မေတ္တာနဲ့သည်းခံခြင်းက ရိုင်းပျမှုကိုအနိုင်ယူဖို့ အကောင်းဆုံးလက်နက်

blank

ပရိသတ်ကြီးရေ…

တစ်ခါတုန်းက ရုပ်ဆိုးပြီး ဆိုးရွားကြမ်းတမ်းတဲ့၊ အနံ့အသက်မကောင်းတဲ့ ဘီလူးကြီးတစ် ကောင်ဟာ ဧကရာဇ်မင်းနဲ့ တွေ့ဆုံဖို့ ရောက်လာခဲ့ပါတယ်။ ဘီလူးကြီးလမ်းလျှောက်လာတာကို လှမ်း မြင်လိုက်ကြတဲ့အစောင့်တွေဟာ ရိုင်းပျတဲ့စကားလုံးတွေနဲ့ ခြိမ်းခြောက်ကြပါတော့တယ်။ ဘီလူးကြီး ဟာ ခန္ဓာကိုယ်အရွယ်အစား ပိုမိုကြီးထွားလာပြီး ရုပ်လည်း ပိုဆိုးလာပါတယ်။ အနံ့အသက်တွေလည်း ပိုမိုဆိုးဝါးလာပါတယ်။  ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အစောင့်တွေဟာ သူတို့ရဲ့ဓားတွေနဲ့ ဘီလူးကြီးရဲ့ရှေ့မှာ ဝှေ့ယမ်းပြီး အော်ဟစ်ကြတယ်။ အဲ့ဒီအပြုအမူကြောင့် ဘီလူးကြီးဟာ အရွယ်အစား နောက်ထပ်ကြီးထွားလာပြန်တယ်။ အနံ့လည်း ပိုပြင်းလာပါတယ်။ အရွယ်အစားကြီးလာရင်း တဖြည်းဖြည်းနဲ့တံတိုင်းတစ်ဝက်ကို ရောက်လာပါတယ်။ အစောင့်တွေနဲ့ ဘီလူးကြီးတို့ရဲ့ ဖြစ်ပျက်နေတာတွေကို တွေ့မြင်လိုက်တဲ့  ဧကရာဇ်မင်းကြီးဟာ အပြင်ကိုထွက်လာပြီး ဘီလူးကြီးကို “လာခဲ့ပါ” လို့ ကောင်းမွန်စွာ ဖိတ်ခေါ်လိုက်တယ်။ အဲ့ဒီ စကားသံ ကြားရချိန်မှာ ဘီလူးကြီးဟာ ခန္ဓာကိုယ်အရွယ်အစားသေးငယ်သွားပြီး အနံ့အသက်လည်း လျော့ပါး သွားတယ်။ ကြောက်စရာရုပ်ဆင်းအင်္ဂါကလည်း လျော့ပါးသွားပါတယ်။ ဧကရာဇ်မင်းက ဘီလူးကြီးကို အစာရေစာ တွေကျွေးမွေးဖို့ ဖိတ်ခေါ်လိုက်တော့ ပိုမိုသေးငယ်သွားပြန်ပါတယ်။  ဧကရာဇ်မင်းက မေတ္တာတရားနဲ့ ပြောလေလေ၊ ဘီလူးကြီးဟာ သေးငယ်ပြီး ရန်ပြုလိုတဲ့အသွင်တွေလည်း လျော့ပါး သွားလေလေပါ။

ဒီပုံပြင်လေးကို ဖတ်ရတဲ့အခါ မေတ္တာဓာတ်ပါတဲ့ဆက်ဆံမှုဟာ ကြမ်းတမ်းတဲ့ဘီလူးကြီးကို တောင် ယဉ်ကျေးသိမ်မွေ့သွားစေတာကို တွေ့နိုင်ပါတယ်။ ဒါကြောင့် သင့်ဝန်းကျင်မှာ ရိုင်းပျ ကြမ်းတမ်းသူတွေနဲ့ တွေ့ကြုံတဲ့အခါ ရန်ကို ရန်ချင်းမတုံ့နှင်းဘဲ စိတ်ရှည်သည်းခံမှုနဲ့ မေတ္တာ တရားတွေပေးပြီး ငြိမ်းချမ်းစွာ အနိုင်ယူလိုက်ပါ။

ဆောင်းပါးလေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။