စွန့်ဦးတီထွင် လုပ်ငန်းရှင်လောင်းလျာများအတွက် အဖိုးတန်အကြံပေးစကား (၅)ခွန်း

blank

ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို စတင်ထူထောင်ပြီး အောင်မြင်အောင်ကြိုးစားနေတဲ့ လုပ်ငန်းရှင်ပေါက်စတွေရဲ့ဘဝဟာ သိပ်တော့ မလွယ်ကူလှပါဘူး။ အများတကာထက် နောက်ကျမကျန်ရအောင် နေ့မအား၊ ညမနားကြိုးစားရပါတယ်။ မိသားစုဝင်တွေ၊ ချစ်ရသူတွေ၊ သူငယ်ချင်းတွေကို နောက်မှာထားပြီး ဖောက်သည်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ဝန်ထမ်းတွေကို ဦးစားပေးဆက်ဆံရတယ်။ ဒါဟာ ဓမ္မတာတစ်ခုပါပဲ။ စစ်မှန်တဲ့ အောင်မြင်မှုဆိုတာ လွယ်လွယ်နဲ့ မရနိုင်ဘူး မဟုတ်လား။

အောင်မြင်မှုကိုရဖို့ အားသွန်ခွန်စိုက်ကြိုးပမ်းနေရတဲ့ လုပ်ငန်းရှင်အသစ်တွေအတွက် စီးပွားရေးသုတေသီအချို့က အောက်ဖော်ပြပါ အကြံပေးစကား(၅)ခွန်းကို ပြောကြားခဲ့ပါတယ်။

၁။ အခက်အခဲတွေကို ထိပ်တိုက်ရင်ဆိုင်ပါ။

၂။ ကိုယ့်ကုန်ပစ္စည်းကို ဈေးကွက်မှာ ထိုးဖောက်နိုင်အောင် ကြိုးစားပါ။ ကိုယ့်ရဲ့ ကုန်ပစ္စည်းအကြောင်းကို မိတ်ဆက်ဖို့ တွန့်ဆုတ်ရှက်ကြောက်မနေပါနဲ့။

၃။ ကိုယ်လုပ်ရမယ့် အလုပ်တာဝန်တွေ၊ ဦးတည်ချက်တွေကို ရှင်းလင်းစွာ မြင်အောင်ကြည့်ပါ။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ တစ်ကြိမ်တစ်ခါကျရှုံးတိုင်း လက်မလျှော့ဘဲ နောက်တစ်ကြိမ်ထပ်မံကြိုးစားပါ။

၅။ ကိုယ်လုပ်နေတဲ့အဖွဲ့အစည်းကို ကျစ်လျစ်စွာ ဖွဲ့စည်းပါ။ ငွေကြေးအသုံးစရိတ်တွေကအစ တိကျခိုင်မာစွာ လုပ်ဆောင်ပါ။

ဒီအကြံပေးစကားလေးတွေက တကယ်ကို တန်ဖိုးရှိတဲ့ အကြံပေးစကားလေးတွေ ဖြစ်တာကြောင့် လိုက်နာလုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ မဝေးတော့တဲ့ကာလမှာ အောင်မြင်မှုအသီးအပွင့်တွေကို ကိုယ်စီကိုယ်ငှ ဆွတ်ခူးနိုင်ကြပါစေရှင်။

မှတ်သားစရာတစ်ခုခုရလိုက်တယ်ဆိုရင် ဒီစာစောင်လေးကို SHARE လိုက်ပါ။