သမီးဖြစ်သူရဲ့ မင်္ဂလာပွဲအထိမ်းအမှတ်အဖြစ် အိမ်ခြေယာမဲ့ဆင်းရဲသားတွေအတွက် ဒေါ်လာ ၁၁ သန်းဖိုး အိမ်ဆောက်ပေးခဲ့သောဖခင်။

blank

သားသမီးတိုင်းရဲ့မင်္ဂလာပွဲမှာ အကောင်းဆုံးလက်ဖွဲ့ပြီး သား၊သမီးတွေကို ပြုံးပျော်စေချင်တာက မိဘတိုင်းရဲ့အိပ်မက်ပါ။

အထူးသဖြင့် ဓလေ့ထုံးတမ်းကို အလွန်အမင်းတန်ဖိုးထားတဲ့ အိန္ဒိယနိုင်ငံမှာပေါ့။

အိန္ဒိယနိုင်ငံသားဖြစ်သူ အဂျေးမူနော့ဒ် (Ajay Munot) ဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဟာ သမီးဖြစ်သူရဲ့ မင်္ဂလာဆောင်အတွက် အမေရိကန်ဒေါ်လာ ၁၁ သန်းခန့် အကုန်အကျခံပြီး အများနဲ့မတူတဲ့ လက်ဖွဲ့ကို ပေးအပ်ခဲ့ပါတယ်။

ပရိသတ်ကြီးတို့တော့ စဉ်းစားနေမှာပေါ့။ “ဒေါ်လာ ၁၁ သန်းကိုသုံပြီး ဘာများလုပ်ခဲ့သလဲ”ဆိုပြီး။ ဟုတ်ပါတယ်။ ကျွန်မလည်း ဒါမျိုးအတွေးလေးဝင်ခဲ့ပါသေးတယ်။

အထည်အလိပ်နဲ့ ဂျုံလုပ်ငန်းကိုလုပ်ကိုင်သူ အဂျေးဟာ သမီးဖြစ်သူရဲ့ မင်္ဂလာပွဲအထိမ်းအမှတ်အဖြစ် သူ့ရဲ့စုဆောင်းငွေတွေထဲက ၂၅% ကို အိမ်အလုံး ၉ဝ ဆောက်လုပ်ဖို့ အသုံးချခဲ့ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အဲဒီအိမ်အလုံး (၉ဝ)ကို အိမ်ခြေယာမဲ့ဆင်းရဲသားတွေအတွက် ရည်ရွယ်ပြီး ၂ဧကအကျယ်ရှိတဲ့ မြေကွက်ပေါ်မှာ ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ သတို့သားနဲ့ သတို့သမီးဟာ လက်ဖွဲ့ငွေတွေကို မပိုင်ဆိုင်ရပေမဲ့လည်း ဖခင်ဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကို ဝမ်းသာပျော်ရွှင်စွာနဲ့ သဘောတူခဲ့ကြပါတယ်။

အဂျေးဆောက်လုပ်ပေးခဲ့တဲ့ အိမ်လေးတွေဟာ ၁၂ပေ × ပေ ၂ဝ ကျယ်ဝန်းပြီး ပြတင်းပေါက် ၂ပေါက်စီပါဝင်ပါတယ်။ အိမ်လေးတွေကို လှပစွာဆေးသုတ်ထားပြီး ရေမီး စုံလင်စွာပါဝင်ပါတယ်။

အဂျေးဟာ သူ့အိမ်လေးတွေမှာ တကယ်ဆင်းရဲပြီး လူနေမှုနိမ့်ကျနေသူတွေ၊ နေစရာအိမ်တစ်လုံး တကယ်လိုအပ်နေသူတွေကိုသာ စိစစ်ရွေးချယ်ပြီး နေထိုင်စေခဲ့ပါတယ်။ အရေးကြီးဆုံးအချက်အနေနဲ့ မူးယစ်ဆေးစွဲနေသူ၊ အရက်စွဲနေသူတွေကို လုံးဝနေထိုင်ခွင့်မပြုခဲ့ပါဘူး။

အင်မတန် အားကျစရာကောင်းတဲ့ စိတ်ဓာတ်လေးပဲနော်။ ကိုယ်ကိုယ်တိုင် ချမ်းသာကြွယ်ဝအောင်တော့ လူအများစုက လုပ်နိုင်ကြပေမယ့် အများကိုသယ်ပိုးတဲ့အလုပ်တွေကိုတော့ အနည်းအကျဉ်းကသာ လုပ်နိုင်ကြတာပါ။

စာဖတ်ပရိသတ်ကြီးလည်း ပရဟိတစိတ်ဓာတ်လေးမွေးမြူရင်း အများအကျိုးသယ်ပိုးသူတွေ ဖြစ်ကြပါစေလို့ ဂန္တဝင်မဂ္ဂဇင်းမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။

ကြိုက်နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။