၁။ အကြီးမားဆုံးအသိဉာဏ်ကတော့ ကိုယ်မသိတာတွေရှိသေးတယ်ဆိုတာကို လက်ခံခြင်းပါပဲ။
၂။ ဘဝမသုံးသပ်ဘူးဆိုရင် ရှင်သန်ခြင်းလို့မမည်ပါဘူး။
၃။ အသိပညာက အမွန်မြတ်ဆုံးဖြစ်ပြီး မသိကျိုးကျွန်ပြုခြင်းက အယုတ်ညံ့ဆုံးဖြစ်ပါတယ်။
၎။ လူတိုင်းကိုအရာခပ်သိမ်းသိအောင် သင်မပေးနိုင်ဘူး၊ သူတို့ကို စဉ်းစားလာအောင်လုပ်ပေးလို့ရပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။
၅။ ကြင်နာပါ။ လူတိုင်းဟာ မတူညီတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။
၆။ လူတော်တွေက အကြံဉာဏ်အသစ်တွေအကြောင်း ဆွေးနွေးတယ်။ သာမန်လူတွေက အဖြစ်အပျက်တွေအကြောင်းပြောကြတယ်။ လူညံ့တွေက သူများအကြောင်းဝေဖန်ကြတယ်။
၇။ ဘာပဲဖြစ်ဖြစ်လက်ထပ်ပါ။ ဇနီးကောင်းရရင် စိတ်ချမ်းသာမယ်။ ဇနီးဆိုးရရင် အတွေးအခေါ်ပညာရှင်ဖြစ်လာမယ်။
၈။ ရှိသမျှကို မရောင့်ရဲတဲ့သူဟာ ရယူပိုင်ဆိုင်ချင်တဲ့စိတ်တွေနဲ့ မောနေရလိမ့်မယ်။
၉။ နံရံတွေဆိုတာ လူတွေထွက်မသွားအောင် ကာရံထားတဲ့အရာဖြစ်နိုင်သလို ဘယ်သူက ဖြိုချပြီး ဝင်လာရဲတဲ့သတ္တိရှိလဲဆိုတာကိုလည်း သိနိုင်တဲ့အရာတစ်ခုပါ။
၁ဝ။ သိလိုစိတ်ဆိုတာ ပညာရပ်တိုင်းရဲ့ အစပါပဲ။
၁၁။ ကိုယ့်ကိုယ်ကိုရှာတွေ့ဖို့ဆိုရင် ကိုယ့်အကြောင်းကိုယ်စဉ်းစားဖို့ လိုမယ်။
၁၂။ ကမ္ဘာကြီးကိုပြောင်းလဲဖို့ ကိုယ့်ကိုယ်ကိုအရင်ဆုံးပြောင်းလဲပါ။
၁၃။ ကိုယ့်ကိုယ်ကိုသိပါ။
၁၄။ ပညာရေးဆိုတာ အလင်းရောင်ထွန်းညှိပေးတဲ့အရာဖြစ်သင့်ပါတယ်။ မီးစာကိုတောက်လောင်စေတဲ့ အရာမဟုတ်ပါဘူး။
၁၅။ စိတ်ဆိုတာ အရာအားလုံးရဲ့ အစပါပဲ သင်တွေးတဲ့အရာတွေက တကယ်ဖြစ်လာတဲ့အရာတွေဖြစ်ပါတယ်။