မေ့တတ်တဲ့အကျင့်ကြောင့် စိတ်ဒုက္ခရောက်နေပြီလား။ ဒီနည်းလမ်းလေးတွေကို သုံးကြည့်လိုက်ပါ။

blank

မကြာခဏမေ့တတ်နေပြီလား။ ပစ္စည်းတွေ ဘယ်နားထားမိမှန်းမသိလို့ မကြာခဏပျောက်တတ်သလား။ မပူပါနဲ့။ ဒီလိုဒုက္ခတွေကနေကင်းဝေးဖို့ နည်းလမ်းလေးတွေကို ဂန္ထဝင်စာဖတ်ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ စာရွက်ပေါ်မှာ ချရေးပါ။

မှတ်သားထားတဲ့အရာတွေကို လိုအပ်တဲ့အချိန်မှာ အလွယ်တကူပြန်လည်ရှာဖွေနိုင်ဖို့ အရာရာကို ချရေးထားပါ။ ဒီလို ချရေးခြင်းက ဦးနှောက်ရဲ့ မှတ်ဉာဏ်စွမ်းအားကို ပိုမိုတိုးတက်စေ ပါတယ်။

၂။ စနစ်တကျမှတ်သားပါ။

သော့တွေနဲ့ မျက်မှန်တွေလို အမြဲတမ်းအသုံးပြုနေတဲ့အရာတွေကို သိမ်းဆည်းတဲ့အခါ ရှာရဖွေရလွယ်အောင် စနစ်တကျနဲ့ သတ်သတ်မှတ်မှတ် သိမ်းဆည်းသလိုပဲ အမြဲတမ်းမှတ်မိနေ သင့်တဲ့ မှတ်ဉာဏ်တွေကိုလည်း စနစ်တကျနဲ့ တစ်နေရာတည်းမှာ မှတ်သားထားပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ သိသာထင်ရှားတဲ့ ပုံရိပ်လေးတစ်ခုနဲ့အတူ မှတ်သားပါ။

ဥပမာ- ကားဘယ်နားလေးမှာ ရပ်ထားခဲ့တာလဲဆိုတာကို မေ့တတ်တယ်ဆိုရင် ကားပါကင်အရောင်လေးကို မှတ်ထားပါ။ အစိမ်းရောင်ဆိုရင် သစ်ပင်အောက်မှာ ရပ်နေတဲ့ပုံရိပ်လေးကို တွဲပြီး မြင်ယောင်လိုက်ပါ။ မှတ်ဉာဏ်စွမ်းရည်တွေ တိုးပွားလာမှာပါ။

၎။ ဖုန်းထဲမှာ အချိန်ဇယားဆွဲပြီး မှတ်ထားပါ။

ခေတ်မီတိုးတက်နေတဲ့ နည်းပညာတွေကိုအားကိုးပြီး ဖုန်း၊ tablet၊ laptop တွေထဲမှာ နေ့ရက်တိုင်း၊ ဖြစ်စဉ်တိုင်းကို ကြိုတင်အချိန်ဇယားဆွဲပြီး မှတ်သားထားပါ။ အချိန်နဲ့တပြေးညီ သတိပေးနေတဲ့စနစ်ကြောင့် မေ့မှာမစိုးရိမ်ရတော့ပါဘူး။

အထက်ပါနည်းလမ်းလေးတွေက မေ့တတ်တဲ့သူတွေအတွက် အသုံးဝင်မယ့် နည်းလမ်းကောင်းလေးတွေ ဖြစ်မယ်လို့ ယုံကြည်ပါတယ်ရှင်။

မှတ်သားစရာရရှိလိုက်တယ်ဆိုရင် SHARE ပေးပါဦးနော်။