ဘယ်မိဖုရားက ဘုရင်ကြီးအပေါ် အချစ်ဆုံးလဲ

blank

ရှေးရှေးတုန်းက ချမ်းသာကြွယ်ဝတဲ့ ဘုရင်ကြီးတစ်ပါးမှာ မိဖုရား ၄-ပါး ရှိပါတယ်။ ဘုရင်ကြီး ဟာ ၄-ပါးမြောက် မိဖုရားလေးကို အချစ်ဆုံးနဲ့ အရေးပေးဆုံးဖြစ်ပြီး ကြင်ကြင်နာနာ အမြဲဆက်ဆံပါ တယ်။ အဲ့ဒီမိဖုရားလေးအတွက်ဆိုရင် အကောင်းဆုံးဆိုတဲ့အရာတွေကိုပေးနိုင်ဖို့ ဘုရင်ကြီး အမြဲကြိုး စားလေ့ရှိတယ်။

၃-ပါးမြောက် မိဖုရားကိုလည်း ဘုရင်ကြီးက သိပ်မြတ်နိုးရှာတာပါပဲ။ အဲ့ဒီမိဖုရားကိုတော့ အိမ် နီးချင်းနိုင်ငံတွေကို ပြသဖို့ ပွဲထုတ်တတ်တယ်။ ဘုရင်ကြီးအတွက် သူမက ပွဲတက်မိဖုရားဖြစ်ပါတယ်။ သူမကို ချစ်မြတ်နိုးလွန်းတဲ့အတွက် သူမထားခဲ့မှာစိုးလို့ ဘုရင်ကြီးခမျာ အစစအရာရာမှာ သူမကို ဦး စားပေးခဲ့တယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒုတိယမြောက် မိဖုရားကိုလည်း ဘုရင်ကြီးက ချစ်တော်မူပါတယ်။ အဲ့ဒီမိဖုရားလေးကို ဘုရင် ကြီးက အမြဲတမ်းယုံကြည်တယ်။ သူမကလည်း ကြင်နာတတ်သလို ဘုရင်ကြီးနဲ့ပတ်သက်ပြီးတော့ လည်း စိတ်ရှည်သည်းခံပြီး ထည့်စဉ်းစားပေးတတ်တယ်။ ဘုရင်ကြီး ပြဿနာတစ်ခုခုနဲ့ ရင်ဆိုင်ရချိန် တိုင်းလည်း သူမက ကူညီဖြေရှင်းပေးတတ်တယ်။ ခက်ခဲချိန်တွေကို အတူအဖော်ပြု ဖြတ်သန်းပေး တတ်ပါတယ်။

ပထမဆုံးမိဖုရားကတော့ ဘုရင်ကြီးရဲ့ ပိုင်ဆိုင်မှုတွေကို အမြဲကူညီသိမ်းဆည်းပေးတဲ့ သစ္စာ အရှိဆုံး လက်တွဲဖော်ပဲဖြစ်ပါတယ်။ အဲ့ဒီမိဖုရားက ဘုရင်ကြီးကို နက်နက်နဲနဲချစ်မြတ်နိုးရှာပေမဲ့ ဘုရင် ကြီးကတော့ သူမကို သိပ်သတိမထားဖြစ်ပါဘူး။ အမှုမဲ့အမှတ်မဲ့ပဲ နေခဲ့ပါတယ်။

တစ်နေ့မှာတော့ ဘုရင်ကြီးဟာ ပြင်းပြင်းထန်ထန်နေထိုင်မကောင်းဖြစ်ပြီး လူ့ပြည်လူ့ရွာမှာ အ သက်ရှင်နေထိုင်ခွင့် အချိန်တိုတိုလေးပဲ ကျန်ကြောင်း သိလိုက်ရပါတယ်။ ဒါနဲ့ ဘုရင်ကြီးဟာ မိမိရဲ့ ဘဝကို ပြန်ဆင်ခြင်သုံးသပ်ကြည့်တော်မူပါတယ်။ ဘုရင်ကြီးမှာ မိဖုရား၎-ပါးတောင် ပိုင်ဆိုင်ထားတဲ့ အတွက် နတ်ရွာစံတဲ့အခါ တစ်ပါးတည်း မထွက်ခွာသွားချင်ပါဘူး။

ဒါနဲ့ ဘုရင်ကြီးက ၄-ပါးမြောက် မိဖုရားကို မေးလိုက်ပါတယ်။

“ ကဲ… မိဖုရားငယ်လေး ကျွန်ုပ်ဘဝမှာ  သင့်ကို အချစ်ဆုံးဖြစ်ခဲ့တယ်။ ပေးနိုင်သမျှ စည်းစိမ် ချမ်းသာတွေအားလုံးကို ပုံအောပေးခဲ့သလို အများကြီးလည်း ဂရုစိုက်ခဲ့တယ်။ အခု ကျွန်ုပ် နတ်ရွာစံ ရတော့မယ်။ ဒီတော့ သင့်အနေနဲ့ ကျွန်ုပ်နောက်ကိုလိုက်ပြီး ကျွန်ုပ်ကို ဆက်လက်အဖော်ပြုပေးနိုင်မ လား ”

“ မဖြစ်နိုင်ပါဘူး အရှင် ” လို့ မိဖုရားငယ်လေး ချက်ချင်းတုံ့ပြန်တယ်။ ပြောပြီးတာနဲ့ ဘာမှ ထပ် မပြောတော့ဘဲ ထွက်သွားတဲ့အတွက် ဘုရင်ကြီးခမျာ နှလုံးသားကို ဓားထက်ထက်နဲ့ အမွှန်းခံရသလို ခံစားလိုက်ရရှာတယ်။

ဒါပေမဲ့ ဘုရင်ကြီးဟာ အားမလျှော့ဘဲ ၃-ပါးမြောက် မိဖုရားကို မေးပြန်ပါတယ်။

“ ကျွန်ုပ်မှာ ရှိတာတွေအကုန်ပေးပြီး သင့်ကို ဆင်ယင်ပေးခဲ့တယ်။ ပွဲထုတ်ပေးခဲ့တယ်။ အခု ကျွန်ုပ်နတ်ရွာစံရတော့မယ်။ ဒီတော့ သင့်အနေနဲ့ ကျွန်ုပ် နောက်ကိုလိုက်ပြီး အဖော်ပြုပေးနိုင်မလား ”

“ မလိုက်နိုင်ပါဘူး အရှင်။ ဘဝက သိပ်ပျော်စရာကောင်းတဲ့အတွက် အရှင်မရှိတော့တဲ့အခါ ကျွန်မလည်း နောက်အိမ်ထောင်ပြုပြီး ဆက်နေရမှာပဲ ”လို့ ပြန်ပြောတယ်။ ဘုရင်ကြီးဟာ မိဖုရားရဲ့ အဖြေကြောင့် ချောက်နက်နက်ထဲကို ထိုးကျသွားသလို ခံစားလိုက်ရရှာတယ်။ ဒါပေမဲ့ ဇွဲမလျှော့သေး တဲ့ ဘုရင်ကြီးဟာ ဒုတိယမြောက် မိဖုရားကို ချဉ်းကပ်တောင်းဆိုပြန်ပါတယ်။

“ သင်ဟာ ကျွန်ုပ်အပေါ် အမြဲကူညီခဲ့တယ်။ ကောင်းခြင်းတွေကို ပေးခဲ့တယ်။ ကျွန်ုပ်အတွက် ဆို အမြဲတမ်းရှိနေပေးခဲ့တယ်။ ဒါကြောင့် ကျွန်ုပ်နတ်ရွာစံတဲ့အခါ ကျွန်ုပ်နောက်ကိုလိုက်ပြီး ဆက်လက် အဖော်ပြုပေးနိုင်မလား ”

ဒီစကားကြားရတဲ့အခါမှာ ဒုတိယမြောက်မိဖုရားက သက်ပြင်းရှိုက်ရင်းနဲ့ “ ကျွန်မ သိပ်ဝမ်းနည်း ပါတယ် အရှင်။ ဒါပေမဲ့ ဒီတစ်ခါတော့ အရှင့်ကို ကျွန်မ မကူညီနိုင်တော့ပါဘူး ” လို့ တုံ့ပြန်တယ်။

တစ်ဆက်တည်းမှာပဲ “ ဒါပေမဲ့ အရှင်နတ်ရွာစံသွားတဲ့အခါ အရှင့်ကို ကျွန်မသေချာ မြေမြုပ် သင်္ဂြိုဟ်ဖို့ စီစဉ်ပေးပါ့မယ် ”လို့ ကတိပေးရှာတယ်။ အဲ့ဒီအဖြေကို ကြားလိုက်ရတဲ့ ဘုရင်ကြီးဟာ ခေါင်း ငိုက်စိုက်ကျသွားရှာတော့တယ်။

အဲ့ဒီအချိန်မှာပဲ …

“ အရှင်သွားရာနောက်ကိုလိုက်မယ့် ကျွန်မ ရှိပါသေးတယ် အရှင် ” ဆိုတဲ့ အသံတစ်သံကို ဘု ရင်ကြီးကြားလိုက်ရတယ်။ အသံရှင်ကို ရှာဖွေကြည့်လိုက်တဲ့အခါမှာ ဘုရင်ကြီးဟာ ပထမမြောက် မိဖု ရားကို တွေ့လိုက်ရပါတော့တယ်။ သူမဟာ ဘုရင်ကြီးအသက်ရှင်နေစဉ်တလျှောက် အမှုမထားခြင်း၊ လျစ်လျူရှုခံခဲ့ရခြင်းတို့ကြောင့် ပိန်လှီဖျော့တော့ပြီး နာမကျန်းခြင်းကို ခံစားနေရရှာတယ်။

သူမကို ကြည့်ပြီး ဘုရင်ကြီးက “ ကြည့်စမ်းပါဦးကွယ်… ကျွန်ုပ် အသက်ရှင်နေတုန်း၊ ကျွန်ုပ်မှာ အခွင့်အရေးတွေရှိစဉ်တုန်းမှာ ကျွန်ုပ်ကိုသေရွာအထိ လိုက်ပါအဖော်ပြုပေးမယ့် သင့်အပေါ် ဂရုမစိုက် ဘဲ ပစ်ထားခဲ့မိတာ ကျွန်ုပ်သိပ်မှားသွားခဲ့ပါပြီ ”လို့ နောင်တရစွာရေရွတ်ရင်း ဝမ်းနည်းပူဆွေးခြင်းကြီး စွာနဲ့ ငိုကြွေးပါတော့တယ်။

တကယ်တော့ လူသားတွေရဲ့ဘဝမှာလည်း ဇနီး ၄-ယောက်ရှိပါတယ်။ အဲ့ဒီထဲက ၄-ယောက် မြောက်ဇနီးက ခန္ဓာကိုယ်နဲ့တူပါတယ်။ အသက်ရှင်နေခိုက်မှာ ခန္ဓာကိုယ်ကို ကြည့်ပျော်အောင်၊ လှပ အောင် ဘယ်လောက်ပဲ အချိန်တွေအများကြီးပေးပြီး ကြိုးစားပါစေ၊ အဲ့ဒီအလှအပတွေကို သေရွာအ ထိ ယူဆောင်သွားလို့ မရပါဘူး။ ချန်ထားပစ်ခဲ့ရတာပါပဲ။

တတိယမြောက်ဇနီးကတော့ ပိုင်ဆိုင်မှု၊ အဆင့်အတန်းနဲ့ ချမ်းသာကြွယ်ဝမှုတွေနဲ့ တူပါတယ်။ အဲ့ဒီအရာတွေကတော့ သေလွန်တဲ့အခါ တခြားသူတွေလက်ထဲကို ရောက်သွားကြပါတယ်။

ဒုတိယမြောက်ဇနီးကတော့ မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ တူပါတယ်။ ဘဝတလျှောက် အနိမ့်အမြင့်အတက်အကျချိန်တွေတိုင်းမှာ နံဘေးမှာအတူရှိနေပေးကြပေမဲ့ သေလွန်တဲ့အခါမှာတော့ အဖော်မပြုပေးနိုင်ပါဘူး။ သူတို့ဘက်က အပေးနိုင်ဆုံးအကူအညီက ကျန်ရစ်တဲ့ရုပ်အလောင်းကို ကောင်းမွန်စွာ မြေမြုပ်ပေးခြင်းမျှသာပါပဲ။

ပထမမြောက်ဇနီးကတော့ စိတ်နဲ့တူပါတယ်။ လူတွေဟာ အသက်ရှင်နေခိုက်မှာ  ချမ်းသာ ကြွယ်ဝမှု၊ ရာထူးအာဏာတွေနဲ့ ကမ္ဘာပေါ်မှာ ရှိသမျှ ကောင်းတဲ့အရာတွေနောက်ကို တကောက် ကောက်လိုက်ပါရင်းနဲ့ စိတ်ကိုဂရုစိုက်ဖို့ လျစ်လျူရှုခဲ့မိကြတယ်။ ဒါပေမဲ့ တကယ်တမ်း လောကကြီး ထဲက အပြီးတိုင်ထွက်ခွာသွားမယ်ဆိုတဲ့အခါ တစ်ပါတည်းအဖော်ပြုလိုက်ပါပေးမှာက “ စိတ်” ပဲဖြစ် ပါတယ်။ ဒါကြောင့် အသက်ရှင်နေခိုက်မှာ မိမိတို့ရဲ့စိတ်ကို အကောင်းဆုံးဖြစ်အောင်၊ အလှပဆုံး ဖြစ်အောင် ပြုစုစောင့်ရှောက်ပေးဖို့လည်း အရေးကြီးလှပါတယ်ဆိုတာကို ပုံပြင်လေးက မီးမောင်း ထိုးပြသွားပါတယ်။

ပုံပြင်လေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။