လောကဓံရဲ့ ကျီစယ်မှုတွေကြားမှာ ဟန်မပျက်ရှင်သန်နေထိုင်နိုင်စေဖို့

blank

၁။ လက်ရှိမှာ ပိုင်ဆိုင်ထားတဲ့ သင့်ဘဝအခြေအနေ၊ အဖြစ်အပျက်၊ ကံတရားတွေ၊ ခံစားမှုတွေကို လက်ခံလိုက်ပါ။

၂။ ဒေါသတွေကို ထိန်းချုပ်ပါ။ စိတ်ရှည်သည်းခံပါ။ စိတ်ကို တည်ငြိမ်အောင်ထားပါ။

၃။ သင့်ရဲ့ ပင်ကိုယ်ပုံစံအတိုင်းပဲနေပါ။ သင့်ခံစားချက်တွေကို ထုတ်ဖော်ပြသပါ။ လိုအပ်တဲ့အကူအညီတွေကို တောင်းဆိုပါ။

၎။ ကြုံတွေ့လာရမယ့် အဆိုးဆုံးအခြေအနေတွေအတွက် အစစအရာရာ ကြိုတင်ပြင်ဆင်ထားပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ သင့်ရဲ့ ကိုယ်ပိုင်အစွမ်းအစနဲ့ အရည်အချင်းတွေကို ယုံကြည်ပါ။

၆။ အခက်အခဲတွေ ဘယ်လောက်ကြုံကြုံ ကိုယ့်ကိုယ်ကို တိုးတက်အောင် တွေးတောကြံဆနေပါ။ ပြဿနာတွေကြားကနေ အခွင့်အရေးတွေကို ရအောင် ဖမ်းဆုပ်ပါ။

၇။ သင်ဆုံးရှုံးလိုက်ရတဲ့ အရာတွေကို ပြန်စဉ်းစားရင်း ဝမ်းနည်းနေမယ့်အစား သင့်မှာပိုင်ဆိုင်ထားတဲ့ အရာတွေကို အာရုံစိုက်ပါ။

၈။ သင့်ဘဝအတွက် သင်ကိုယ်တိုင်တာဝန်ယူပြီး အကောင်းဆုံးကြိုးစားလိုက်ပါ။ သူတစ်ပါးကို မမှီခိုပါနဲ့။

၉။ သင့်ဘဝကို အကျိုးဖြစ်ထွန်းအောင်လုပ်ဖို့ အကောင်းဆုံးနည်းလမ်းကို ရှာဖွေပါ။

၁ဝ။ သင့်ကို စိတ်ခွန်အားပေးမယ့်သူ၊ ချီးမွမ်းမယ့်သူ တစ်ယောက်လောက်တော့ သင့်ဘေးမှာ ရှိကို ရှိနေသင့်ပါတယ်။ အရေးကြီးတဲ့အချိန်တွေမှာ သင့်အတွက်အမြဲရှိနေဖို့ ယုံကြည်ရမယ့်သူတစ်ယောက်ယောက်ကို ရွေးချယ်ပါ။

ကြိုက်နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။