အားနာတတ်သူ

blank

       ရွာတစ်ရွာမှာ သဘောမနောကောင်းပြီး အားနာတတ်လွန်းတဲ့ မောင်ဖိုးထောင် ဆိုတဲ့လူပျိုကြီးတစ်ယောက်ရှိတယ်။ ရပ်ရေးရွာရေးမှာ ရှေ့ဆုံးက တက်တက်ကြွကြွ ကူညီတတ်တဲ့လူရိုးကြီးမို့ တစ်ရွာလုံးကလည်း ချစ်ခင်ကြတယ်။ တစ်ရက်ကျတော့ ရွာထဲက အလှူတစ်ခုမှာ ဝိုင်းဝန်းလုပ်ကိုင်နေရင်း အိုးသူကြီးဖြစ်တဲ့ဘကြီးတစ်ယောက် က အလှူအတွက်လိုအပ်တဲ့ ကြက်သွန်နီကုန်သွားလို့ ကိုဖိုးထောင်ကို သွားဝယ်ခိုင်း ပါတယ်။

“ မောင်ဖိုးထောင်ရေ… အလှူမှာထည့်ဖို့ ကြက်သွန်နီကုန်သွားလို့။ ဟိုဘက်ရွာ ဈေးကို ခဏပြေးဝယ်ပေးစမ်းပါကွယ် ”

မောင်ဖိုးထောင်ကလည်း “ ဟုတ်ကဲ့ ရပါတယ် ဘကြီး ” ပေါ့။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

“ မြန်မြန်သွားမြန်မြန်ပြန်လို့ရအောင် စက်ဘီးပါယူသွားကွယ့် ”

ပြောပြောဆိုဆို အနားမှာထောင်ထားတဲ့စက်ဘီးကို ဘကြီးက မောင်ဖိုးထောင် လက်ထဲ ထည့်ပေးတယ်။ မောင်ဖိုးထောင်လည်း စက်ဘီးလေးတွန်းပြီး အလှူခြံဝင်း ထဲက ငိုက်စိုက်၊ ငိုက်စိုက်နဲ့ထွက်သွားလေရဲ့။ ကိုဖိုးထောင်တစ်ယောက် ထွက်သွားပြီး တစ်နာရီလည်း ပေါ်မလာ၊ နှစ်နာရီလည်း ပေါ်မလာဆိုတော့ ကြက်သွန်မှာလိုက်တဲ့ ဘကြီးခမျာလည်း ခြံဝဘက်လည်တဆန့်ဆန့်ဖြစ်နေတော့တာပေါ့။ စိတ်ထဲမှာလည်း “ ဒီကောင် စက်ဘီးနဲ့သွားတာကလည်း လမ်းလျှောက်သွားတာထက်တောင် ပိုကြာနေ သေးပါလား။ လမ်းမှာစက်ဘီးများ လဲနေပြုနေသလား ”လို့ စိုးရိမ်နေတော့တာပေါ့။ တော်တော်ကြီးကြာမှ မောင်ဖိုးထောင်တစ်ယောက် ချွေးသံတရွှဲရွှဲနဲ့ပြန်ရောက်ချလာ တယ်။

ဘကြီးက..

“ မင်းနှယ်ကွယ် အလျင်လိုလို့မှ လူငယ်ပီပီပေါ့ပေါ့ပါးပါးပြေးဝယ်ခိုင်းကာမှ ကြာလိုက်တာလွန်ပါရော။ စက်ဘီးလည်းပါရက်နဲ့ ” လို့ ဆီးကြိုအပြစ်တင်တယ်။ မောင်ဖိုးထောင်က နဖူးကချွေးတွေကို သုတ်ရင်းပြန်ပြောပါတယ်။

“ အဲ့ဒီစက်ဘီးပါလို့ကို ပိုကြာသွားတာပေါ့ ဘကြီးရာ။ စက်ဘီးသာမပါရင် ဒီလောက်ဘယ်ကြာမလဲ ”

ဘကြီးက အံ့အားသင့်သွားတဲ့မျက်နှာနဲ့ “ ဘာပြောတယ်ကွယ့် ”လို့ ထပ်မေး တယ်။

မောင်ဖိုးထောင်က..

“ ဟုတ်တယ်လေ ဘကြီးရာ။ ကျုပ်မှာ စက်ဘီးမစီးတတ်တော့ အသွားအပြန် တစ်လမ်း လုံး သူ့ကိုတွန်းသွားရတာ ဘယ်လောက်ခရီးဖင့်တယ်မှတ်သလဲ။ ကြက်သွန် နီအိတ်လည်း လက်တစ်ဖက်နဲ့ဆွဲရသေးတော့ မောလိုက်တာများ လျှာထွက်မတတ်ပဲ ဗျာ”

“ ဟေ… အဲ့ဒါဆိုမင်းက စက်ဘီးမစီးတတ်ဘဲ ဘာလို့ ယူသွားရတာတုန်း ”

ဘကြီး အမေးကို မောင်ဖိုးထောင်ဖြေလိုက်တာက “ သြော်… ဘကြီးပဲ “ရော့… ယူသွား” ဆိုပြီး စက်ဘီးကို လက်ထဲလာထည့်ပေးတော့ ကျုပ်လည်း လူကြီးကို ငြင်းရမှာ အားနာတာနဲ့ ယူသွားလိုက်တာပေါ့ဗျ ” တဲ့။

ပုံပြင်လေးကတော့ ရယ်စရာပါပဲ။ ဒါပေမယ့် သေချာဖတ်ကြည့်ရင် ကျွန်မတို့ ဘဝမှာ အားမနာသင့်တဲ့ကိစ္စတွေကို အားနာမိရင် လိုရာခရီးမရောက်ဘဲ အချိန်ကြာ တတ်တယ်ဆိုတာကို ပုံပြင်လေးက သင်ခန်းစာပေးထားတာတွေ့ရမှာပါ။ ကဲ… မိတ် ဆွေတို့ရေ သင်တို့ဘဝမှာလည်း အားနာခဲ့ဖူးတာလေးတွေရှိရင် အတွေ့အကြုံလေး တွေကို comment  box ကနေ ဝေမျှလို့ရပါတယ်နော်။ သင်တို့မှာ အရမ်းအားနာတတ် တဲ့သူငယ်ချင်းတွေရှိရင်လည်း သူတို့ကို mention ခေါ်လိုက်ပါဦး။