၁။ မိဿရာသီဖွား (Aries )
မတ်လ (၂၁) မှ ဧပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ
ဒီတစ်ပတ်အတွင်း ငွေရေးကြေးရေး အကုန်အကျများနေမယ်။ ရစရာရှိတာတွေ နှောင့်နှေးကြန့် ကြာနေပါမယ်။ လောင်းကစားအလုပ်တွေကို ဝေးဝေးရှောင်ပါ။ ငွေကြေးများစွာ ဆုံးရှုံးတတ်ပါတယ်။ အချစ်ရေးသာယာပါတယ်။ မိသားစုအတွင်း သတင်းကောင်းလေးတွေကြားရမယ်။
ယတြာ။ ။ ခိုလေးတွေကို အစာကျွေးပါ။
၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ
ရည်ရွယ်ထားတာလေးတွေရှိပေမဲ့ လက်တွေ့အကောင်အထည်ဖော်ဖို့ အချိန်အနည်းငယ် စောင့်ရဦးမယ့်ကာလဖြစ်ပါတယ်။ မနာလိုသူတချို့ရဲ့အတိုက်အခိုက်တွေကို မေတ္တာနဲ့သာ တုံ့ပြန် လိုက်ပါ။ မကြာခင်မှာ အစစအရာရာအဆင်ပြေသွားမှာပါ။ အချစ်ရေးမှာ စန်းပွင့်ပြီး ဝိုင်းဝိုင်းလည် နေတတ်ပါတယ်။
ယတြာ။ ။ မွေးနံထောင့်မှာ နှင်းဆီပန်း ၉-ပွင့်လှူပါ။
၃။ မေထုန်ရာသီဖွား (Gemini)
မေလ(၂၂)မှ ဇွန်လ (၂၁)ရက်အတွင်း မွေးဖွားသူများ
ချစ်ခင်သူတွေနဲ့ အပျော်ခရီးလေးတွေထွက်ဖြစ်နေမယ့်ကာလဖြစ်ပါတယ်။ ငွေကြေးအကုန် အကျများသလို ကံတရားကလည်း မျက်နှာသာပေးနေတဲ့အတွက် စိတ်ချမ်းသာနေရပါမယ်။ အနာ ဂတ်အတွက် စိတ်ကူးထားတာလေးတွေကို စတင်ဖို့ ပြင်ဆင်ပါ။ အချစ်ရေးမှာ ချစ်သူနဲ့ အထင်လွဲ စရာလေးတွေ ရှိတတ်တယ်။ အသွားအလာအနေအထိုင်ဆင်ခြင်ပါ။
ယတြာ။ ။ မွေးရက်မှာ ဘုရားကို သပြေ ၉ ညွှန့်လှူပါ။
၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ
ရင်းနှီးသူတွေနဲ့ ငွေကြေးကိစ္စအထင်လွဲစရာလေးတွေဖြစ်တတ်တယ်။ အခန့်မသင့်ရင် ငွေကြေး အများအပြားဆုံးရှုံးနစ်နာနိုင်တာမို့ ငွေကြေးကိစ္စအထူးသတိနဲ့ ဆောင်ရွက်ပါ။ ပညာရပ်အသစ်တွေ သင်ယူခွင့်ရမယ်။ သင့်အတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေဖြစ်စေမယ့်ဘာသာရပ်ကို သေချာရွေးချယ်သင်ယူလိုက်ပါ။ အချစ်ရေး ထူးခြားမှုမရှိသေးပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
ယတြာ။ ။ မွေးနံထောင့်မှာ စံပယ်ပန်းသက်စေ့လှူပါ။
၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ
အဆိုးနဲ့အကောင်းဒွန်တွဲနေတဲ့ကာလမို့ အစစအရာရာ ချင့်ချိန်စဉ်းစားနိုင်မှ တော်ကာကျမှာ ပါ။ ရပ်ဝေးမိတ်ဆွေများဆီက မျှော်လင့်မထားတဲ့အကူအညီကောင်းတွေကို လက်ခံရရှိမယ်။ အိုးအိမ် ခြံမြေနဲ့ပတ်သက်တဲ့ အရှုပ်အရှင်းတွေတွေ့ရတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ရည်ရွယ်ထား တာတွေဖြစ်လာတာကြောင့် ပျော်ရွှင်ရပါမယ်။
ယတြာ။ ။ မွေးရက်မှာ ရေလိုအပ်နေတဲ့နေရာတွေမှာ ရေဒါနပြုပါ။
၆။ ကန်ရာသီဖွား (Virgo )
သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်းမွေးဖွားသူများ
ဝင်ငွေထက် ထွက်ငွေများနေတာကြောင့် အတန်ငယ်စိတ်မောရဦးမယ့်ကာလဖြစ်ပါတယ်။ ငွေ ကြေးကိစ္စတွေမှာ စာရင်းအင်းနဲ့စနစ်တကျ စီမံသုံးစွဲသင့်ပါတယ်။ အဝတ်အထည်လုပ်ငန်း၊ အစားအ သောက်လုပ်ငန်းတွေမှာ အကျိုးပေးမယ်။ အလှူအတန်းတွေများများပြုရမယ်။ ကျန်းမာရေးအနည်း ငယ်ချူချာနေပါတယ်။ ဂရုစိုက်ပါ။
ယတြာ။ ။ မွေးရက်မှာ သက်သတ်လွတ်ဆွမ်းကပ်လှူပါ။
၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ
ရပ်ဝေးဆီက မျှော်လင့်မထားတဲ့သတင်းထူးတွေ ကြားသိရမယ့်ကာလဖြစ်ပါတယ်။ အလုပ်မှာ အခက်အခဲတချို့ရှိပေမဲ့ စိတ်ဓာတ်မကျပါနဲ့။ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ကြိုးစားပြီးသာ ကျော်ဖြတ် လိုက်ပါ။ အောင်မြင်မှုတွေက သင့်ကို စောင့်ကြိုနေမှာပါ။ အချစ်ရေးမှာ ချစ်သူရဲ့အခွင့်အရေးပေးမှုကို လက်ခံရရှိမယ်။ ငွေကြေးကြီးကြီးမားမားဝင်ကိန်းရှိတယ်။ ထီထိုးပါ။
ယတြာ။ ။ မွေးရက်မှာ သစ်ပင် ၃-ပင်စိုက်ပါ။
၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်းမွေးဖွားသူများ
ရွှေ၊ ငွေ၊ ဖုန်း စတဲ့ အဖိုးတန်ပစ္စည်းအပျောက်အရှရှိတတ်တယ်။ အထူးဂရုပြုပါ။ ဝန်ထမ်းဖြစ် ပါက ရာထူးတိုးမယ်။ ယာယီခရီးတစ်ခုထွက်ရမယ်။ လျှပ်စစ်နဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေ အကျိုးပေးမယ်။ အချစ်ရေးမှာ နီးမလိုလိုနဲ့ ဝေးနေတတ်တယ်။ စိတ်အားမလျှော့ပါနဲ့။ အချစ်စစ်မှန်ရင် ဆုံဆည်းနိုင်ပါတယ်။
ယတြာ။ ။ မွေးရက်မှာ အခင်မင်ဆုံးသူငယ်ချင်း ၁ ယောက်ကို ဒံပေါက်ကျွေးပါ။
၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ
အနုပညာကို ဝါသနာပါသူများအတွက် အခွင့်အလမ်းကောင်းတွေ ရရှိမယ့်ကာလဖြစ်ပါတယ်။ အခွင့်အရေးကို လက်လွှတ်မခံဘဲ ကြိုးစားရင် အောင်မြင်မှုရနိုင်ပါတယ်။ စီးပွားရေးမှာ ရွေးချယ်စရာ လုပ်ငန်းနှစ်ခုပေါ်မယ်။ သင့်အတွက် ပိုအဆင်ပြေမယ့်လုပ်ငန်းကို သေချာရွေးသင့်ပါတယ်။ အချစ်ရေး မှာ ကြားလူကြောင့်အထင်လွဲစရာလေးတွေ ပေါ်လိမ့်မယ်။
ယတြာ။ ။ နာမကျန်းဖြစ်နေသူကို ဆေးဝါးဒါနပြုပါ။
၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ
အာရုံတွေအတန်ငယ်ထွေပြားနေတာကြောင့် အလုပ်လေးတွေနှောင့်နှေးကြန့်ကြာနေမယ့်ကာ လဖြစ်ပါတယ်။ ကြိုးစားမှုတွေကို နှစ်ဆတိုးမြှင့်သင့်ပါတယ်။ မိသားစုအတွင်းမှာ သတင်းကောင်း ကြား ရမယ်။ အလှူအတန်းပြုရမယ်။ အချစ်ရေးမှာ စန်းပွင့်နေမယ်။ ချစ်သူမရှိသေးသူများ ချစ်သူတွေ့မယ်။
ယတြာ။ ။ မွေးရက်မှာ ကလေးတွေကို ရွှေရင်အေးတိုက်ကျွေးပါ။
၁၁။ ကုမ်ရာသီဖွား (Aquarius )
ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်းမွေးဖွားသူများ
ရည်ရွယ်ချက်လေးတွေပြည့်မြောက်ဖို့ အတန်ငယ်ရုန်းကန်ပင်ပန်းရဦးမယ့်ကာလဖြစ်ပါတယ်။ အရေးကြီးကိစ္စတွေမှာ တစ်ယောက်တည်းမဆုံးဖြတ်ပါနဲ့။ မိသားစုနဲ့ မိတ်ဆွေကောင်းတွေကို တိုင်ပင် ပြီးမှ ဆုံးဖြတ်သင့်ပါတယ်။ အစုစပ်လုပ်ငန်းတွေမှာ အကျိုးမပေးသေးပါ။ အချစ်ရေးကံကောင်းနေ တတ်တယ်။
ယတြာ။ ။ မွေးရက်မှာ မုန့်ဟင်းခါးဆွမ်းကပ်ပါ။
၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်းမွေးဖွားသူများ
ကွဲကွာနေတဲ့ချစ်သူဟောင်းနဲ့ ပြန်ဆုံပြီး အဟောင်းလေးတွေ အသစ်ဖြစ်လာတတ်တဲ့ကာလ ဖြစ်ပါတယ်။ အချစ်သစ်ကလည်း အစပျိုးနေပြီမို့ ဗျာများပြီး ရွေးချယ်ရခက်နေတတ်ပါတယ်။ နိုင်ငံ ရပ်ခြား ခရီးသွားရတတ်တယ်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးမယ်။ နေအိမ်အပြောင်းအရွှေ့ရှိတယ်။
ယတြာ။ ။ မွေးရက်မှာ လူကြီးမိဘတွေကို အားဆေးကန်တော့ပါ။
သင်နဲ့တိုက်ဆိုင်တာလေးတွေပါနေတယ်ဆိုရင် တခြားသူတွေကိုပါ မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။