ဂျပန်လူမျိုးတွေရဲ့ အပျင်းရောဂါ ကုသနည်း

blank

ကျွန်မတို့အများစုဟာဘဝအတွက် ရည်မှန်းချက်ပန်းတိုင်တွေများစွာချမှတ်တတ်ကြပေမဲ့ အမှန်တကယ် အကောင်အထည်ဖော်ဖို့တော့ ပျင်းရိနေတတ်ကြပါတယ်။ အစပိုင်းမှာအင်တိုက်အားတိုက် အလုပ်လုပ်တတ်ကြပေမဲ့ အနည်းငယ်လောက်ကြိုးစားပြီးတာနဲ့ နောက်ပိုင်းမှာပျင်းသွားကြပြန်ရော။ အဲဒါနဲ့ပဲ ရည်မှန်းချက်တွေဟာ ချသာချမှတ်ဖြစ်လိုက်ပြီး အကောင်အထည် မဖော်နိုင်ဖြစ်သွားတော့တာပါပဲ။ ဒါ့ကြောင့် ကျွန်မတို့နဲ့ အောင်မြင်မှု အကြားနာတာရှည်စွဲကပ်နေတဲ့ အပျင်းရောဂါကိုအချိန်မှီကုသဖို့လိုအပ်ပါတယ်။

ဂျပန်လူမျိုးတွေကတော့ အပျင်းရောဂါကိုကုဖို့အတွက် Kaizen နိယာမလို့ခေါ်တဲ့ တစ်မိနစ်အပျင်းပျောက်နည်းကို အသုံးပြုခဲ့ကြပါတယ်။ “kai” ဆိုတာ “အပြောင်းအလဲ” လို့ အဓိပ္ပါယ်ရပြီး “zen” ဆိုတာ “အသိပညာ” လို့ အဓိပ္ပါယ်ရပါတယ်။ အလေ့အကျင့်ကောင်းတစ်ခုကို စတင်တဲ့အချိန်မှာ ပျင်းရိတတ်တဲ့သူတွေအတွက် သိပ်ကိုအသုံးဝင်တဲ့ နည်းလမ်းလေးတစ်ခုပါ။ ဤဆောင်းပါးကိုဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒီနည်းလမ်းလေးကတော့ မိမိရည်ရွယ်ထားတဲ့ အလုပ်ကလွဲပြီး အခြားအရာတွေဘက် မရောက်အောင် တစ်မိနစ်တိတိ စိတ်ကိုထိန်းချုပ်ပြီး အလုပ်လုပ်ခြင်းပါ။ “သတ်မှတ်ထားတဲ့ တစ်မိနစ်အတွင်း စာဖတ်တာကလွဲပြီး ဘာမှမလုပ်ဘူး။ ဖုန်းမကိုင်ဘူး။ ရေထမသောက်ဘူး” စသဖြင့် မိမိကိုယ်ကို စိန်ခေါ်ထားရမှာပါ။

အရေးကြီးတာကတော့ နေ့တိုင်းနေ့တိုင်းမှာ အချိန်မှန်လေ့ကျင့်ဖို့ပဲ ဖြစ်ပါတယ်။ မိမိအရင်က စိတ်မပါခဲ့တဲ့အရာတွေဖြစ်ခဲ့ရင်တောင် တဖြည်းဖြည်းနဲ့ လေ့ကျင့်ပြီးသွားချိန်မှာတော့ အဲဒီအရာဟာ မိမိရဲ့အကျင့်တစ်ခုဖြစ်လာပါတော့တယ်။ တဖြည်းဖြည်းနဲ့ အချိန်တွေကို တိုးသွားပြီး လေ့ကျင့်သွားတဲ့အခါ တစ်မိနစ်ကနေစခဲ့တဲ့ ခြေလှမ်းလေးတစ်လှမ်းဟာ အောင်မြင်မှုဆီကိုဦးတည်ပေးတဲ့ ခြေလှမ်းတွေဖြစ်လာပါတယ်။ အလေ့အကျင့်ကောင်းက ခိုင်မာနေတဲ့အခါ အပျင်းရောဂါကလည်း ဝေးဝေးကိုထွက်သွားရပြီပေါ့။

ပရိသတ်ကြီးရေ…

ကျွန်မတို့နဲ့ အောင်မြင်မှုအကြားကာဆီးထားတဲ့ အပျင်းရောဂါကိုကုသဖို့ တစ်ရက်ကို တစ်မိနစ်ပဲပေးကြည့်ပြီး အလေ့အကျင့်ကောင်းတွေကို မွေးမြူလိုက်ပါနော်။ “မိုင်တစ်ထောင်သောခရီးကို ပထမခြေလှမ်းဖြင့်စရသည်” လို့ပြောသလိုပဲ ဘဝတစ်ခုလုံးအတွက် လိုအပ်တဲ့ အလေ့အကျင့်ကောင်းတွေကို မွေးမြူပြီး ရည်မှန်းချက်တွေကို လက်တွေ့အကောင်အထည် ဖော်နိုင်ကြပါစေရှင်။

Tip လေးက သင့်အတွက် အသုံးဝင်ရင် သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါဦး။