ခေတ်မီသူတစ်ယောက်ဖြစ်စေမယ့် ကျင့်ဝတ်လေးများ

blank

၁။ ဖုန်းကြိုမဆက်ဘဲ အိမ်အလည်မသွားပါနဲ့။

၂။ ရုံးမှာဖြစ်စေ၊ သူများနေရာမှာဖြစ်စေ ထီးဖွင့်ပြီး နေမလှန်းပါနဲ့။

၃။ လက်ကိုင်အိတ်ကို ကုလားထိုင်ပေါ်မှာ၊ ဒါမှမဟုတ် ပေါင်ပေါ်တင်မထားပါနဲ့။

၎။ ကုန်ပစ္စည်းတံဆိပ်ပါတဲ့ ပလတ်စတစ်အိတ်တွေကို အစုံထည့်ပြီး နေရာတကာယူမသွားပါနဲ့။

၅။ အပြင်ထွက်တဲ့အခါ အိမ်နေရင်းအဝတ်မဝတ်ပါနဲ့။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ သူများက ကိုယ့်ကားကြုံလိုက်စီးတဲ့အခါ တံခါးဖွင့်ပေးဖို့ မမေ့ပါနဲ့။

၇။ လက်ဝတ်ရတနာတွေကို ရှုပ်ရှတ်ခတ်နေအောင် မဝတ်ပါနဲ့။

၈။ အခန်းထဲမဝင်ခင် တံခါးအရင်ခေါက်တတ်အောင် ကလေးတွေကို သင်ပေးဖို့ မမေ့ပါနဲ့။

၉။ ကိုယ်ကျွေးမှာမဟုတ်ဘဲနဲ့ “ လာစားပါ ” လို့ မဖိတ်ခေါ်ပါနဲ့။

၁ဝ။ ရင်းနှီးတဲ့သူတွေဆိုပြီး ပေါ့ပေါ့တန်တန်မဆက်ဆံပါနဲ့။

၁၁။ ဓာတ်လှေကားထဲမှာ တံခါးအနီးဆုံးက လူတွေကို အရင်ပေးထွက်ဖို့ မမေ့ပါနဲ့။

၁၂။ ရုပ်ရှင်ရုံထဲမှာ သူများခုံရှေ့ဖြတ်တဲ့အခါ နှေးနှေးလေးမသွားပါနဲ့။

၁၃။ ကုန်ကျစရိတ်တွေကို မစပ်စုပါနဲ့။

၁၄။ အသက်၊ ချမ်းသာကြွယ်ဝမှု၊ မိသားစုအငြင်းပွားမှုတွေ၊ ဘာသာရေး၊ ကျန်းမာရေးပြဿနာ၊ အချစ်ရေး၊ လက်ဆောင်၊ ရိုးသားမှုနဲ့ အရှက်ကွဲစရာကိစ္စတွေမှာ မငြင်းခုံပါနဲ့။

ဗဟုသုတလေးတွေ မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။