ဘဝအောင်မြင်မှုကို အဟန့်အတားဖြစ်စေတဲ့ comfort zone ထဲကနေ ရုန်းထွက်နည်းများ

blank

        Comfort zone ဆိုတာ ကိုယ့်ကိုယ်ကို ညှာတာသနားပြီး ကိုယ့်ကိုယ်ကို သတ်မှတ်ထားတဲ့ ကြိုးစားမှုအတိုင်းအတာဖြစ်ပါတယ်။ စွန့်စားပြီး ကြိုးစားလိုက်ရင် တစ်ခုခုများဖြစ်သွားမလားဆိုတဲ့ ကြောက်စိတ်ကြောင့် comfort zone ထဲမှာ ပျော်နေတတ်သူတွေဟာ ဘဝအောင်မြင်မှုကို ဆုပ်ကိုင်နိုင်မှာ မဟုတ်ပါဘူး။

ဒီတော့ ဘဝအောင်မြင်မှုကို အဟန့်အတားဖြစ်စေတဲ့ comfort zone ထဲကနေ ရုန်းထွက်နိုင်မယ့် နည်းလမ်းလေးတွေကို ဂန္ထဝင်မဂ္ဂဇင်းမှ တင်ဆက်ပေးပါရစေ။

၁။ စွန့်စားလိုတဲ့သတ္တိမွေးပါ။

သင်လုပ်နိုင်လောက်မယ်လို့ သင့်ကိုယ်သင်သတ်မှတ်ထားတဲ့အတိုင်းအတာထဲကနေ ချဲ့ထွင်ဖို့ဆိုတာ သင်မလုပ်ဖူးတာတွေကို စွန့်စားပြီးလုပ်ရမှာပါ။ ဒီလိုစွန့်စားဖို့ သင့်ကို သတ္တိရှိစေနိုင်တဲ့ စိတ်ခွန်အားရှိနေဖို့လိုပါတယ်။

၂။ ကြောက်စိတ်တွေကို ဖယ်ရှားပါ။

ကိုယ်လုပ်နိုင်သလောက်ပဲလုပ်တာဟာ “ထသွားရင် ကျိုးမလားမသိဘူးဆိုတဲ့ ကြောက်စိတ်နဲ့ ဆက်ထိုင်နေတဲ့သဘော” ပါပဲ။ ဘဝတိုးတက်ဖို့ဆိုတာ လုပ်နိုင်တာထက် အမြဲပိုကြိုးစားနေမှ ဖြစ်မှာပါ။ ဒီတော့ ကြောက်စိတ်တွေကို ဖယ်ပြီး ပိုကြိုးစားလိုက်ပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ လဲကျရှုံးနိမ့်မှာကို မကြောက်ဘဲ ရင်ဆိုင်လိုက်ပါ။

ဘဝခရီးလမ်းမှာ လျှောက်လှမ်းနေသရွေ့တော့ ခလုတ်ထိတာတွေ၊ ဆူးငြိတာတွေ ရှိနေဦးမှာပါပဲ။ ဘယ်ဒဏ်ရာမဆို ပျောက်ကင်းသွားကြစမြဲပါ။ ဒီတော့ ဘဝခရီးမှာ လဲကျမှာ၊ ကျရှုံးမှာကို ကြိုတွေးပြီးစိုးရိမ်နေတာတွေ ရပ်လိုက်ပါ။ ကြုံလာနိုင်တဲ့အဆိုးအကောင်းမှန်သမျှကို အကောင်းဆုံးရင်ဆိုင်လိုက်ပါ။

၎။ တစ်ဆင့်ချင်းစီပဲ တိုးလိုက်ပါ။

Comfort zone ထဲကရုန်းထွက်ပြီး ဆက်လက်ကြိုးစားဖို့ဆိုတာ ချက်ချင်းကြီး ပြောင်းလဲပစ်စရာမလိုပါဘူး။ တစ်ဆင့်ပြီးတစ်ဆင့် အချိန်ယူပြီး ပြောင်းလဲ ကြိုးစားကြည့်ပါ။ ဒါဆိုရင် အကျင့်ဖြစ်သွားပြီး ပိုကြိုးစားချင်စိတ်တွေ ထပ်ကာထပ်ကာဖြစ်ပေါ်နေမှာ ဖြစ်ပါတယ်။

ကဲ… ဂန္ထဝင်ပရိသတ်ကြီးရေ။ တစ်နေရာတည်းမှာ ရပ်မနေပါနဲ့။ လူတိုင်းက သူနိုင်ကိုယ်နိုင် အပြိုင်ပြေးနေကြတဲ့ ဘဝခရီးလမ်းမှာ ပုံသေအရှိန်လေးနဲ့လည်း လျှောက်လှမ်းမနေပါနဲ့။ ကိုယ့်ကိုယ်ကို သနားညှာတာနေပြီး ကိုယ့်ကြိုးစားမှုတွေကို ဘောင်ခတ်ထားတာက ဘဝတိုးတက်ရေးအတွက် အဟန့်အတားဖြစ်စေနိုင်တာကြောင့် confort zone ထဲက ရုန်းထွက်ပြီး ကြိုးစားလိုက်ပါ။

သဘောကျ နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။