ပညာရပ်တိုင်းက သူ့နေရာနဲ့သူအသုံးတည့်တယ်ဆိုတာ ဖော်ပြသွားတဲ့ပုံပြင်လေးတစ်ပုဒ်

blank

တစ်ခါတုန်းက ခရီးသွားလှေကြီးတစ်စင်းပေါ်မှာ နုပျိုတဲ့ပရော်ဖက်ဆာလူငယ်နဲ့ အဘိုးအိုတစ် ယောက်တို့ တွေ့ဆုံခင်မင်ခဲ့ကြတယ်။ ညရောက်ပြီဆိုရင် အဘိုးအိုဟာ ပညာရပ်အသစ်တွေကို လေ့ လာသင်ယူဖို့ ပရော်ဖက်ဆာရဲ့ အခန်းလေးထဲကို အမြဲရောက်သွားတတ်တယ်။

ပထမညမှာ ဆုံကြတော့ ပရော်ဖက်ဆာက အဘိုးအိုကို “ အဘရေ… ပထဝီဘာသာရပ်ဆိုတာ ဘာလဲသိလား”လို့ အရင်စမေးပါတယ်။ ဤပုံပြင်လေးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

“ ကျုပ်က ကျောင်းမှမနေခဲ့ဖူးတာ။ ဘယ်သိပါ့မလဲ ပရော်ဖက်ဆာလေးရယ် ”လို့ အဘိုးအိုက ရိုးသားစွာ ပြန်ဖြေတယ်။ ပရော်ဖက်ဆာက အဘိုးအိုကိုကြည့်ပြီး သနားဂရုဏာသက်သွားသလို စုတ်သပ်တယ်။
“ ဖြစ်ရလေ အဘရယ်။ ပထဝီဆိုတာ ကမ္ဘာမြေကြီးအတွက် အရေးကြီးဆုံးဘာသာရပ်ဗျ။ အဘမသိဘူးဆိုရင် အဘဟာ ဘဝရဲ့လေးပုံတစ်ပုံအချိန်တွေကို အလဟဿဖြုန်းတီးပစ်ခဲ့တာပဲ ”

ပရော်ဖက်ဆာရဲ့စကားကြားလိုက်ရတော့ အဘိုးအိုဟာ သိပ်ကိုဝမ်းနည်းသွားရှာတယ်။ ဘဝရဲ့လေးပုံတစ်ပုံဆိုတဲ့ အဖိုးတန်အချိန်တွေကို သူဖြုန်းတီးခဲ့မိပြီဆိုပြီးတော့လည်း စိတ်မကောင်း ဖြစ်သွားတယ်။ ဒုတိယညမှာလည်း ပရော်ဖက်ဆာက ထပ်မေးပြန်ပါတယ်။

“ သမုဒ္ဒရာနဲ့ဆိုင်တဲ့ဘာသာရပ်ကိုကော သိလား အဘ ”
“ ဒါလည်း ကျုပ်မသိပါဘူး။ ကျုပ်က သိပ်ကိုအတဲ့သူပါ။ အဲဒါက ဘာကို ဆိုလိုတာပါလဲ ” လို့ အဘိုးအိုက ပြန်မေးတယ်။

“ ရေကြောင်းခရီးသွားနေပြီး ပင်လယ်သမုဒ္ဒရာနဲ့ပတ်သက်တဲ့ဘာသာရပ်ကို မသိဘူးဆိုတော့ အဘက တော်တော်သနားစရာကောင်းနေပါပြီ။ အဘရဲ့သက်တမ်းတစ်ဝက်ကို အလဟဿ ဖြုန်းတီး လိုက်သလိုပဲ ”လို့ ပရော်ဖက်ဆာက ပြန်ပြောတယ်။

အဘိုးအိုဟာ အလဟဿကုန်ဆုံးသွားတဲ့ ဘဝသက်တမ်းတစ်ဝက်အတွက် ဝမ်းနည်းမဆုံးဖြစ် သွားတယ်။

တတိယမြောက်ညမှာတော့ ပရော်ဖက်ဆာက “ အဘရေ… မိုးလေဝသအတတ်ပညာ ဆိုတာ သိလား”လို့ မေးခွန်းထုတ်ပြန်ပါတယ်။ ဒီတစ်ခါလည်း အဘိုးအိုမသိပြန်ပါဘူး။

ပရော်ဖက်ဆာက သနားခြင်းကြီးလှစွာနဲ့ “ အဘရယ်… အဘက ပထဝီအကြောင်းကိုလည်း မသိဘူး။ သမုဒ္ဒရာအကြောင်းလည်းမသိဘူး။ အခုလည်း မိုးလေဝသအတတ်ပညာဆိုတာကို မသိပြန် ဘူး။ သိသင့်တာတွေမသိဘဲ အသက်ကြီးလာရတဲ့အဘရဲ့ဘဝအချိန်တွေကို နှမြောစရာကောင်းလိုက် တာ ” လို့ ပြောတယ်။ အဘိုးအိုကလည်း ကုန်ဆုံးသွားတဲ့အချိန်တွေအတွက် ဝမ်းနည်းနှမြောဖြစ်နေ တယ်။

လေးရက်မြောက်ညမှာတော့ အဘိုးအိုဟာ ပရော်ဖက်ဆာရဲ့အခန်းထဲကို အမြန်ပြေးဝင်သွား ပြီး အလျင်စလိုမေးလိုက်တယ်။

“ ရေကူးနည်းအတတ်ပညာအကြောင်းကို သိလား ပရော်ဖက်ဆာလေး ”
“ ကျွန်တော်သိတာတွေ လောကကြီးမှာအများကြီးရှိတယ်။ ဒါပေမဲ့ ရေကူးနည်းတော့မသိဘူး” လို့ ပရော်ဖက်ဆာက ပြန်ဖြေတယ်။

“ ဒါဆို ရေဘယ်လိုကူးရမယ်ဆိုတာ ပရော်ဖက်ဆာလေး မသိဘူးပေါ့ ” လို့ အဘိုးအိုက သေချာအောင် ထပ်မေးလိုက်တယ်။
“ မသိဘူး အဘ။ ကျွန်တော့်ဘဝမှာ အဲ့ဒီထက်အရေးကြီးတဲ့ပညာတွေသင်ယူနေရလို့ ရေကူးသင်ဖို့ အချိန်တောင်မရှိခဲ့ဘူး ”လို့ ပရော်ဖက်ဆာက ဝန်ခံတယ်။

အဘိုးအိုက ပရော်ဖက်ဆာကို ကြည့်ပြီး “ အိုး သနားစရာ ပရော်ဖက်ဆာလေး။ သင့်ဘဝ ရဲ့အချိန်တွေအားလုံးကို သင်ဖြုန်းတီးခဲ့မိပြီ။ အခုအချိန်မှာ သင်သာ ရေကူးနည်းအတတ်ပညာကို သိခဲ့ရင် ကမ်းခြေကို ကျုပ်အတူ ရေကူးသွားနိုင်မှာပဲ။ ဘာကြောင့်လဲဆိုတော့ သဘောင်္ကအခု နစ်မြုပ်နေပြီလေ” လို့ ပြန်ပြောလိုက်တော့တယ်။

ပရိသတ်ကြီးရေ… ပုံပြင်လေးကတော့ဒါပါပဲ။ ပညာရပ်တိုင်းက သူ့နေရာနဲ့သူ အသုံးတည့် တယ်ဆိုတာကို ပုံပြင်လေးက အကောင်းဆုံးသင်ခန်းစာပေးသွားပါတယ်။ ပုံပြင်လေးကိုဖတ်ပြီး အားလုံးလည်း တွေးဆဆင်ခြင်နိုင်ကြပါစေရှင်။ ပုံပြင်လေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။