သင့်ဘဝအတွက် နံပါတ်တစ်ဦးစားပေးရမယ့်အရာဆိုတာ…

blank

ရာသီဥတုသာယာတဲ့ တစ်နေ့မှာပေါ့။ ကျွန်မ သားလေးကိုခေါ်ပြီး ပန်းခြံထဲကို လမ်းလျှောက်ထွက်လာခဲ့တယ်။ ပန်းခြံရောက်တာနဲ့ သားလေးက ပြေးဆော့တော့တာပဲ။ ကျွန်မကတော့ ခုံတန်းလျားလေးမှာ ထိုင်နေခဲ့ပါတယ်။

ကျွန်မထိုင်တဲ့ ခုံတန်းလေးရဲ့ တစ်ဖက်မှာ လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက် ထိုင်နေတယ်။ ကြည့်ရတာ သားသမီးကို ပန်းခြံလိုက်ပို့တဲ့ ဖခင်တစ်ယောက်ပုံစံပါပဲ။

ဆွယ်တာအနီလေးဝတ်ပြီး လျှောစီးနေတဲ့သားကို လက်ညှိုးထိုးပြရင်း

“အဲ့ဒါ ကျွန်မသားလေးလေ” လို့ သူ့ကို ကျွန်မပြောလိုက်တယ်။

“ခင်ဗျားသားက လူချောလေးပဲဗျ။ ဟော ဟိုက အဖြူရောင်ဂါဝန်လေးနဲ့ စက်ဘီးစီးနေတာ ကျွန်တော့်သမီးလေးလေ” ဆိုပြီး သူကပြန်ပြောခဲ့တယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ခဏကြာတော့ သူက နာရီကိုငုံ့ကြည့်ပြီး သူ့သမီးလေးကို လှမ်းအော်ပြောလိုက်တယ်။

“သမီးငယ်… အိမ်ပြန်ချိန်ရောက်ပြီ၊ ပြန်ရအောင်လေ”

“သမီး ငါးမိနစ်လောက် စက်ဘီးထပ်စီးချင်သေးတယ်၊ ငါးမိနစ်ပဲ… နော်…ဖေဖေ”

သူကပြုံးပြုံးလေးနဲ့ ခေါင်းညိတ်ပြလိုက်ရော၊ သူ့သမီးလေးက ပျော်ပျော်ရွှင်ရွှင်ပဲ စက်ဘီးဆက်စီးနေခဲ့တယ်။ မိနစ်အနည်းငယ်လည်းကြာရော၊ သူက သူ့သမီးလေးနားကိုထသွားပြီး

“ကဲ… သမီးလေး၊ ပြန်ရအောင်နော်” လို့ပြောလိုက်တယ်။

သမီးလေးက “နောက်ထပ် ငါးမိနစ်ပဲလေ၊ ဖေဖေရယ်…နော်” လို့ ပြန်ပြောခဲ့တယ်။

သူကတော့ ခပ်ပြုံးပြုံးနဲ့ “အိုကေ” လို့ပြန်ပြောခဲ့တယ်။

ဒါကို ကြည့်ပြီး ကျွန်မအံ့သြမိခဲ့တယ်။ သူကလေးကို ဒီလိုသာ အလိုလိုက်နေရင် ရေရှည်အတွက် ဘယ်ကောင်းမလဲလို့လည်း ကျွန်မတွေးမိသွားတယ်။ ဒါကြောင့်

“ရှင် ကလေးကို ဘာလို့အဲဒီလောက်အလိုလိုက်နေတာလဲ။ ကလေးတွေဆိုတာ နည်းနည်းလေး တင်းတင်းကြပ်ကြပ်နဲ့ ထိန်းကျောင်းရတယ်။ အလိုလိုက်တာများရင်… ရောင့်တက်ပြီး အခွင့်အရေးယူတတ်တယ်ရှင့်” လို့ ကျွန်မပြောလိုက်တယ်။

“သမီးလေးရဲ့ အထက်မှာ… အစ်ကိုတစ်ယောက်ရှိသေးတယ်ဗျ။ ဒါပေမဲ့… လွန်ခဲ့တဲ့ ၅နှစ်လောက်က ဆုံးသွားပါပြီ။ ဒီနေရာမှာပဲ၊ ဒီလိုပဲ…စက်ဘီးစီးနေတုန်း အမူးလွန်နေတဲ့ ဒရိုင်ဘာတစ်ယောက်က မဆင်မခြင်မောင်းပြီး ဝင်တိုက်သွားတာလေ။ အဲဒီနေ့က… ကျွန်တော်သာ အနားမှာရှိရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး။ အခု… ကျွန်တော် သားအတွက် အချိန် ၅မိနစ်ပေးချင်ရင်တောင် မဖြစ်နိုင်တော့ဘူးလေ။ အဲဒီအချိန်တည်းက… ကျွန်တော့်သမီးလေးအတွက် အချိန်ပေးနိုင်သမျှပေးမယ်လို့ ဆုံးဖြတ်ထားခဲ့တယ်။ ခင်ဗျားကတော့ သမီးလေးစက်ဘီးစီးဖို့ အချိန် ၅မိနစ်ထပ်ပေးတယ်လို့ ထင်မှာပေါ့။ တကယ်တမ်းက… သမီးလေးဆော့ကစားနေတာကို ကြည့်ဖို့ ကျွန်တော့်ကိုကျွန်တော် အချိန် ၅မိနစ်ထပ်ပေးလိုက်တာပါဗျာ” လို့ သူက ပြန်ဖြေခဲ့ပါတယ်။

သူ့စကားကို ကြားလိုက်ရတာ ကျွန်မနှလုံးသားထဲမှာ အလင်းတစ်ခုကိုမြင်ရသလိုပါပဲ။ ဘယ်တော့မှ ပြန်မရနိုင်တဲ့အရာတွေထဲမှာ မိသားစုအမှတ်တရအချိန်လေးတွေ၊ ကွယ်လွန်သွားတဲ့ ချစ်ရသူတွေပါဝင်နေပါတယ်။ ကျွန်မတို့ဘဝမှာ ကျွန်မတို့ရဲ့ မိသားစုဝင်တွေထက် အရေးပေးစရာ ဘာမှမရှိပါဘူး။ ဒါကြောင့် ကျွန်မတို့ရဲ့ အချိန်တွေကို ချစ်ရတဲ့သူတွေ၊ မိသားစုဝင်တွေအတွက် ပေးဆပ်ထားသင့်တယ်မဟုတ်လား။

ခံစားမှုတစ်ခုခုဖြစ်ပေါ်ခဲ့တယ်ဆိုရင် SHARE လိုက်ပါ။