ယာဉ်ကြောပိတ်ပြီး ကားကြပ်တဲ့အချိန်မှာ ကားထဲကနေ သင်ဘာလုပ်နိုင်မလဲ

blank
Beautiful young business asian woman using laptop in a car

ဂန္ထဝင်ပရိသတ်ကြီးရေ…။ ယာဉ်ကြောပိတ်ဆို့မှုတွေကြုံနေရတာဟာ စိတ်ညစ်စရာ သိပ်ကောင်းတယ်မဟုတ်လား။ တစ်နေရာနဲ့ တစ်နေရာသွားဖို့ ကားထဲမှာပဲ အချိန်တွေကုန်ဆုံးနေရတယ်။ ယာဉ်တန်းကြီးကိုကြည့်ပြီး စိတ်တိုဒေါသထွက်နေရတယ် မဟုတ်လား။

ဒီလို ယာဉ်ကြောပိတ်ဆို့နေတဲ့အချိန်မှာ ဒေါသထွက်ပြီး ကားထဲမှာ ငုတ်တုတ်ထိုင်မနေဘဲ ကိုယ့်အတွက် အကျိုးရှိအောင်၊ အပျင်းပြေအောင် ဘယ်လိုအလုပ်လေးတွေ လုပ်နေလို့ရလဲဆိုတာ စဉ်းစားကြည့်ရအောင်။

ယာဉ်ကြောပိတ်ဆို့မှုကြောင့် ကားပေါ်မှာ အချိန်အကြာကြီးထိုင်နေရတဲ့အခါ

၁။ စာအုပ်ဖတ်နိုင်တယ်။

၂။ စာရေးစရာရှိရင် ရေးနိုင်တယ်။

၃။ မိတ်ကပ်ပြင်လို့ရတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ အင်တာနက်ကနေ makeup tutorial တွေ ကြည့်နိုင်တယ်။

၅။ တစ်နေ့တာအတွက် ဘာစားမလဲဆိုတာ စဉ်းစားနိုင်တယ်။

၆။ လာမယ့် အားလပ်ရက်အတွက် အစီအစဉ်ဆွဲနိုင်တယ်။

၇။ ကားထဲက ရှုပ်နေတဲ့အရာတွေကို ရှင်းလင်းနိုင်တယ်။

၈။ အဝေးမှာ ရောက်နေတဲ့မိဘတွေနဲ့ ဖုန်းပြောနိုင်တယ်။

၉။ သူငယ်ချင်းတွေဆီ ဆက်သွယ်နိုင်တယ်။

၁ဝ။ အီးမေးလ်တွေ စစ်ပြီး အလုပ်ကိစ္စတွေ ကြိုတင်စီစဉ်နိုင်တယ်။

၁၁။ တရားမှတ်နိုင်တယ်။

၁၂။ ရုပ်ရှင်တွေ ကြည့်နိုင်တယ်။

၁၃။ သီချင်းနားထောင်နိုင်တယ်။

၁၄။ ရေဒီယိုအစီအစဉ်တွေကို ကောင်းကောင်း နားဆင်နိုင်တယ်။

ကဲ… ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် ကားထဲမှာ ထိုင်ပြီး ဒေါသထွက်၊ စိတ်ညစ်မနေပါနဲ့တော့နော်။ စိတ်ဖိစီးမှုများရင် အလှပျက်တတ်တယ်လေ။ အဲဒီအစား အထက်မှာ ဖော်ပြထားတဲ့ လုပ်ရပ်လေးတွေကို လုပ်ပြီး ယာဉ်ကြောပိတ်ဆို့မှုကို လှလှပပကျော်ဖြတ်လိုက်ရအောင်လားရှင်။

ယာဉ်ကြောပိတ်ဆို့မှုတွေကို မကြာခဏကြုံနေရတယ်ဆိုရင် ဒီစာစောင်လေးကို SHARE လိုက်ပါ။