တွဲဖက်မစားသင့်ပေမဲ့ လူအများစု တွဲဖက်စားနေကြဆဲဖြစ်တဲ့ သစ်သီးများနဲ့ အစားအစာများ

blank

၁။ ငှက်ပျောသီးနဲ့ ပူတင်း

ငှက်ပျောသီးနဲ့ ပူတင်းaကိုတွဲစားလိုက်တဲ့အခါ အစာချေဖျက်ရခက်ခဲပြီး မအီမလည် ဖြစ်တတ်ပါတယ်။ အခန့်မသင့်ရင် အစာအဆိပ်သင့်စေနိုင်တာကြောင့် ကလေးငယ်တွေကို မကျွေးသင့်ပါဘူး။

၂။ ခါကြက်ဥနဲ့ လိမ္မော်သီး

ခါကြက်ဥနဲ့ လိမ္မော်သီးကို တွဲဖက်စားသုံးမိတဲ့အခါ ရင်ပူတာတွေ၊ လေပျို့တာတွေ၊ သည်းခြေရည်ပိုမိုစစ်ထုတ်တာတွေဖြစ်တတ်ပါတယ်။ ပမာဏများရင်များသလို ကျောက်ကပ်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။

၃။ နာနတ်သီးနဲ့ နွားနို့

နာနတ်သီးမှာ နွားနို့နဲ့ လုံးဝဓာတ်မတည့်တဲ့ bromelain ဆိုတဲ့ဓာတ်တစ်မျိုးပါဝင်ပါတယ်။ တွဲဖက်စားမိတာနဲ့ ခေါင်းကိုက်ခြင်း၊ အစာအိမ်နာကျင်ခြင်း၊ ပျို့အန်ခြင်း၊ မကြာခဏဆီးသွားခြင်း စတဲ့ရောဂါတွေ ဖြစ်စေနိုင်တဲ့အပြင် ကလေးတွေအတွက် အသက်အန္တရာယ်ထိခိုက်စေတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

၎။ သံပရိုသီးနဲ့ သင်္ဘောသီး

သံပရိုသီးနဲ့ သင်္ဘောသီးကို တွဲဖက်စားမိရင် ရုတ်တရက်သွေးအားနည်းခြင်း၊ ဟေမိုဂလိုဘင် ပမာဏလျော့ကျခြင်းတို့ဖြစ်တတ်ပါတယ်။ ပြင်းထန်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် ကလေးတွေကို ဒီသစ်သီးတွေ တွဲဖက်မကျွေးမိအောင် ရှောင်ကြဉ်ပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ ငှက်ပျောသီးနဲ့ မာလကာသီး

ငှက်ပျောသီးနဲ့ မာလကာသီးကို တွဲဖက်စားသုံးတဲ့အခါ အစာအိမ်အတွင်းမှာ အက်ဆစ်ဓာတ်တွေ ဖြစ်လာပြီး လေနာခြင်း၊ ပျို့အန်ခြင်းနဲ့ ခေါင်းမူးခေါင်းကိုက်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

၆။ နွားနို့နဲ့ လိမ္မော်သီး

နွားနို့နဲ့ လိမ္မော်သီးကို တွဲဖက်စားသုံးမိတဲ့အခါ  အစာမကျေဖြစ်စေနိုင်ပြီး အခြားကျန်းမာရေးဆိုင်ရာ ပြဿနာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။

၇။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များ

သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို ဘယ်တော့မှာတွဲဖက်မစားပါနဲ့။ သစ်သီးတွေမှာ သကြားဓာတ်များစွာပါဝင်ပြီး အစာအိမ်အတွင်းမှာ ကျေအောင်ချေဖျက်ဖို့ ခက်တာကြောင့် အချဉ်ပေါက်သွားတတ်ပြီး ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်းနဲ့ အစာအိမ်နာကျင်ခြင်းတို့ဖြစ်စေနိုင်ပါတယ်။

တွဲဖက်မစားသင့်တဲ့ သစ်သီးတွေနဲ့ အစားအစာတွေကို သိပြီးတဲ့နောက်မှာ တွဲဖက်စားသင့်တဲ့ သစ်သီးတွေကို ဆက်လက်လေ့လာကြည့်ရအောင်။ တွဲဖက်စားလို့ရတဲ့သစ်သီးတွေကို အုပ်စုအလိုက်ခွဲခြားပြထားပါတယ်။

၁။ Sweet – အရသာချိုပြီး အက်ဆစ်မပါတဲ့အသီးတွေကို စိတ်ချစွာတွဲဖက်စားသုံးနိုင်ပါတယ်။ ဥပမာ – ငှက်ပျောသီး၊ ပန်းသီး၊ ဇီးသီး၊ သခွားမွှေးသီး၊ ဖရဲသီး။

၂။ Acidic – စစ်ထရစ်အက်ဆစ်များတဲ့ အသီးတွေကိုလည်း တွဲဖက်စားသုံးနိုင်ပါတယ်။ ဥပမာ – သံပရာ၊ လိမ္မော်၊ ဘလူးဘယ်ရီ၊ စပျစ်၊ ကီဝီ၊ ဂရိတ်ဖရု။

၃။ Semi-Acidic – အက်ဆစ်ပါဝင်မှုနည်းတဲ့ အသီးတွေကိုလည်း တွဲဖက်စားသုံးနိုင်ပါတယ်။ ဥပမာ – သရက်သီး၊ ပန်းသီး၊ စတော်ဘယ်ရီ။

၎။ Neutral – အက်ဆစ်တွေ၊ သကြားတွေမပါဝင်ဘဲ ဗီတာမင်ဓာတ်တွေ၊ အဆီဓာတ်တွေ၊ ပရိုတင်းဓာတ်တွေများစွာပါဝင်တဲ့ အသီးတွေကိုလည်း တွဲဖက်စားသောက်နိုင်ပါတယ်။ ဥပမာ – ထောပတ်သီး၊ ဗာဒံစေ့၊ မြေပဲ၊ သစ်ကြားသီး၊ အုန်းသီး။

ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရေ… အခုဆိုရင် ဘယ်အသီးတွေကို ဘယ်အစားအစာနဲ့ တွဲဖက်မစားသင့်ဘူးဆိုတာ သိသွားပြီမဟုတ်လား။ “အစားမတော် တစ်လုတ်” ဆိုသလိုမျိုး အစားအသောက်ကြောင့် ဒုက္ခမရောက်ရလေအောင် အသိကို သတိနဲ့ယှဉ်ပြီး စားသောက်ကြပါလို့ အကြံပေးတိုက်တွန်းလိုက်ပါတယ်နော်။

မှတ်သားစရာတစ်ခုခုရလိုက်ရင် SHARE လိုက်ပါ။