မိန်းမသားတစ်ယောက်ကို ဆွဲဆောင်မှုရှိအောင် ဘယ်အရာတွေက ကူညီပံ့ပိုးပေးနေတာလဲ

blank

“မိန်းမပျိုတစ်ယောက်ကို ဆွဲဆောင်မှုရှိအောင် ဘယ်အရာတွေက ကူညီပံ့ပိုးပေးနေတာလဲ”။ ဒီမေးခွန်းကို ကျွန်မတို့ အချိန်အကြာကြီး အဖြေရှာခဲ့ပေမဲ့ တိကျသေချာတဲ့ အဖြေထွက်မလာခဲ့ပါဘူး။ ဒါပေမဲ့ နှစ်ပေါင်းများစွာ လေ့လာပြီးတဲ့အချိန်မှာ နိုင်ငံအသီးသီးက သုတေသနပညာရှင်တွေဟာ ဒီအဖြေကို တွေ့ရှိခဲ့ကြပါတယ်။

အောက်ပါ အချက် (၈)ချက်ကတော့ သိပ္ပံပညာရှင်တွေ အဖြေထုတ်ခဲ့ကြတဲ့ အမျိုးသမီးတစ်ယောက်ကို ပိုမိုဆွဲဆောင်မှုရှိစေနိုင်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။

၁။ ဟာသဉာဏ်ရွှင်ပြီး ပျော်ပျော်နေတတ်တဲ့ အမူအကျင့်လေးက ဆွဲဆောင်မှုရှိတဲ့ ချစ်စရာအပြုအမူလေးတစ်ခုဖြစ်ပါတယ်။

၂။ တစ်ယောက်တည်းနေတာထက် သူငယ်ချင်းတွေအများကြီးကြားမှာ အမြဲလိုလို ရှိနေတတ်တာကလည်း ပိုပြီး မှတ်မိလွယ်စေတဲ့ ဆွဲဆောင်မှုတစ်ရပ်ဖြစ်ပါတယ်။

၃။ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့ ကိုယ်နေဟန်ထားက လူအများကြားမှာ ပိုမိုပေါ်လွင်စေပြီး ဆွဲဆောင်မှုရှိတဲ့ မိန်းမပျိုတစ်ယောက်အဖြစ် ထင်ဟပ်စေပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ပြောဆိုဆက်ဆံမှုကောင်းမွန်ခြင်းက ထူးခြားတဲ့ဆွဲဆောင်မှုတစ်ရပ်ဖြစ်ပါတယ်။ အထူးသဖြင့် လူအများကြားမှာ ကိုယ့်အကြောင်းကို စိတ်ဝင်စားအောင် ပြောပြရတာမျိုးပေါ့။

၅။ ခေါင်းဆောင်နိုင်မှုစွမ်းရည်ထက်မြက်တဲ့ အမျိုးသမီးတွေဟာ အခြားအမျိုးသမီးတွေထက် ပိုပြီးဆွဲဆောင်မှုရှိတယ်လို့ ထင်ရပါတယ်။ ဥပမာ- ကုမ္ပဏီတစ်ခုက ဝန်ထမ်းတွေက သူတို့ရဲ့ CEO အမျိုးသမီးကို အခြားအမျိုးသမီးတွေထက် ပိုပြီး ဆွဲဆောင်မှုရှိတယ်လို့ ထင်နေသလိုပေါ့။

၆။ လှပသက်ဝင်တဲ့ အပြုံးချိုချိုလေးတွေကလည်း ပိုမိုဆွဲဆောင်မှုရှိစေသလို ဖော်ရွေပျူငှာမှုကိုပါ ဖော်ပြနေသလို ဖြစ်စေပါတယ်။

၇။ သူတစ်ပါးအပေါ် ကြင်နာစွာ ဆက်ဆံတတ်ပုံကလည်း အခြားသူတွေထက်ပိုပြီး ဆွဲဆောင်မှုရှိစေတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။

၈။ အခြားသူတွေကို အတုမခိုးဘဲ ကိုယ့်ရဲ့ ပင်ကိုယ်စရိုက်သဘာဝအတိုင်း ပြုမူနေထိုင်တာကလည်း လူအများကို ဆွဲဆောင်နိုင်တဲ့ ရိုးသားတဲ့ အပြုအမူလေးဖြစ်ပါတယ်။

ကြိုက်နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။ သင့်ထင်မြင်ချက်လေးတွေကို comment box မှာ မျှဝေပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။