“ပြိုင်တူတွန်းလျှင် ရွှေ့နိုင်ပါသည်” ဆိုတာကို ဖော်ပြသွားသော ဇာတ်လမ်းလေးတစ်ပုဒ်

blank

တစ်ခါက လူငယ်လေးတစ်ယောက်ဟာ သူ့အဖေနဲ့အတူ သစ်တောတစ်ခုကိုဖြတ်ပြီး လျှောက်လာခဲ့တယ်တဲ့။ သားအဖနှစ်ယောက်ဟာ စကားတပြောပြောနဲ့ လျှောက်လာပြီး မကြာခင်မှာပဲ သစ်ကိုင်းကြီးတစ်ကိုင်း ပိတ်မိနေတဲ့ လမ်းခုလတ်တစ်နေရာကို ရောက်လာခဲ့တော့တယ်။ လူငယ်လေးဟာ သူ့အရွယ်ထက် အဆမတန်ကြီးမားတဲ့ သစ်ကိုင်းကြီးကို မပြီးရွှေ့ပေးချင်စိတ်ပေါက်လာပေမယ့် သူ့ကိုယ်သူ မ နိုင်မှာမဟုတ်ဘူးဆိုတဲ့ စိတ်လေးလည်း ဖြစ်ပေါ်နေတယ်တဲ့။ အဲ့ဒါနဲ့ပဲ လူကလေးဟာ

“ အဖေ… သားဒီသစ်ကိုင်းကြီးကို မ နိုင်လိမ့်မယ်လို့ ဖေဖေထင်လား” လို့ သူ့အဖေကို မေးလိုက်သတဲ့။ ဖခင်ဖြစ်သူက-

“သားသာ အားအကုန်သုံးပြီး မ မယ်ဆိုရင် ရွှေ့နိုင်တာပေါ့ကွယ်” လို့ အားပေးပြောဆိုလိုက်တာပေါ့။

ဖခင်ရဲ့ပြောစကားကြောင့် အားတက်လာတဲ့ ကောင်ကလေးဟာ ခါးတောင်းကိုမြှောင်နေအောင် ကျိုက်၊အားအကုန်သုံးပြီး သစ်ကိုင်းကြီးကို ကြိုးစားပြီး မ တော့သတဲ့။ သူကချွေးတွေထွက်အောင် မ ပေမယ့် သစ်ကိုင်းကြီးကတော့ တုတ်တုတ်မျှတောင်မလှုပ်ဘူးတဲ့။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကောင်ကလေးဟာ စိတ်ပျက်သွားပြီး-

“တွေ့လားဖေဖေ ဒီသစ်ကိုင်းကြီးက သားထက်တောင်လေးမယ်ထင်တယ်။ သားအားတွေ ကုန်သွားပေမယ့် သစ်ကိုင်းကြီးက ရွှေ့တောင်မရွှေ့ဘူး” လို့ အားငယ်တဲ့ အသံလေးနဲ့ ပြောသတဲ့။

သူ့အဖေက-

“ အားကုန်သုံးပြီး နောက်တစ်ခါ ထပ်မကြည့်” လို့ပြောလိုက်သတဲ့။

ကောင်ကလေးဟာ သစ်ကိုင်းကို နောက်တစ်ခါမကြည့်ပေမယ့် သစ်ကိုင်းရဲ့ သစ်ရွက်လေးတွေ ကိုတောင် ရွှေ့အောင်မလုပ်နိုင်ဘူးတဲ့။

“ အဖေက သားပြောတာမှ မယုံဘဲ။ သားအားတွေအကုန်သုံးတာတောင် သစ်ကိုင်းက ရွှေ့မှ မရွှေ့တာ” လို့ ခပ်စွာစွာပြောပြီး ထိုင်နေတော့တယ်တဲ့။

အဲဒီတော့မှ သူ့အဖေက သူ့အနားမှာထိုင်ပြီး-

“ သားကို အဖေက အားအကုန်သုံးလို့ပြောတာကို သားက သားခန္ဓာကိုယ်က အားတွေကို ပြောတာမဟုတ်ဘူးသားရဲ့၊ သားကဖေဖေ့ကိုမှ အကူအညီမတောင်းတာ။ လောကကြီးမှာ ကိုယ်တစ်ယောက်တည်းမလုပ်နိုင်တဲ့အရာတွေ၊ ကိုယ့်အင်အားနဲ့မမျှတတဲ့အလုပ်တွေဆိုရင် ကိုယ့်ပတ်ဝန်းကျင်က အားတွေကိုပါ သုံးရတယ်သားရဲ့။ ဒါ့ကြောင့် ဖေဖေကသားကို အားအကုန် သုံးလို့ပြောတာပေါ့ ”

ကောင်ကလေးဟာ သူ့အဖေရဲ့ ရှင်းပြချက်တွေကို နားလည်သဘောပေါက်သွားပြီး သစ်တုံးကြီးကို သားအဖနှစ်ယောက်ပျော်ပျော်ရွှင်ရွှင်ပဲ ရွှေ့လိုက်ကြတယ်တဲ့။

ပရိသတ်ကြီးအနေနဲ့လည်း ပတ်ဝန်းကျင်က လူတွေရဲ့အားတွေကို တောင်းခံပြီး၊ မိမိရဲ့အားတွေကို လည်း ပေးဆပ်ရင်း လှပသာယာတဲ့ လူမှုအသိုင်းအဝိုင်းကြီးကို အတူတကွဖော်ဆောင်ကြလိုက်ရ အောင်နော်။ ပတ်ဝန်းကျင်က အားတွေကို အားဖြည့်ပေးမယ့် ဒီစာလေးကိုလည်း SHARE သွားလိုက် ပါဦး။