မှတ်သားအတုယူစရာ အောင်မြင်သူတို့ရဲ့နည်းလမ်းအဖြာဖြာ

blank

၁။ အောင်မြင်သူတွေဟာ ဝမ်းနည်းစရာတွေနဲ့အချိန်ဖြုန်းမနေကြဘူး။ ဘယ်အခြေအနေပဲကြုံကြုံ ရှေ့ဆက်လျှောက်ဖို့ ကြိုးစားကြတယ်။

၂။ အောင်မြင်သူတွေဟာ ခွန်အားတွေကို အလဟဿဆုံးရှုံးမခံဘဲ စည်းစနစ်တကျ ထိန်းသိမ်း တတ်ကြတယ်။

၃။ အောင်မြင်သူတွေဟာ အပြောင်းအလဲတွေကို မကြောက်ရွံ့ဘဲ စိန်ခေါ်မှုတွေကို ကြိုဆိုကြတယ်။  ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၎။ အောင်မြင်သူတွေဟာ မတတ်နိုင်တဲ့ကိစ္စတွေကို စိတ်ပျက်မနေဘဲ ဘဝကို ပျော်ရွှင်စွာနေထိုင်ကြ တယ်။

၅။ အောင်မြင်သူတွေဟာ ကြင်နာတတ်ကြပြီး တခြားသူတွေသဘောကျတာခံရဖို့ထက် တရားမျှတ မှုကို ပိုအလေးထားတတ်ကြတယ်။

၆။ အောင်မြင်သူတွေဟာ စွန့်စားမှုကို နှစ်သက်ကြပြီး မစွန့်စားခင် သေချာစဉ်းစားတတ်ကြတယ်။

၇။ အောင်မြင်သူတွေဟာ ခွန်အားတွေကို ပြီးခဲ့တဲ့အတိတ်အတွက် ကုန်ဆုံးမခံဘဲ ပစ္စုပ္ပန်ကာလ အတွက် ထိရောက်စွာ အသုံးချတတ်ကြတယ်။

၈။ အောင်မြင်သူတွေဟာ တာဝန်ယူတတ်ကြပြီး အမှားတွေကိုလည်း ထပ်ခါတလဲလဲ မကျူးလွန် ကြဘူး။

၉။ အောင်မြင်သူတွေဟာ တခြားသူတွေရဲ့ အောင်မြင်မှုကို မနာလိုဝန်တိုစိတ်ကင်းပြီး ဝမ်းသာဂုဏ်ယူ ပေးတတ်ကြတယ်။

၁ဝ။ အောင်မြင်သူတွေဟာ အရှုံးတွေကိုလက်ခံတတ်ကြပြီး အရှုံးတစ်ခုစီတိုင်းမှာ တိုးတက်ဖို့ အခွင့် အရေးတစ်ခုစီပါတယ်လို့ သိမြင်ထားကြတယ်။

၁၁။ အောင်မြင်သူတွေဟာ ကိုယ်ပိုင်အစွမ်းအစရှိတာကြောင့် တစ်ယောက်တည်းရှိနေရင်လည်း ပျော်အောင်နေတတ်ကြတယ်။

၁၂။ အောင်မြင်သူတွေဟာ သူများနှာခေါင်းပေါက်နဲ့ အသက်မရှူကြဘဲ ကိုယ်ပိုင်အရည်အချင်းနဲ့သာ အောင်မြင်အောင် ကြိုးစားတတ်ကြတယ်။

၁၃။ အောင်မြင်သူတွေဟာ ကောက်ရိုးမီးလိုအောင်မြင်မှုထက် ရေရှည်အောင်မြင်မှုရဖို့ကို ပိုတန်ဖိုး ထားကြိုးစားတတ်ကြတယ်။

၁၄။ အောင်မြင်သူတွေဟာ ယုံကြည်ရာအနှစ်သာရတွေနဲ့ပဲ ဘဝကို တန်ဖိုးဖြတ်ကြတယ်။ ဘယ်အခြေအနေမှာဖြစ်ဖြစ် အဲ့ဒီတန်ဖိုးကို ထိပါးမခံကြဘူး။

၁၅။ သူတို့ဟာ သူတို့ရဲ့ဉာဏ်စွမ်းရည်တွေကို လိမ္မာပါးနပ်စွာ အသုံးချတတ်ကြတယ်။ သူတို့ရဲ့ အချိန်တွေကို အဓိပ္ပာယ်မရှိတဲ့အတွေးတွေနဲ့ မဖြုန်းတီးတတ်ကြဘူး။

၁၆။ အောင်မြင်သူတွေဟာ အနှုတ်လက္ခဏာဆောင်တဲ့အတွေးတွေအစား အလုပ်ပိုလုပ်ဖို့ စဉ်းစားတတ်ကြတယ်။

၁၇။ အောင်မြင်သူတွေဟာ လိုရာပန်းတိုင်ရောက်ဖို့ ကျော်ဖြတ်ရတဲ့အခက်အခဲတွေကို သည်းညည်းခံနိုင်ကြတယ်။

၁၈။ အောင်မြင်သူတွေဟာ ဘဝထဲက တိုးတက်မှု၊ ဆုတ်ယုတ်မှုတွေကို အမြဲစဉ်းစားသုံးသပ်ပြီး ဖြည့်ဆည်းတတ်ကြတယ်။

ဆောင်းပါးလေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။