ထိုင်နေချင်လား… အမြင့်ရောက်အောင်ကြိုးစား။

blank

တောအုပ်ငယ်လေးတစ်ခုရဲ့ သစ်ပင်တစ်ပင်ပေါ်မှာ ကျီးကန်းတစ်ကောင်နေထိုင်ပြီး ထိုသစ်ပင်ခြေရင်းမှာတော့ ယုန်လေးတစ်ကောင်ရှိသတဲ့။ ယုန်လေးက ခုန်ဆွခုန်ဆွနဲ့ သွားနေရသလောက် ကျီးကန်းကတော့ သစ်ပင်ပေါ်မှာဘယ်မှမသွားဘဲ အခန့်သားထိုင်နေပါသတဲ့ကွယ်။

ယုန်လေးလည်းကျီးကန်းရဲ့ ဘာမှမလုပ်ပဲထိုင်နေရတဲ့ဘဝကို အားကျပြီး ကျီးကန်းကိုလှမ်းပြောခဲ့တယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

“ကိုကျီးရေ… ကျွန်တော် ခင်ဗျားရဲ့ဘဝကိုအားကျတယ်။ ခင်ဗျားလို ဘာမှမလုပ်ပဲ အခန့်သားထိုင်နေချင်လိုက်တာဗျာ။”

ဒါကိုကြားတော့ကျီးကန်းက – “ထိုင်ချင်တာများ ထိုင်နေပေါ့ကွာ။ ဘာလို့ မရရမှာလဲ။”

အဲ့ဒါနဲ့ ယုန်လေးလည်း သစ်ပင်ရဲ့ခြေရင်းမှာ ထိုင်နေခဲ့တော့တာပေါ့။ မကြာခင်မှာပဲ အစာရှာထွက်လာတဲ့ မြေခွေးက သစ်ပင်နားရောက်လာပြီး ငုတ်တုတ်ထိုင်နေတဲ့ ယုန်သူငယ်လေးကို ခုန်အုပ်ကိုက်ချီ သွားပါသတဲ့ကွယ်။

ဟုတ်ကဲ့ပါ ဂန္ထဝင်ပရိသတ်ကြီးရေ။ ဒီပုံပြင်လေးကနေ ကျွန်မတို့ သင်ခန်းစာရလိုက်တာကတော့ ဘဝမှာဘာမှမလုပ်ဘဲ ထိုင်နေချင်တယ်ဆိုရင် ဟိုး အမြင့်ကြီးရောက်နေမှ ဘဝအတွက် လုံခြုံတယ်ဆိုတာပါပဲ။ ကျွန်မတို့ဘဝတွေ အမြင့်ကြီး မရောက်သေးသရွေ့တော့ ရုန်းကန်လှုပ်ရှားနေရဦးမှာပဲ မဟုတ်ပါလား။ သူများကို ကြည့်ပြီးအားကျနေရုံနဲ့လည်း မရဘူးလေ။ သူနဲ့မတူဘဲ တုလို့လည်းဘယ်အဆင်ပြေမလဲ မဟုတ်ဘူးလား။

ကိုယ့်အမြင်လေးတွေကိုလည်း comment box မှာ မျှဝေခဲ့ကြပါဦး စာဖတ်ပရိသတ်ကြီးရေ။