ရိုင်းပျမှုတွေကို ဗုဒ္ဓတရားတော်နဲ့အညီမေတ္တာထားတုံ့ပြန်နိုင်စေဖို့

blank

ဂန္ထဝင်ချစ်သူတို့ရေ…

လူအမျိုးမျိုးစိတ်အထွေထွေရှိနေတဲ့လောကကြီးမှာ သင့်အနေနဲ့ အတန်းထဲမှာ၊ အလုပ်ထဲမှာ၊ အိမ်နီးချင်းတွေထဲမှာ ပေါင်းသင်းဆက်ဆံရခက်ခဲတဲ့သူမျိုးတွေနဲ့ မလွှဲမရှောင်သာ တွေ့ကြုံရတတ်ပါ တယ်။  အဲဒီလိုလူတွေနဲ့ အဆင်ပြေအောင်ဆက်ဆံဖို့က တစ်နည်းပဲရှိပါတယ်။ အဲဒီ နည်းလမ်းက တော့ ဗုဒ္ဓဘုရားဟောမိန့်တော်မူခဲ့တဲ့ မေတ္တာလမ်းစဉ်ပဲဖြစ်ပါတယ်။ တစ်ဖက်သားရဲ့ အနှုတ်လက္ခဏာ ဆောင်တဲ့အပြုအမူတွေ၊ ရိုင်းစိုင်းမှုတွေနဲ့ မထီမဲ့မြင်ပြုမှုတွေ ကို သင့်ရဲ့ စိတ်ရှည်သည်းခံမှုနဲ့ အနိုင်ယူ နိုင်ပါတယ်။  ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဥပမာ… သင်ဟာ သင့်အပေါ်အလေးမထားတဲ့ အလုပ်ရှင်အတွက် နေ့စဉ်ကော်ဖီဖျော်ပေးရတဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်တယ်ဆိုကြပါစို့။ သင့်စေတနာအတွက် ကျေးဇူးတင်ဖော်မရတဲ့အပြင် ကောင်း ကောင်းမွန်မွန်လည်း မဆက်ဆံဘူးဆိုရင် သင့်အနေနဲ့ ကသိကအောက်ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒါ ကြောင့် စိတ်မပျက်ပါနဲ့။ ခါတိုင်းထက်ပိုပြီး စေတနာမေတ္တာအပြည့်နဲ့ ကော်ဖီကိုပိုကောင်းအောင် ဖျော် ပေးပါ။ သင့်အလုပ်ရှင်ကြိုက်နှစ်သက်တဲ့မုန့်လေးကိုပါ ထည့်ယူသွားပါ။ ပြုံးပြပါ။ အပြုံးဆိုတာ တင်းမာ တဲ့အခြေအနေတစ်ခုကို ပြေလျော့စေတဲ့ အကောင်းဆုံးဆေးစွမ်းတစ်လက်ပဲဖြစ်ပါတယ်။ ကြာလာတဲ့ အခါ ကောင်းမွန်တဲ့ကော်ဖီအရသာနဲ့အတူ သင့်ရဲ့စေတနာတွေကိုပါ သိမြင်လာပြီး အသိအမှတ်ပြု တာ၊ စကားစမြည်ပြောဆိုလာတာ၊ ကျေးဇူးတင်စကားပြောတဲ့အထိ တိုးတက်လာပါလိမ့်မယ်။

ဒါဟာ မေတ္တာတရားနဲ့ စိတ်ရှည်သည်းခံခြင်းတို့ရဲ့ အသီးအပွင့်တွေလည်း ဖြစ်ပါတယ်။ ဒီလို ဖြစ်ဖို့ အချိန်ယူရတာရှိပေမဲ့ စိတ်ရှည်သည်းခံမှုဆိုတာ သင့်အတွက် ဘယ်တော့မှ အရှုံးမရှိပါဘူး။ ရိုင်း ပျမှုကို ရိုင်းပျမှုနဲ့တုန့်ပြန်ခြင်းက ရလဒ်ကောင်းတွေကို မဖြစ်ပေါ်စေနိုင်ပါဘူး။ ဆိုးဝါးတဲ့ အခြေအနေ တွေကိုပဲ ဖြစ်ပေါ်စေနိုင်ပါတယ်။ တစ်ယောက်ယောက် သင့်ကို ရိုင်းပျစွာဆက်ဆံလာခဲ့ရင်လည်း စိတ် ရှည်သည်းခံခြင်းနဲ့သာ ရင်ဆိုင်ပြီး စေတနာမေတ္တာနဲ့သာ တုံ့ပြန်အနိုင်ယူလိုက်ပါ။

ဆောင်းပါးလေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။