၂ဝ၁၇၏အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဖေဖော်ဝါရီ ၂၇-ရက်နေ့မှ မတ်လ ၅-ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries ) 
 မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ
       မိတ်ဆွေသူငယ်ချင်းတွေနဲ့ အထင်အမြင်လွဲပြီး စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေ ကြုံရတတ်တဲ့ ကာလဖြစ်ပါတယ်။ ကံအညံ့အနည်းငယ်ရှိနေတဲ့အတွက် အထင်အမြင်လွဲမှုတွေကို မတုံ့ပြန်ဘဲနေ လိုက်ပါ။ မှန်ကန်စွာနေထိုင်ခြင်းဖြင့်သာ ဖြေရှင်းပါ။ အလှူအတန်းတွေပြုပေးပါ။ မကြာခင်မှာ အားလုံး ပြေလည်သွားမှာပါ။

ယတြာ။         ။ မွေးရက်မှာ အလှူဒါနတစ်ခုခုပြုပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

ဆုံးဖြတ်ချက်တွေ အလျင်စလို မချသင့်တဲ့၊ ကတိများများ မပေးသင့်တဲ့ကာလဖြစ်ပါတယ်။ စီးပွားရေး၊ လူမှုရေး ရှုပ်ထွေးစရာလေးတွေရှိနေတဲ့အတွက် အစစအရာရာဆင်ခြင်ပါ။ မမျှော်လင့်ဘဲ ခရီးရှည်တစ်ခုထွက်ရမယ်။ ပညာရပ်အသစ်တွေ သင်ယူနိုင်မယ့်ခရီးဖြစ်ပါတယ်။ အနာဂတ်အတွက် အခွင့်အရေးကောင်းတွေကို ရရှိပါလိမ့်မယ်။
ယတြာ။         ။ လမ်းဘေးခွေးလေးတွေကို ပေါင်မုန့်ကျွေးပါ။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ(၂၂)မှ ဇွန်လ (၂၁)အတွင်း မွေးဖွားသူများ

အထက်အရာရှိနဲ့ မိဘတွေရဲ့ ဖိအားပေးမှုတွေကြောင့် သင့်ကိုယ်သင် ယုံကြည်မှုတွေ လျော့ရဲ မိနေတဲ့ကာလဖြစ်ပါတယ်။ အဖြေမရှိတဲ့ပုစ္ဆာတွေကို အမေးခံနေရသလို ခံစားနေရတတ်ပါတယ်။ စိတ် ဓာတ်မကျဘဲ အကောင်းဆုံးဖြစ်အောင်သာ ဇွဲရှိရှိဖြေရှင်းလိုက်ပါ။ မျှော်မှန်းထားတာထက်ပိုတဲ့ အောင် မြင်မှုတွေက သင့်ကို စောင့်ကြိုနေပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ယတြာ။         ။ ဆေးရုံမှာ ဆန်ပြုတ်ဒါနပြုပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၂) ရက် မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ
          အလုပ်လေးတွေ မျှော်လင့်ထားတာထက် ပိုအောင်မြင်မှုရမယ့်ကာလဖြစ်ပါတယ်။ ကြံရွယ် ထားတဲ့ လုပ်ငန်းသစ်လေးတွေရှိရင် စတင်နိုင်ပါတယ်။ ကူညီမယ့်သူ၊ အကြံဉာဏ်ကောင်းပေးမယ့် သူတွေ့မယ်။ ကျန်းမာရေးအနေနဲ့ မတော်တဆမှုဖြစ်တတ်တယ်။ သတိနဲ့ သွားလာပါ။
ယတြာ။         ။ မွေးနံထောင့်ဘုရားကို ရေသပ္ပာယ်ပါ။

၅။ သိဟ်ရာသီဖွား (Leo)

ဇူလိုင်လ (၂၄) ရက်မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ
          အဆက်အသွယ်ကောင်းတွေရရှိမယ့်ကာလဖြစ်ပါတယ်။ မိတ်ဟောင်းဆွေဟောင်းတွေရဲ့ကူ ညီစောင့်ရှောက်မှုနဲ့ လုပ်ငန်းသစ်တွေ စတင်ရမယ်။ အချစ်ရေးမှာ ပြဿနာလေးတချို့ ရှိပေမဲ့ နား လည်မှုအပြည့်နဲ့သာ ဖြေရှင်းဖို့ ကြိုးစားလိုက်ပါ။ မိဘအကြီးအကဲ ကျန်းမာရေး ဂရုစိုက်ပါ။
ယတြာ။         ။ မွေးရက်မှာ သူငယ်ချင်းတစ်ယောက်ကို မုန့်ကျွေးပါ။

၆။ ကန်ရာသီဖွား (Virgo )

သြဂုတ်လ (၂၄) ရက်မှ စက်တင်ဘာလ (၂၃) အတွင်းမွေးဖွားသူများ

အခက်အခဲတွေကြားကနေ လိုချင်တဲ့ပန်းတိုင်ရောက်အောင် အားထုတ်ကြိုးစားနေရတဲ့ ကာ လဖြစ်ပါတယ်။ စိတ်ဓာတ်မကျပါနဲ့။ အခက်အခဲတွေရဲ့နောက်မှာ သင့်ပန်းတိုင်ထက် ပိုကောင်းတဲ့ အောင်မြင်မှုတွေ စောင့်ကြိုနေပါတယ်။ ငွေကို စိစစ်သုံးပါ။ အချစ်ရေး သာယာပါတယ်။
ယတြာ။         ။ မွေးရက်မှာ မိဘကို ငွေကြေးနဲ့ကန်တော့ပါ။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ
          အဆိုးနဲ့အကောင်းဒွန်တွဲနေတဲ့ကာလဖြစ်ပါတယ်။ အချစ်ရေးမှာလည်း အဆင်ပြေတလှည့် မပြေတလှည့်နဲ့ ခရီးဆက်နေရမယ်။ ရှေ့ဆက်တိုးရင် မှားတတ်တဲ့အတွက် ဘယ်အရာကိုမှ စိတ် လိုက်မာန်ပါ မဆုံးဖြတ်ပါနဲ့။ စိတ်ရှည်ရှည်နဲ့ အချိန်ယူဖြေရှင်းပါ။ ငွေကြေးကံကောင်းနေပါတယ်။ ထီ ထိုးပါ။
ယတြာ။         ။ မွေးရက်မှာ ကလေးတွေကို မုန့်ဖိုးပေးပါ။
၈။ ဗြိစ္ဆာရာသီဖွား(Scorpio)        
အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၂) ရက်အတွင်းမွေးဖွားသူများ

အတိုက်အခိုက်တွေများနေတဲ့ ကာလဖြစ်ပါတယ်။ ရန်ကိုရန်ချင်းမတုံ့နှင်းပါနဲ့။ အတိုက်အခိုက် တွေနဲ့အတူ အခွင့်အလမ်းကောင်းတွေကလည်း ရောက်လာနေတဲ့အတွက် အမိအရဖမ်းဆုပ်လိုက်ပါ။ အင်တာဗျူးတွေ၊ စာမေးပွဲတွေအောင်မယ်။ သင်စိတ်ဝင်စားနေတဲ့သူဆီက ကောင်းတဲ့တုံ့ပြန်မှုလေး တွေကို လက်ခံရတတ်တယ်။

ယတြာ။         ။ မွေးရက်မှာ နေအိမ်ခြံဝင်းထဲ အရိပ်ရပင်စိုက်ပါ။

၉။ ဓနုရာသီဖွား (Sagittarius )

နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ
          ကြိုးစားသလောက် ခရီးမတွင်တဲ့အခြေအနေကြောင့် သင့်ကိုယ်သင် အားမလိုအားမရဖြစ် နေမိမယ့်ကာလပါ။ အောင်မြင်မှုမမြန်ဆန်ပေမဲ့ ရလဒ်ကောင်းတွေကို လက်ခံရတတ်တာကြောင့် ဇွဲ မလျှော့ပါနဲ့။ အချစ်ရေးမှာ စန်းပွင့်နေမယ်။ ချစ်သူဝိုင်းဝိုင်းလည်နေတာကြောင့် အရွေးရခက်နေတတ် တယ်။
ယတြာ။         ။ မွေးရက်မှာ နာမကျန်းသူကို ဆေးဝါးဒါနပြုပါ။
၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ
          မိသားစုနဲ့ အချစ်ရေးကြားမှာ ဗျာများနေရမယ့် ကာလဖြစ်ပါတယ်။ မိသားစုအတွက် ဦးစား ပေးရမယ့် အလုပ်တွေများနေတာကြောင့် ချစ်သူရဲ့အထင်လွဲမှုကို ကြုံရတတ်တယ်။ နေအိမ်ပြုပြင် ရမယ်။ စက်ပစ္စည်းကောင်းဝင်မယ်။ ငွေကြေးကံကောင်းနေတယ်။ ထီထိုးပါ။
ယတြာ။         ။ မွေးရက်မှာ နေအိမ်ပတ်ဝန်းကျင်တဝိုက် အမှိုက်ကောက်ပါ။
၁၁။ ကုမ်ရာသီဖွား (Aquarius )
ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ(၁၉) တွင်းမွေးဖွားသူများ

ဝင်ငွေနဲ့ထွက်ငွေမမျှတတာကြောင့် အတန်ငယ်စိတ်မောနေရမယ့် ကာလပါ။ ငွေကြေးနဲ့ ပတ် သက်ပြီး စိတ်ရှုပ်စရာတွေရှိနေတာကြောင့် ငွေကြေးကိစ္စ စကားမလွန်၊ လက်မလွန်မိပါစေနဲ့။ နေအိမ် ကို ညအိပ်ညနေဧည့်သည်လာတတ်တယ်။ သင့်မိသားစုအတွက် ကောင်းခြင်းတွေသယ်ဆောင်လာတဲ့ ဧည့်သည်ဖြစ်နေတတ်ပါတယ်။

ယတြာ။         ။ မွေးရက်မှာ ပရဟိတတစ်ခုလုပ်ပါ။

၁၂။ မိန်ရာသီဖွား (Pisces)

ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

အောင်မြင်မှုဆီ ရှေ့ရှုနေတဲ့ကာလဖြစ်ပါတယ်။ ကူညီထောက်ပံ့ပေးမယ့်သူတွေ ရောက်လာ တတ်တယ်။ အစုစပ်ရှယ်ယာလုပ်ငန်းတွေကို သေချာစဉ်းစားပြီးမှ ဆုံးဖြတ်ပါ။ အလုပ်ကို နှစ်ဆကြိုး စားလိုက်ပါ။ အပြောင်းအလဲကောင်းတွေက သင့်ကို စောင့်ကြိုနေပါတယ်။ အချစ်ရေး သာယာပါတယ်။

ယတြာ။         ။ မွေးရက်မှာ ကြောင် ၃-ကောင်ကို ငါးကြော်ကျွေးပါ။

ယခုစာစောင်လေးကို LIKE & SHARE လုပ်ပြီး မိတ်ဆွေတွေကို ပြန်မျှဝေပေးလိုက်ပါဦးနော်။