစ်ယောက် ဖြစ်နေလိမ့်မယ်ဆိုတာကော မောင်တွေးကြည့်ခဲ့ဖူးလား။

ကျွန်မရဲ့အချိန်အများစုကို မောင်ပြောတာတွေနားထောင်ပေးရင်း၊ မောင်နဲ့အချိန်ဖြုန်းရင်း မမျှဝေပေးခဲ့ရရင် အခုအချိန်မှာ ကျွန်မက ပိုပြီးအရည်အချင်းပြည့်ဝတဲ့မိန်းမတစ်ယောက်ဖြစ်နေလိမ့် မယ်ဆိုတာလည်း မောင်တွေးကြည့်ခဲ့ဖူးလား။

ကျွန်မဘဝရဲ့ ငယ်ရွယ်နုပျိုဆုံး၊ အတက်ကြွဆုံး၊ ဉာဏ်ရည်ထက်မြက်ဆုံး အရွယ်ထဲက ၁ဝ နှစ်လောက်ကို မောင်နဲ့မိသားစုအတွက် အချိန်ပေးရင်း မစတေးခဲ့ရရင် ကျွန်မဟာ ပိုပြီးအရည် အချင်း ပြည့်ဝတဲ့မိန်းမတစ်ယောက်ဖြစ်နေလိမ့်မယ်ဆိုတာကိုကော မောင်တွေးကြည့်မိခဲ့ဖူးလား။

တကယ်ပါ မောင်ရေ…။

ကျွန်မကိုယ်ကျွန်မပဲ နည်းနည်းလေးပိုဂရုစိုက်ပြီး အချိန်ပေးခဲ့မယ်ဆိုရင်၊ တစ်ကိုယ်ကောင်း ဆန်ခဲ့မယ်ဆိုရင်တောင် ကျွန်မဟာ အခုထက်ပိုပြီး အရည်အချင်းပြည့်ဝတဲ့ မိန်းမတစ်ယောက်ဖြစ်နေ လိမ့်မယ်ဆိုတာ သေချာပါတယ်။ ဒါပေမဲ့ ကျွန်မက မောင့်ကို ချစ်ခဲ့တယ်။ မောင်နဲ့လက်တွဲခဲ့တဲ့ မိသား စုဘဝလေးကို မြတ်နိုးခဲ့တယ်။ ကျွန်မကိုယ်ကျွန်မ အချိန်မပေးနိုင်တော့ပေမဲ့၊ ဦးစားမပေးနိုင်တော့ပေမဲ့ တစ်ချက်ကလေးတောင် မညည်းညူခဲ့ဖူးပါဘူး။ မောင့်အတွက် ပါရမီဖြည့်ဖက်ကောင်း၊ သားသမီးတွေ အတွက် မိခင်ကောင်းဖြစ်အောင် ကျွန်မအတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ပြီးပြည့်စုံတဲ့သူဆို တာ လောကမှာမရှိတဲ့အတွက် ကျွန်မမှာလည်း မောင့်အတွက် စိတ်တိုင်းမကျစရာ အားနည်းချက် လေးတွေရှိခဲ့ကောင်း ရှိခဲ့မှာပါ။

အဲ့ဒီအခါ ကျွန်မပြောတာလေးတွေသတိရပြီး ကျွန်မအပေါ် အပြစ်မမြင်ဘဲ အချစ်ဝင်နိုင်ပါစေ မောင်ရေ…။

သိမှတ်စရာလေးတွေကို ပြန်လည်မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။