အဖိုးတန်ဆုံးအရင်းအနှီးဖြစ်တဲ့ အချိန်တွေကို အရှုံးမရှိအောင် ဘယ်လိုအမြတ်ထုတ်ကြမလဲ။

blank
၁။ မိမိရဲ့ ပစ္စည်း၊ပစ္စယတွေကို စနစ်တကျထားပါ။

မိမိရဲ့အလုပ်စားပွဲတွေ၊ စာအုပ်တွေကို စနစ်တကျထားခြင်းဟာ ရှာဖွေနေရတဲ့ အချိန်တွေကို သက်သာစေတဲ့အတွက် ပစ္စည်းတွေကို နေရာမှန်ထားပါ။

၂။ အစီအစဉ်ရေးဆွဲပါ။

မိမိလုပ်ရမယ့်အလုပ်တွေကို တစ်ရက်စာ၊တစ်ပတ်စာ၊တစ်လစာ စသဖြင့် အစီအစဉ်ရေးဆွဲထားပြီး မြင်သာတဲ့နေရာမှာ ကပ်ထားပါ။ အဲဒီလိုလုပ်ခြင်းဟာ အရေးကြီးတဲ့အကြောင်းအရာတွေကို မလစ်ဟင်းစေတဲ့အပြင် အချိန်တွေကိုလည်းကောင်းစွာစီမံနိုင်စေပါတယ်။

၃။ အရေးကြီးတဲ့အကြောင်းအရာတွေကို အရင်လုပ်ပါ။

မိမိလုပ်ရမယ့်အလုပ်တွေကို အရေးကြီးတဲ့ပေါ်မူတည်ပြီး နံပါတ်တပ်ပြီးချရေးထားပါ။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ထိရောက်စွာလုပ်ပါ။

မြန်ချင်ဇောနဲ့ အမြန်လုပ်တာဟာ အမှားများစေပြီး အချိန်ကြန့်ကြာစေပါတယ်။ ဒါ့ကြောင့်တစ်ခါတည်းနဲ့ ထိရောက်မှုရှိအောင်လုပ်တာက အလုပ်ကိုပိုတွင်စေပါတယ်။

၅။ အာရုံစူးစိုက်ပါ။

အလုပ်တွေအများကြီးကို တစ်ပြိုင်တည်းလုပ်မယ့်အစား တစ်ချိန်တည်းမှာ အလုပ်တစ်ခုတည်းကိုပဲ အာရုံစူးစိုက်ပြီး တစိုက်မတ်မတ်လုပ်ပါ။

၆။ အလုပ်ပြီးအောင်လုပ်ပါ။

တစ်ခုခုကို လုပ်ရင်းတန်းလန်းထားတတ်တဲ့အကျင့်ကို ပြင်ပါ။ မိမိစတင်လိုက်တဲ့အလုပ်တွေတိုင်းကို ပြီးစီးအောင်လုပ်တတ်တဲ့အကျင့်ကို မွေးမြူပါ။

၇။ ရွှေ့ဆိုင်းတတ်တဲ့အကျင့်ကိုပြင်ပါ။

လူအများစုဟာ ခက်ခဲတဲ့အလုပ်တွေကို ရွှေ့ဆိုင်းထားပြီး လွယ်ကူတဲ့အလုပ်တွေကို အရင်လုပ်ချင်ကြပါတယ်။ အဲဒီလိုလုပ်ခြင်းဟာ အလုပ်ပုံစေပြီး ဖြေရှင်းရခက်တာမျိုးတွေဖြစ်စေပါတယ်။

၈။ အစီအစဉ်တကျလုပ်ပါ။

တစ်ခုခုကို လုပ်ဖို့စိတ်ကူးထားပြီးပြီဆိုရင် ပြီးစီးတဲ့အထိအစီအစဉ်တကျလုပ်ပါ။ အမြဲတမ်းအတွက် အဲဒီအစဉ်တွေကို ဆက်လက်လုပ်ဆောင်နိုင်ဖို့ကြိုးစားပါ။

သင့်အတွက် အသုံးဝင်တယ်ဆိုရင် သူငယ်ချင်းတွေဖတ်ဖို့လည်း ဝေမျှပေးလိုက်ပါနော်။