စိတ်ဓာတ်ခိုင်မာတဲ့ မိန်းမသားတစ်ယောက်ရဲ့ လက္ခဏာရပ်(၅)ခု

blank

၁။ မျက်ရည်ကျတတ်တယ်။

စိတ်ဓာတ်ခိုင်မာတဲ့မိန်းမသားတစ်ယောက်ကိုကြည့်ရင် မာကြောတယ်လို့ ထင်ကောင်းထင်ရ နိုင်ပေမဲ့ နာကျင်တဲ့အခါ သူမလည်း ငိုကြွေးတာပါပဲ။ ဒါပေမဲ့ သူမငိုကြွေးတာကို သူမရဲ့ အခန်းနံရံ တွေကလွဲပြီး တခြားသူတွေမမြင်စေရပါဘူး။ ပြီးတော့ နောက်တစ်နေ့မနက်ရောက်တဲ့အခါ အရာရာ ကို ရင်ဆိုင်ဖို့ ခွန်အားသစ်တွေနဲ့ နိုးထလာတတ်တယ်။

၂။ အကူအညီလိုအပ်တယ်။

စိတ်ဓာတ်ခိုင်မာတဲ့ မိန်းမသားတစ်ယောက်မှာလည်း သူမကို ထောက်ပံ့ကူညီမယ့်သူ တစ် ယောက်ယောက် လိုအပ်တာပါပဲ။ ဒါပေမဲ့ အမြဲတမ်းမဟုတ်ပါဘူး။ အများအားဖြင့်တော့ အရာရာကို ကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းနိုင်ကြပါတယ်။ သေချာတာကတော့ ကြံ့ခိုင်သန်မာမှုရဲ့ နောက်ကွယ်မှာ သူမကို တကယ်ချစ်ခင်ကြင်နာမယ့်၊ အထီးမကျန်စေမယ့် ချစ်ခင်သူတွေ လိုအပ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ ပြတ်သားတယ်။

စိတ်ဓာတ်ခိုင်မာတဲ့မိန်းမသားတစ်ယောက်ဟာ သူမချစ်တဲ့လူကို သူမမှာရှိတဲ့ စွမ်းအားတွေနဲ့ ရပ်တည်ကာကွယ်ပေးတယ်။ ဒါပေမဲ့ သူမအချစ်နဲ့မထိုက်တန်တဲ့လူလို့ သဘောပေါက်သွားတဲ့ အခါ ဆိုရင်လည်း နှစ်ခါစဉ်းစားမနေဘဲ လမ်းခွဲတတ်တယ်။ လမ်းခွဲပြီးရင်လည်း ဘယ်တော့မှ နောက်ပြန် လှည့်မကြည့်ဘဲ ပြတ်သားတတ်တယ်။

၎။ ကိုယ်ပိုင်အစွမ်းအစကို တန်ဖိုးထားတယ်။

စိတ်ဓာတ်ခိုင်မာတဲ့မိန်းမသားတစ်ယောက်ဟာ တစ်ပါးသူကို ဘယ်တော့မှ မမှီခိုပါဘူး။ ကိုယ် တိုင်ငွေရှာပြီး လိုချင်တာကို ကိုယ်ပိုင်အစွမ်းအစသုံးပြီး ဝယ်နိုင်တယ်။ အိမ်ထောင်ဖက်ရွေးတဲ့အခါဆို ရင်လည်း ငွေကြေးပြည့်စုံနေတဲ့သူထက် သူမကို ပျော်ရွှင်အောင်ထားမယ့်သူမျိုးကိုသာ ဦးစားပေးရွေး ချယ်တတ်ပါတယ်။

၅။ နွေးထွေးတဲ့ချစ်ခြင်းမေတ္တာကို လိုအပ်တယ်။

စိတ်ဓာတ်ခိုင်မာတဲ့မိန်းမသားတစ်ယောက်ဟာ အရာရာကို ကိုယ်စွမ်းကိုယ်စနဲ့ ပြုလုပ်နိုင်တာ မှန်ပါတယ်။ ဒါပေမဲ့ ဘဝကို နွေးထွေးစေတဲ့ချစ်ခြင်းမေတ္တာတွေကိုလည်း တန်ဖိုးထားတတ်ပါတယ်။

စာစောင်လေးကို မျှဝေဖို့ SHARE လိုက်ပါဦးနော်။