သင့်မှာ ဒီလိုအမူအကျင့်တွေရှိနေတယ်ဆိုရင်တော့ သင်ဟာ EQ မြင့်တဲ့သူတစ်ယောက်ပါ

blank

          လူတစ်ယောက်မှာ IQ (standard intelligence) အပြင် EQ (Emotional intelligence) ဆိုတဲ့ ခံစားမှုဆိုင်ရာ အရည်အသွေးတွေ ရှိပါတယ်။ EQ ဆိုတာ ကိုယ်ကိုယ်တိုင်ရဲ့ ခံစားချက်တွေအပြင် သူတစ်ပါးရဲ့ ခံစားချက်တွေကိုပါ သိရှိနားလည်ပြီး ကောင်းစွာ ကိုင်တွယ်စီမံနိုင်တဲ့ စွမ်းရည်ဖြစ်ပါတယ်။ လူတစ်ယောက်အောင်မြင်ဖို့ဆိုရင် IQ ထက် EQ ပိုကောင်းဖို့ လိုတယ်လို့ ပြောလို့ရပါတယ်။

EQ မြင့်တဲ့ လူတွေမှာ တွေ့ရတတ်တဲ့ အမူအကျင့် (၁၅) ချက်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ ပြောသမျှစကားတွေတိုင်းမှာ မာန်ပါတယ်၊ လေးနက်တယ်။

၂။ ကိုယ်နဲ့မသိတဲ့သူတွေရဲ့အကြောင်းတွေကိုလည်း စိတ်ဝင်စားကြတယ်။

၃။ အပြောင်းအလဲတွေကို ကျေကျေနပ်နပ်ကြီး လက်ခံနိုင်ကြတယ်။

၎။ ကိုယ့်အားနည်းချက်၊ အားသာချက်တွေကို သိရှိနားလည်ကြတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ အခြားလူတွေရဲ့ စိတ်နေစိတ်ထား၊ ခံစားချက်တွေကို နားလည်ကြတယ်။

၆။ ဘယ်သူစော်ကားတာကိုမှ ခေါင်းငုံမခံတတ်ကြဘူး။ ရန်ငြှိုးတွေ၊ ဒေါသတွေကို ကြာကြာဆုပ်ကိုင်မထားကြဘူး။ မေ့ပစ်နိုင်ကြတယ်။

၇။ ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်စွမ်းရှိကြတယ်။

၈။ အမှားလုပ်မိမှာကို ကြောက်တဲ့စိတ်မရှိကြဘူး။ အဆိုးမြင်စိတ်တွေကိုလည်း ဖယ်ရှားထားနိုင်ကြတယ်။

၉။ လူတွေအပေါ်မှာ မျှော်လင့်ချက်တစ်စုံတစ်ရာမထားဘဲ ကူညီတတ်ကြတယ်။

၁ဝ။ အဆိုးမြင်ဝါဒီသမားတွေကို ဝေးဝေးကရှောင်ကြတယ်။

၁၁။ “ပြီးပြည့်စုံတဲ့အရာ မရှိဘူး” ဆိုတဲ့ လောကနိယာမကို လက်ခံနိုင်ကြတယ်။

၁၂။ ကိုယ်ပိုင်ဆိုင်ထားတဲ့ အရာလေးတွေကို အသိအမှတ်ပြုပြီး တန်ဖိုးထားကြတယ်။

၁၃။ ကိုယ်ရောစိတ်ပါ အပန်းပြေအောင် ဘယ်လိုအနားယူရမယ်ဆိုတာကို သိကြတယ်။

၁၄။ အိပ်ရေးဝဝအိပ်ဖို့ အရေးကြီးတယ်လို့ ခံယူထားကြတယ်။

၁၅။ ကိုယ့်ရဲ့ သာယာပျော်ရွှင်စရာ နေ့လေးတွေကို ဘယ်သူ့ကြောင့်မှ အပျက်စီးမခံရအောင် ကာကွယ်နိုင်ကြတယ်။

ကဲ… ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရေ။ သင်ရော ဘယ်နှချက်နဲ့ ကိုက်ညီနေပါသလဲ။ သင်က EQ မြင့်တဲ့လူတစ်ယောက်ဆိုတာကို ဒီစာစောင်လေးကို SHARE ပြီး သက်သေပြလိုက်နော်။