သန်းကြွယ်သူဋ္ဌေးတွေရဲ့ ငွေကြေးစုဆောင်းခြင်းစနစ်ကောင်းများ

blank

ကျွန်မတို့တွေဟာ လောဘမကင်းနိုင်သေးတဲ့ ပုထုဇဉ်တွေဖြစ်တာကြောင့် လူတိုင်းမှာ ချမ်းသာချင်တဲ့ စိတ်တွေ အနည်းနဲ့အများတော့ ရှိနေကြပါတယ်။ အရမ်းချမ်းသာတဲ့သူဋ္ဌေးကြီးတွေကိုကြည့်ပြီး ဘာလို့များ အဲ့ဒီ့လောက်တောင် အောင်မြင်ချမ်းသာနေရတာလဲဆိုတာ သိချင်နေကြတယ်။ ဒီတပတ်မှာတော့ ချမ်းသာတဲ့သူတွေရဲ့ ပိုက်ဆံကိုချွေတာစုဆောင်းနည်းလေးတွေကို ဂန္ထဝင်စာဖတ်ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်ရှင်။ ဖတ်ကြည့်ပြီး ဒီနည်းတွေအတိုင်း လိုက်နာစုဆောင်းကြည့်ရအောင်လားရှင်။

၁။ အသေးစား အသုံးစရိတ်တွေကအစ ဂရုစိုက်ပါ။

၂။ အနာဂတ်ကို ထည့်တွေးပါ။

၃။ ကြွားဝါဖို့အတွက် မလိုအပ်တဲ့ ပစ္စည်းတွေ မဝယ်မိပါစေနဲ့။

၎။ ဝင်ငွေထွက်ငွေကို စာရင်းလုပ်ထားပါ။

၅။ ကြိုးစားမြဲကြိုးစားပါ။ ဝင်ငွေတိုးလာသလောက် ငွေများများစုနိုင်အောင်လည်း ကြိုးစားပါ။

၆။ သင့်ဝင်ငွေအများစုကို စုဆောင်းထားပါ။

၇။ ငွေတန်ဖိုးကို သိပါ။ ဈေးဆစ်ပြီးမှ ဝယ်ပါ။

၈။ သင့်စုဆောင်းငွေတွေကို အကျိုးရှိရှိ ရင်းနှီးမြှုပ်နှံပါ။

၉။ သန်းကြွယ်သူဋ္ဌေး ဝါရန် ဘူဖေး ( Warren Buffet ) ပြောခဲ့တဲ့ စကားအတိုင်း “သုံးပြီးမှ ကျန်တဲ့ငွေကို မစုပါနဲ့၊ စုပြီးမှ ကျန်တဲ့ငွေကို သုံးပါ။”

၁၀။ ငွေစိမ့်ထွက်တာကို တားဆီးပိတ်ဆို့ပါ။ အမေရိကန်သမ္မတဟောင်း ဘန်ဂျမင် ဖရန်ကလင် (Benjamin Franklin) က ” အသေးသုံးလေးတွေကအစ ဂရုစိုက်ကြပါ၊ အပေါက်သေးသေးလေးက စိမ့်ဝင်လာတဲ့ရေက သင်္ဘောကြီး တစ်စင်းလုံးကို မြှုပ်ပစ်နိုင်ပါတယ်။ ” လို့ အမှာစကားပါးခဲ့ပါတယ်။

အထက်မှာဖော်ပြပေးခဲ့တဲ့ ရိုးရှင်းပြီးလက်တွေ့ကျတဲ့ အချက်လေးတွေကို လိုက်နာကြည့်ပါ။ ချမ်းသာတဲ့သူတွေရဲ့ဘဝနေထိုင်မှုနဲ့ သင့်ဘဝနေထိုင်မှုလေးတွေ ကွာခြားနေတာကို တွေ့ရပါလိမ့်မယ်။ ဂန္ထဝင်စာဖတ်ပရိသတ်ကြီးလည်း အောင်မြင်ချမ်းသာတဲ့ ဘဝကို ရရှိနိုင်ပါစေရှင်။