နှလုံးသားထဲထိ နက်ရှိုင်းစွာ စိမ့်ဝင်သွားစေမယ့် ခံစားချက်စကားစုလေးများ

blank

၁။ တစ်ဖက်သတ်အချစ်က နာကျင်စရာကောင်းတယ်။ ဖွင့်ဟဝန်ခံခွင့်တောင် မရှိတဲ့အချစ်က ပိုပြီး နာကျင်ဖို့ ကောင်းတယ်။

၂။ ဘဝမှာ ဝမ်းနည်းစရာအကောင်းဆုံးအချိန်က ကိုယ်အရေးအပေးဆုံးလူရဲ့ဘဝမှာ ကိုယ်က ဘာမှ အရေးမပါဘူးဆိုတာကို သိလိုက်ရတဲ့အချိန်ပါပဲ။  ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ သူငယ်ချင်းကောင်းဆိုတာ သင်ငိုကြွေးတဲ့အခါ အတူငိုကြွေးတဲ့သူပါ။ အကောင်းဆုံးသူငယ်ချင်းက တော့ သင့်မျက်ရည်တွေသုတ်ပြီး ပျော်ရွှင်အောင်ပြုလုပ်ပေးသူပါ။

၎။ မမှားဖူးသေးသရွေ့ အမှန်တရားကို မသိပါဘူး။ အမှန်တရားနဲ့ လွဲချော်နေသေးသရွေ့လည်း အမှန် တရားကို မသိနိုင်ပါဘူး။

၅။ တိတ်တခိုးရင်ခုန်မိသွားဖို့က အချိန်တစ်မိနစ်ပဲလိုတယ်။ ကြိုက်သွားဖို့က တစ်နာရီပဲလိုတယ်။ ချစ်မိ သွားဖို့က တစ်ရက်ပဲလိုတယ်။ ဒါပေမဲ့ မေ့ပစ်ဖို့ဆိုရင်တော့ တစ်ဘဝစာလုံးလိုလိမ့်မယ်။

၆။ လိုအပ်နေသူအတွက် သင့်မှာဘာမှပေးစရာမရှိဘူးဆိုရင် အားပေးပြုံးလေးတစ်ပွင့်တော့ ပေးလိုက် ပါ။ တစ်ခါတရံမှာ အပြုံးတစ်ပွင့်က မှောင်မိုက်နေတဲ့ကမ္ဘာကြီးတစ်ခုကို လင်းလက်သွားစေလို့ပါ။

၇။ သင်မက်ချင်တဲ့ အိပ်မက်တွေကို မက်လိုက်ပါ။  သင်သွားချင်တဲ့နေရာကို သွားလိုက်ပါ။ သင်ဖြစ်ချင် တဲ့ “ သူ” ဖြစ်လိုက်ပါ။ ဘာကြောင့်လဲဆိုတော့ သင်ဖြစ်ချင်တာတွေအားလုံးဖြစ်ခွင့်ဆိုတာ သင်ပိုင်ဆိုင် ထားတဲ့ဘဝတစ်ခုတည်းမှာပဲ အကုန်ရှိနေလို့ပါ။

၈။ သူတစ်ပါးကို နာကျင်စေတဲ့စကားပြောဖို့ဆိုရင် သင်ကိုယ်တိုင် အရင်နာကျင်ရလိမ့်မယ်။

၉။ လူ့ဘဝဆိုတာ သင် ငိုပြီးမွေးဖွားလာချိန်မှာ သင့်ဘေးနားကလူတွေက ပြုံးပျော်နေကြတယ်။ သင် ပြုံးပြီး လောကကြီးထဲကထွက်ခွာသွားချိန်မှာ သင့်ဘေးနားက လူတွေက ငိုကြွေးနေကြတယ်။

၁ဝ။ အပျော်ရွှင်ဆုံးလူတွေဆိုတာ အကောင်းဆုံးတွေကို လိုချင်တဲ့သူတွေမဟုတ်ပါဘူး။ အကောင်းဆုံး တွေပြုလုပ်ရင်း အကောင်းဆုံးတွေကို ပိုင်ဆိုင်လာရတဲ့သူတွေပါ။

နှစ်သက်စရာ ဘဝအတွေးအမြင်ကောင်းလေးတွေကို အခြားသူတွေကိုပါမျှဝေဖို့ SHARE လိုက်ပါဦးနော်။