ထိုင်းနိုင်ငံကို သွားရောက်လည်ပတ်ကြသူများ ကြိုတင်သိမှတ်ထားသင့်တာလေးတွေ

blank

ထိုင်းနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသည်တွေက “အပြုံးနိုင်ငံ”လို့ ချစ်စနိုးနာမည်ပေးထားရလောက် အောင် ဖော်ရွေပျူငှာမှုတွေနဲ့ ပြည့်နေတဲ့နိုင်ငံဖြစ်ပါတယ်။ ဒါ့အပြင် ဈေးနှုန်းချိုသာပြီး အရသာရှိတဲ့ အစားအသောက်တွေ၊ သွားလာလည်ပတ်စရာတွေ၊ မြင့်မားတဲ့မိုးမျှော်တိုက်ကြီးတွေ၊ ရောင်စုံတက္ကစီ တွေနဲ့ အမြဲစည်ကားသက်ဝင်နေတာက ထိုင်းနိုင်ငံရဲ့အမှတ်အသားလည်းဖြစ်ပါတယ်။ ထိုင်းကိုအ လည် အပတ်သွားမယ်ဆိုရင် တခြားနိုင်ငံနဲ့မတူကွဲပြားပြီး ယဉ်ကျေးမှုအဟောင်းနဲ့အသစ်တို့ရောစပ် ထားတဲ့ အံ့ဖွယ်နိုင်ငံအဖြစ် တွေ့မြင်နိုင်သလို သမိုင်းနဲ့ဘာသာရေးဆိုင်ရာ ပစ္စည်းတွေဝယ်ယူနိုင်တဲ့ ဈေးတွေ၊ ပြခန်းတွေ၊ Spa တွေဆီကနေ စိတ်လှုပ်ရှားပျော်ရွှင်စရာအများအပြားကို သိမြင်ခွင့်ရမှာပါ။ မြို့တော်ရဲ့အမြင့်မြတ်ဆုံးနေရာနှစ်ခုဖြစ်တဲ့ Wat Pho နဲ့ Arun ဆိုတဲ့ ဘုန်းတော်ကြီးကျောင်းနှစ် ကျောင်းနဲ့ နာမည်ကျော် လုမ္ဗိနီရေကန်ကိုလည်း မဖြစ်မနေသွားရောက်လည်ပတ်သင့်ပါတယ်။ ဒီလို စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတဲ့ထိုင်းနိုင်ငံ၊ ဘန်ကောက်ကို သွားရောက်လည်ပတ်မယ်ဆိုရင် တော့ အောက်ပါအကြံပြုချက်လေးတွေကို ကြိုတင်သိမှတ်ထားသင့်ပါတယ်နော်။

၁။ သွားရောက်လည်ပတ်သင့်ဆုံးအချိန်။

အပူအအေးမျှတဲ့ ဒီဇင်ဘာနောက်ဆုံးပတ်နဲ့ ဇန်နဝါရီအစောပိုင်းအချိန်ကို ရွေးချယ်သင့် ပါတယ်။

၂။ သယ်ယူပို့ဆောင်ရေး။

ထိုင်းနိုင်ငံဟာ ပို့ဆောင်ဆက်သွယ်ရေးတိုးတက်ကောင်းမွန်တဲ့နိုင်ငံဖြစ်ပါတယ်။ အဓိကအား ဖြင့် ကားနဲ့ တခြားသောကုန်းလမ်းပို့ဆောင်ရေးယာဉ်တွေကို အသုံးပြုကြပြီး မိုးပျံရထားနဲ့ မြေအောက် ရထားတွေကလည်း မနက် ၆ နာရီကတည်းက စတင်ပြေးဆွဲပေးပါတယ်။ တက္ကစီနဲ့ သုံးဘီးဆိုင်ကယ် လေးတွေကိုလည်း ဈေးနှုန်းညှိနှိုင်းပြီး ငှားရမ်းနိုင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ ရာသီဥတု။

ဧပြီလကတော့ အပူဆုံးလဖြစ်ပြီး အမြင့်ဆုံးအပူချိန်က ၉၅ ဒီဂရီဖာရင်ဟိုက် ( ၃၅ ဒီဂရီစင်တီ ဂရိတ်) ဖြစ်ပါတယ်။ ဒီဇင်ဘာက အအေးဆုံးလဖြစ်ပြီး အမြင့်ဆုံးအပူချိန် ၇၉ ဒီဂရီဖာရင်ဟိုက် ( ၂၆ ဒီ ဂရီစင်တီဂရိတ်) ဖြစ်ပါတယ်။

၎။ သုံးစွဲတဲ့ငွေကြေး။

ထိုင်းနိုင်ငံမှာ ဘတ်ငွေကို သုံးစွဲပါတယ်။

၅။ ဆောင်ရမယ့်အရာများ။ 

– ပြုံးပါ။

– “ဆဝါဒီခ”လို့ နှုတ်ဆက်ပါ။

– ဘုန်းတော်ကြီးတွေကို အရိုအသေပေးပါ။

– ထိုင်းနိုင်ငံဘုရင်ကို လေးစားပါ။

– အိမ်ထဲဝင်တဲ့အခါ ဖိနပ်ချွတ်ပါ။

၆။ ရှေုာင်ကြဉ်ရမယ့် အရာများ။

– ဘုရားသွားတဲ့အခါ တိုပြတ်တဲ့အဝတ်အစားတွေကို မဝတ်ပါနဲ့။

– ထိုင်းနိုင်ငံသားတွေအတွက် ဦးခေါင်းကအထွတ်အမြတ်ထားတဲ့အရာမို့ ခေါင်းမပုတ်မိပါစေနဲ့။

– အရာဝတ္ထုတွေကို ခြေထောက်နဲ့မညွှန်ပြပါနဲ့။

– ရေစိမ်းမသောက်ပါနဲ့။

          ယခုစာစောင်လေးကို အခြားသူတွေပါ ဖတ်ရအောင် ပြန်လည်မျှဝေဖို့ SHARE လိုက်ပါဦးနော်။