သောက်လို့ကောင်းရုံတင်မဟုတ်ဘဲ အိမ်မှုကိစ္စလေးတွေအတွက်ပါ အသုံးဝင်တဲ့ Coca Cola

blank

၁။ အဝတ်အထည်ပေါ်က သွေးစွန်းကွက်တွေကို ပြောင်စင်စေဖို့ Coca Cola နဲ့ ပွတ်တိုက်လျှော်ဖွပ်လိုက်ပါ။

၂။ ကြေးထည်တွေကို ပိုမိုပြောင်လက်စေဖို့ Coca Cola နဲ့ ပွတ်တိုက်ဆေးကြောပါ။

၃။ ရေနွေးခရားအိုးတွေက ရေချိုး (ဂျိုး)တွေကို ပြောင်စင်စေဖို့ Coca Cola နဲ့ ဆေးပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ အိမ်သာကမုတ်ကို စင်ကြယ်စေချင်ရင် အိမ်သာကမုတ်ထဲ Coca Cola လောင်းချပြီး ရေဆွဲလိုက်ပါ။

၅။ အဝတ်အထည်တွေမှာ ပေကျံနေတဲ့ ဆီချေးတွေကို ပြောင်စင်စေဖို့ Coca Cola နဲ့စိမ်ပြီး လျှော်ဖွပ်ပါ။

၆။ ကြမ်းခင်းကြွေပြားတွေကို ပြောင်လက်စေဖို့ Coca Cola နဲ့ ကြမ်းတိုက်ပါ။

၇။ ရေကူးကန်ထဲက အညှိတွေ၊ ချေး(ဂျီး)တွေကို ပြောင်စင်စေဖို့ ရေကူးကန်ရေထဲကို Coca Cola ၂လီတာခန့် လောင်းထည့်လိုက်ပါ။

၈။ ပန်းကန်ဆေးဖော့ (သို့) စတီးဖတ်မှာ ကပ်ငြိနေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားဖို့ Coca Cola ထဲမှာ စိမ်လိုက်ပါ။

၉။ ကားဘက္ထရီတွေကို ပိုမိုသန့်စင်စေဖို့ Coca Cola နဲ့ ဆေးကြောပါ။

၁ဝ။ ဆံပင်မှာကပ်နေတဲ့ပီကေကို ဖယ်ရှားဖို့ ဆံပင်ကို Coca Cola ထဲမှာ စိမ်လိုက်ပါ။

၁၁။ အင်ဂျင်စက်တွေက စက်ချေးတွေကို ပြောင်စင်စေနိုင်ဖို့ Coca Cola နဲ့ ဆေးကြောပါ။

၁၂။ ပရိဘောဂပစ္စည်းတွေမှာ ပေနေတဲ့ အစွန်းကွက်တွေ၊ ဆေးတွေ၊ မှင်ရာတွေကို ဖယ်ရှားဖို့ တဘက်ကို Coca Cola နဲ့စိမ်ပြီး ပွတ်တိုက်လိုက်ပါ။

၁၃။ ကြွေပြားကြားထဲက အညစ်အကြေးတွေကို Coca Cola နဲ့ တိုက်ချွတ်ဆေးကြောလိုက်ပါ။

၁၄။ အရေပြားနဲ့ အဝတ်အထည်တွေမှာ ပေနေတဲ့ ဆံပင်ဆိုးဆေးတွေကို Coca Cola နဲ့ ဖယ်ရှားလိုက်ပါ။

၁၅။ ကော်ဇော်တွေမှာ ပေနေတဲ့ အစွန်းကွက်တွေကို ပြောင်စင်စေဖို့ Coca Cola နဲ့ အရင်ဆေးကြောပြီးမှ ဆပ်ပြာရည်နဲ့ဆေးကြောပါ။

၁၆။ ဒယ်အိုး၊ ဒန်အိုးတွေရဲ့ အိုးမည်းတွေနဲ့ အခြားအစွန်းကွက်တွေကို ပြောင်စင်စေဖို့ Coca Cola နဲ့ ပွတ်တိုက်ဆေးကြောလိုက်ပါ။

မှတ်သားစရာ တစ်ခုခုရလိုက်တယ်ဆိုရင် SHARE လိုက်ပါ။