ချစ်သူများနေ့ကို တစ်ကိုယ်တော်ဆင်နွှဲမယ့်သူများအတွက် မှာတမ်း

blank

၁။ သူများကပဲပေးပေး၊ ကိုယ့်ဘာသာကိုယ်ပဲ ဝယ်စားစား ချောကလက်ချင်း အရသာအတူတူပါပဲ။  ဒါကြောင့် ကိုယ့်ဘာသာကိုယ် ချောကလက်ဝယ်ကျွေးပါ။

၂။ ဘယ်တော့မှ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ သင့်ဘေးမှာ သင့်သူငယ်ချင်းတွေ၊ သင့်မိသားစုဝင်တွေ၊ အချစ်တော်ခွေးလေးကြောင်လေးတွေ ရှိနေပါသေးတယ်။ ချစ်သူများနေ့ကို သူတို့နဲ့ အတူတူဖြတ်သန်းပါ။

၃။ ရည်းစားမရှိလို့ ကိုယ့်ကိုယ်ကို အပြစ်ရှိသလို မခံစားပါနဲ့။ လွတ်လပ်မှုရဲ့ အနှစ်သာရကို ရည်းစားမရှိသူတွေသာ ခံစားနိုင်တာပါ။ ဒါကြောင့် ပျော်ပျော်ရွှင်ရွှင်နေပါ။

၎။ ချစ်သူများနေ့ကို တစ်ယောက်တည်းဖြတ်သန်းတာထက် သူငယ်ချင်းတွေထဲက ရည်းစားမရှိတဲ့ ဘဝတူတစ်ယောက်ယောက်နဲ့ အတူတူဖြတ်သန်းပါ။

၅။ လက်ဆောင်ပေးစရာ ချစ်သူမရှိတော့ ကိုယ့်ကိုယ်ကိုအတွက် ပိုသုံးနိုင်တယ်မဟုတ်လား။ ဒါကြောင့် သင့်ကိုယ်သင် လိုချင်တဲ့ လက်ဆောင်တွေ ဝယ်ပေးလိုက်ပါ။

၆။ နှင်းဆီပန်းတွေ၊ ပို့စ်ကတ်တွေ လိုချင်စိတ်ဖြစ်လာရင် ကိုယ့်ကိုယ်ကို ဝယ်ပေးလိုက်ပါ။ ကိုယ့်ကိုယ်ကို လက်ဆောင်မပေးရဘူးလို့ ဘယ်သူမှ တားမြစ်မထားပါဘူး။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၇။ ဒီလိုချစ်သူများနေ့မှာ အိမ်အပြင်ထွက်နေရင် အခြားအတွဲတွေကို မြင်ပြီး စိတ်မသက်မသာ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အိမ်အပြင်မထွက်ဘဲ အိမ်ထဲမှာပဲ ရုပ်ရှင်ကြည့်၊ ဟင်းချက်စား၊ သင်နှစ်သက်ရာတွေ လုပ်ပါ။

၈။ ရည်းစားရှိတဲ့ကောင်မလေးတွေကို မြင်တဲ့အခါ သင့်မှာရည်းစားမရှိလို့ဆိုပြီး သင့်ဘဝကို အပြစ်မတင်ပါနဲ့။ နေတတ်တယ်ဆိုရင် တစ်ကိုယ်တည်းဘဝက သိပ်ကို ပျော်စရာကောင်းတယ် မဟုတ်လား။

၉။ ရည်းစားမရှိလို့လည်း ရှက်စိတ်မဝင်ပါနဲ့။ တစ်ကိုယ်တည်းဘဝက အပူအပင်မရှိဘဲ ပျော်စရာကောင်းတယ်ဆိုတာ သင်အသိဆုံးပဲလေ။ ပြီးတော့ single ဘဝက ပိုပြီး ဆွဲဆောင်မှုရှိတယ်လေ။

ဒီနှစ် ချစ်သူများနေ့ကို သင်တစ်ယောက်တည်းဖြတ်သန်းရပေမဲ့ နောက်နှစ်မှာ ချစ်သူနဲ့အတူတူ ဖြတ်သန်းချင် ဖြတ်သန်းရမှာပါ။ ပြီးတော့ သင်သိထားရမှာက ဒီနှစ်ရဲ့ ချစ်သူများနေ့ကို တစ်ကိုယ်တည်းဖြတ်သန်းရမှာက သင်တစ်ယောက်တည်းမဟုတ်ဘူး ဆိုတာပါပဲ။

ချစ်သူများနေ့ကို တစ်ယောက်တည်း ဖြတ်သန်းမယ်ဆိုရင် ဒီစာစောင်လေးကို SHARE လိုက်ပါ။ သင့်သူငယ်ချင်းတွေထဲက ချစ်သူများနေ့မှာ တစ်ယောက်တည်းဖြစ်နေမယ့်သူတွေကို mention ခေါ်လိုက်ပါ။