သင့်ရာသီခွင်ကပြောပြနေတဲ့ သင့်မက်ဆေ့ဂ်ျပို့အမူအကျင့်လေးအကြောင်း

blank
၁။ မိဿရာသီဖွား (Aries )
မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

မိဿရာသီဖွားတွေဟာ မက်ဆေ့ခ်ျလေးတွေ အမြဲကောင်းကောင်းမွန်မွန်ပို့ခြင်းနဲ့ သူတို့ ချစ်ခြင်းမေတ္တာကို ပြသလေ့ရှိကြပါတယ်။ အချစ်ရေးနဲ့ပတ်သက်လာရင် စိတ်မများတတ်ကြဘူး။ စာအသုံးအနှုန်း၊ စာလုံးပေါင်းတွေကအစ ဂရုစိုက်တတ်ကြပြီး ရိုးသားပွင့်လင်းမှုလည်း ရှိကြတယ်။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

ပြိဿရာသီဖွားတွေရဲ့ မက်ဆေ့ဂ်ျတွေက သူတို့ဘယ်လိုလူစားမျိုးဆိုတာကို ဖော်ပြနေပါ တယ်။ သူတို့ဟာ နွေးထွေးပြီး ဖော်ရွေတယ်။ တစ်ခါတရံ တစ်ဖက်သားနဲ့ စကားမပြောချင်သလို ထင်ရပေမဲ့ တကယ်တမ်းက အဲ့ဒီလိုမဟုတ်ပါဘူး။ ပြိဿရာသီဖွားတွေဟာ သူတို့ရဲ့ ခံစားမှုကို စ တစ်ကာရုပ်လေးတွေနဲ့ ကိုယ်စားပြုဖော်ပြရတာမျိုးကို နှစ်သက်ကြတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ(၂၂)မှ ဇွန်လ (၂၁)အတွင်း မွေးဖွားသူများ
          မေထုန်ရာသီဖွားတွေဟာ မက်ဆေ့ဂ်ျမှာ အဓိကအချက်တွေပါအောင် ပြည့်ပြည့်စုံစုံရေးတတ် ကြသလို ဦးတည်ချက်ကိုရောက်အောင်လည်း အပြည့်အဝအာရုံစိုက်တတ်ကြတယ်။ စာအစမှာ က လေးဆန်တာတွေ၊ စိတ်ကူးယဉ်ဆန်တာတွေနဲ့ စတင်တတ်ကြပေမဲ့ နောက်ဆုံးကျရင်တော့ လက် တွေ့ဆန်မှုနဲ့ပဲ အဆုံးသတ်တတ်ကြတယ်။ မေထုန်ရာသီဖွားတွေဟာ နားလည်ရခက်တယ်။ သစ္စာ ရှိတယ်။ တစ်ဖက်သားအပေါ် နှစ်သက်တယ်ဆိုရင် တစ်ဖက်သားကို သေချာစာပြန်တတ်ပေမဲ့ တချိန် လုံးစာပို့နေရတာကိုတော့ မကြိုက်ကြပါဘူး။
၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) ရက်မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

ကရကဋ်ရာသီဖွားတွေဟာ ပြောချင်တဲ့စကားကို ချက်ချင်းမပြောဘဲ စာအုပ်တစ်အုပ်ဖတ်ရနေ သလို မဆုံးနိုင်အောင် တရှည်တလျားမက်ဆေ့ဂ်ျပို့တတ်ကြပါတယ်။ စာရေးကောင်းသူတွေဖြစ်ပြီး ပြောချင်တာကို အရေးအသားကောင်းကောင်းနဲ့ စိတ်ရှည်လက်ရှည်ရေးတတ်ကြပါတယ်။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) ရက်မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ
          သိဟ်ရာသီဖွားတွေကတော့ မက်ဆေ့ဂ်ျပို့တဲ့အခါ စကားလုံးရှည်ရှည်ဝေးဝေးသုံးရတာကို နှစ် သက်ကြတဲ့သူတွေမဟုတ်ပါဘူး။ ကောင်းတာဖြစ်စေ၊ ဆိုးတာဖြစ်စေ လိုရင်းတိုရှင်းနဲ့ လေးလေးနက် နက်ရေးသားတတ်ကြပါတယ်။ ဒါပေမဲ့ ဒီအလေ့အကျင့်ကြောင့်လည်း မိတ်ဆွေသူငယ်ချင်းတွေရဲ့ လေးစားမှုကို ရရှိထားပါတယ်။
၆။ ကန်ရာသီဖွား (Virgo )
သြဂုတ်လ (၂၄) ရက်မှ စက်တင်ဘာလ (၂၃) အတွင်းမွေးဖွားသူများ

ကန်ရာသီဖွားတွေကတော့ စာကိုမရှိမဖြစ်အနေနဲ့ အလေးအနက်ထားပြီး ပြန်တတ်ပါတယ်။ တစ်ဖက်သားနဲ့ နားလည်မှုလွဲမှာကို ကန်ရာသီဖွားတွေက မလိုလားကြတဲ့အတွက် တစ်ခါတရံ မက် ဆေ့ဂ်ျသာမက ဖုန်းပါဆက်တတ်ပါတယ်။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

တူရာသီဖွားတွေကတော့ အမေးအမြန်းထူသူတွေဖြစ်ပါတယ်။ သူတို့နဲ့လိုက်လျောညီထွေရှိဖို့ ဆိုရင် တစ်ဖက်သားက သူတို့မေးခွန်းတွေကို သေချာပြန်ဖြေဖို့လိုပါတယ်။ တစ်ဖက်သားမေးခွန်းကို သူတို့မကြိုက်ဘူးဆိုရင်လည်း လျစ်လျူရှုထားတတ်ပါတယ်။

၈။ ဗြိစ္ဆာရာသီဖွား (Scorpio)       
အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၂) ရက်အတွင်းမွေးဖွားသူများ

ဗြိစ္ဆာရာသီဖွားတွေဟာ စာတိုင်းကို လိုက်လျောညီထွေနဲ့ မပြန်တတ်ကြပါဘူး။ ဒါပေမဲ့ သူတို့ကို ပို့တဲ့စာထဲမှာ ပြန်သင့်တဲ့စာတွေကိုတော့ လေးလေးနက်နက်နဲ့ ချက်ချင်း ပြန်တတ်ကြပါတယ်။ သူတို့ လေးလေးနက်နက် ရေးလိုက်တဲ့စာကိုလည်း တစ်ဖက်သားက ချက်ချင်းပြန်မှ သဘောကျတတ်ကြပါ တယ်။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

        မိတ်ဆွေပီသခြင်း၊ ချစ်ခင်ကြင်နာတတ်ခြင်းနဲ့ ဆက်ဆံရေးကောင်းသူတစ်ယောက်ဖြစ်ပါတယ်။ ဓနုရာသီဖွားတွေဟာ လေးနက်တဲ့ပေါင်းသင်းဆက်ဆံရေးကို တည်ဆောက်ချင်သူတွေဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး နွေးထွေးသူတွေဖြစ်ကြပါတယ်။ သူတို့ရဲ့မက်ဆေ့ဂ်ျတွေထဲမှာ စိတ်ဓာတ်တက်ကြွ စရာစကားလုံးတွေ အများအပြားပါဝင်နေလေ့ရှိတယ်။

၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

မကာရရာသီဖွားတွေဟာ မက်ဆေ့ဂ်ျကိုဆန့်ကျင်တဲ့သူတွေတော့မဟုတ်ပါဘူး။ သူတို့ဘက်က စတင်ပြီး မက်ဆေ့ဂ်ျမပို့တတ်ကြသူတွေသာ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ဖက်သားဆီက မက်ဆေ့ဂ်ျကို လက်ခံရရှိတယ်ဆိုရင်တော့ မှတ်သားစရာ၊ ပျော်ရွှင်စရာလေးတွေနဲ့ ချိုချိုသာသာ စာပြန်တတ်ကြပါ တယ်။ သူတို့ကို စာပို့မယ်ဆိုရင် ဘယ်တော့မှ အချည်းနှီးမဖြစ်ဘဲ ထိုက်တန်တဲ့ရလဒ်ကို ပြန်ရရှိနိုင်ပါ တယ်။

၁၁။ ကုံရာသီဖွား (Aquarius )
ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ(၁၉) တွင်းမွေးဖွားသူများ

ကုံရာသီဖွားတွေဟာ မက်ဆေ့ဂ်ျပို့တဲ့အခါ မတူညီတဲ့စကားလုံးအမျိုးမျိုးကို အချိတ်အဆက် လေးတွေနဲ့ ပို့တတ်တယ်။ သူတို့ဟာ အကြောင်းအရာအမျိုးမျိုးကို စိတ်ဝင်စားကြပြီး စကားလုံးတွေကို အလှဆင်ဖို့လည်း စိတ်အားထက်သန်ကြတယ်။ သူတို့က ပျော်ရွှင်ဖို့ရည်ရွယ်ပေမဲ့ တစ်ဖက်သားအ တွက်တော့ သူတို့စကားလုံးတွေကြောင့် ရှုပ်ထွေးမှုတွေခံစားကြရလေ့ရှိတယ်။

၁၂။ မိန်ရာသီဖွား (Pisces )
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

မိန်ရာသီဖွားတွေဟာ သူတို့ချစ်ခင်သူတွေနဲ့ဆို နာရီများစွာ အချိန်ပေးပြီး စကားပြောချင်တဲ့ ဆန္ဒရှိကြတယ်။ ပြီးပြည့်စုံတဲ့စကားလုံးတွေကို သေချာရွေးချယ်သုံးနှုန်းတတ်သလို ကဗျာဆန်တဲ့ စ ကားလုံးတွေကို ကြိုက်ကြတယ်။ ဒါပေမဲ့ စစ်မှန်ပြီး ရိုးသားတဲ့စကားလုံးတွေဖြစ်ဖို့တော့ အထူးဂရုစိုက် တတ်ကြတယ်။