ရှုပ်ထွေးတဲ့လောကကြီးမှာ ဘဝအမြင်ကြည်လင်စေနိုင်မယ့် လောကနိယာမများ

blank
၁။ “သင်စိုက်ပျိုးတာကိုပဲ သင်ပြန်ရိတ်သိမ်းရမယ်”

ဘဝမှာ နေပျော်ချင်တယ်၊ လေးစားခံချင်တယ်၊ ငြိမ်းချမ်းချင်တယ်ဆိုရင် သင်ကိုယ်တိုင်ကလည်း ပျော်ရွှင်မှုတွေ၊ လေးစားမှုတွေ၊ ငြိမ်းချမ်းမှုတွေကို ဝေမျှပေးရပါမယ်။

၂။ “ဘဝဆိုတာ သူ့အလိုလိုဖြစ်မလာပါဘူး၊ အားစိုက်ထုတ်မှုတွေလည်း လိုအပ်ပါတယ်”

ဖေ့ဘုတ်တည်ထောင်သူ မာ့ခ် ဇက်ကာဘာ့ခ်ျ (Mark Zuckerberg)ကို အားကျလို့ သူတင်သမျှပို့စ်တွေ၊ သူ့အကြောင်းသတင်းတွေအကုန်လုံးကို ထိုင်ဖတ်နေရုံနဲ့ သူ့လိုဘဝမျိုးရမလာနိုင်ပါဘူး။ သူစိုက်ထုတ်ခဲ့တဲ့ကြိုးစားမှုမျိုးကို သင်စိုက်ထုတ်နိုင်မှ သင်သူ့လို ဖြစ်လာမှာပါ။

၃။ “လက်ခံသင့်တာတွေကို လက်မခံဘဲ ငြင်းပယ်နေသရွေ့ကတော့ သင့်ဘဝမှာ ဝန်ထုပ်ဝန်ပိုးဖြစ်နေဦးမှာပါပဲ”

ဥပမာပြောရမယ်ဆိုရင် သင်မချစ်သင့်တဲ့သူတစ်ယောက်ကို ရူးရူးမိုက်မိုက်ချစ်နေတာမျိုးပေါ့။ သင့်အချစ်တွေကို သူလက်မခံနိုင်ဘူး၊ သင့်ကိုပြန်မချစ်နိုင်ဘူးဆိုတာကို သိသိကြီးနဲ့လက်မခံဘဲ ဆက်တိုးနေတာက သင့်ကိုပဲ နာကျင်စေနိုင်တယ်မဟုတ်လား။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ “သင့်ဘဝတိုးတက်ကောင်းမွန်လာဖို့ဆိုရင် သင့်ပတ်ဝန်းကျင်ကလူတွေ၊ အရာတွေပြောင်းလဲဖို့မလိုပါဘူး။ သင်ကိုယ်တိုင်ပြောင်းလဲဖို့ပဲ လိုတာပါ”

သင့်ပတ်ဝန်းကျင်က အဖြစ်အပျက်တွေ၊ သင့်နားကလူတွေကို သင်မပိုင်ပါဘူး။ ပြီးတော့ သင်ပြောင်းလဲချင်တိုင်းပြောင်းလဲလို့မရပါဘူး။ သင်ပြောင်းလဲနိုင်တာက သင့်အမြင်၊ သင့်အကျင့်၊ သင့်ကြိုးစားမှုတွေပါ။

၅။ “သင့်ဘဝရဲ့ အရာရာတိုင်းအတွက် သင့်မှာ တာဝန်အပြည့်ရှိပါတယ်”

ကိုယ့်တာဝန်ကိုယ် မယူတတ်တဲ့သူတွေဟာ ဆန်ကုန်မြေလေးတွေပါ။ တာဝန်ယူတတ်တဲ့စိတ်ဟာ အကျင့်တစ်ခုလိုမျိုး ဖြည်းဖြည်းချင်းကျင့်ယူလို့ ရပါတယ်။ သင်လုပ်သမျှ၊ သင်မှားသမျှအတွက် သင်တာဝန်ယူတယ်ဆိုရင် သင့်အမှားတွေဟာ ဖြည်းဖြည်းချင်းပျောက်ကွယ်သွားတတ်ပါတယ်။

၆။ “လောကမှာ မသက်ဆိုင်ဘူးလို့ ထင်မှတ်ထားတဲ့အရာတွေက တစ်နည်းနည်းနဲ့ ဆက်နွယ်နေတတ်ကြတယ်”

ဟိုတယ်တစ်ခုရဲ့ သန့်ရှင်းရေးအလုပ်နဲ့ မန်နေဂျာအလုပ် ဘာမှမဆိုင်ဘူးလို့ သင်ထင်ချင်ထင်နေလိမ့်မယ်။ ဒါပေမဲ့ ရိုးသားကြိုးစားပြီး ဝီရိယရှိတဲ့ သန့်ရှင်းရေးသမားလေးဟာ ဟိုတယ်ရဲ့ housekeeping manager အဖြစ် ရာထူးတိုးသွားနိုင်တာပဲမဟုတ်လား။

၇။ “တစ်ချိန်တည်းမှာ အကြောင်းအရာ ၂ခုကို အာရုံမစိုက်နိုင်ပါဘူး”

တစ်ချိန်တည်းမှာ အလုပ်တွေအများကြီးလုပ်တာဟာ အထင်ကြီးစရာပါ။ တစ်ချိန်တည်းမှာ အလုပ် ၂ခုလုပ်ခြင်းက အလုပ်၂ခုစလုံးကို ပြီးမြောက်စေပေမဲ့ ရလဒ်ကောင်းတော့ ထွက်မလာနိုင်စေပါဘူး။ ဒါကြောင့် အလုပ်တစ်ခုတည်းကိုပဲ အာရုံစိုက်ပြီးလုပ်ပါ။

၈။ “အကြောင်းအရာတစ်ခုကို စစ်မှန်ကြောင်းပြောချင်တယ်ဆိုရင် တစ်ချိန်ချိန်မှာ သက်သေပြဖို့ လိုအပ်လာလိမ့်မယ်”

တစ်ယောက်ယောက်က သင့်ကို လိမ်ညာနေပါတယ်လို့ စွပ်စွဲလာတာကို သင်ငြင်းချင်တယ်ဆိုရင် သင်မလိမ်ကြောင်း သက်သေပြနိုင်မယ့် အကြောင်းအရာတစ်ခုခုတော့ ရှိထားသင့်တယ်မဟုတ်လား။

၉။ “အတွေးဟောင်းတွေ၊ အကျင့်ဟောင်းတွေ၊ စိတ်ကူးဟောင်းတွေဟာ သင့်ဘဝကို အသစ်ဖြစ်မလာအောင် တားဆီးနေပါတယ်”

ဘဝကို ပိုမိုတိုးတက်စေချင်တယ်ဆိုမှတော့ သမာရိုးကျတွေးနည်းတွေ၊ လုပ်နည်းကိုင်နည်းတွေကို အသစ်တွေအဖြစ်ပြောင်းလဲပေးဖို့ လိုနေပြီလေ။

၁ဝ။ “သင်ခန်းစာတွေ မယူနိုင်သရွေ့တော့ အမှားတွေဆိုတာ သမိုင်းမှာ ထပ်ကာထပ်ကာကြုံနေရဦးမှာပါပဲ”

အမှားတွေကနေ သင်ခန်းစာယူပြီး ပြုပြင်ပြောင်းလဲနိုင်မှ နောက်ထပ်မမှားတော့ဘဲ ရှေ့ဆက်တက်နိုင်မှာ မဟုတ်လား။

၁၁။ “ကြာရှည်ခံတဲ့အောင်မြင်မှုကို ရယူချင်ရင် ထိုက်သင့်တဲ့ စိတ်ရှည်မှုနဲ့ ဇွဲလုံ့လတွေ လိုအပ်ပါတယ်”

ဖြတ်လမ်းလိုက်ပြီး အလွယ်တကူရတဲ့အောင်မြင်မှုဟာ ကြာကြာမခံနိုင်ပါဘူး။ ကြာရှည်ခံတဲ့အောင်မြင်မှုကို ရဖို့အတွက် လမ်းဝေးဝေးလျှောက်ဖို့တော့လိုတာပေါ့။

၁၂။ “လောကကြီးကို သင်ပေးတဲ့အတိုင်း သင်ပြန်ရမှာပါ”

နံပါတ်တစ်မှာ ဖော်ပြထားတဲ့ နည်းဥပဒေသလိုပါပဲ။ သင်ပေးသမျှအတိုင်း သင့်ကိုလောကကြီးက ပြန်ပေးမှာပါ။ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်မဟုတ်လား။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။