ခလုတ်ထိဆူးငြိရင်း ရလိုက်သော ဘဝဒဿနများ

blank

အချစ်ရေးမှာ ကံမကောင်းခဲ့တဲ့အခါ…

“အချစ်ဆိုတာ မှီခိုဖို့မဟုတ်ဘူး။ ချစ်သူတိုင်းက ကာကွယ်ပေးမယ့် သက်တော်စောင့်တွေ မဟုတ်ဘူး။ အနမ်းတွေက စာချုပ်တွေမဟုတ်ဘူး။ လက်ဆောင်တွေက ကတိတွေမဟုတ်ဘူး။” ဆိုတာတွေကို သိလာရပါတယ်။

လုပ်ငန်းအတွေ့အကြုံ တာရှည်လာတဲ့အခါ…

ကိုယ့်ကျရှုံးမှုတွေကို ကလေးတစ်ယောက်လို ငိုကြွေးမနေဘဲ ရင့်ကျက်စွာနဲ့ပဲ ခေါင်းကိုမော့၊ ရင်ကိုကော့ပြီး စတင်လက်ခံတတ်လာတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဘဝပန်းတိုင်တွေနဲ့ လွဲချော်တာများလာတဲ့အခါ…

မနက်ဖြန်ဆိုတာ မသေချာတဲ့အတွက် လုပ်စရာရှိတာတွေကို အကြွေးမထားဘဲ လုပ်တတ်လာတယ်။ ဖြစ်လာသမျှတွေကို ကြံ့ကြံ့ခံပြီး ကိုယ်မှားခဲ့တဲ့ အရာတွေကနေ သင်ခန်းစာယူတတ်ရမယ် ဆိုတာ နားလည်တတ်လာပါတယ်။

ဘဝဆိုတာ ကိုယ်တိုင်ရေး ပန်းချီကားတစ်ချပ်ဖြစ်တယ်။ ကိုယ့်ဘဝကို အလှဆုံးရေးချယ်ဖို့ ကိုယ့်မှာသာ တာဝန်ရှိတယ်ဆိုတာ သိမြင်လာပါတယ်။ စာဖတ်ပရိသတ်ကြီးဆီမှာရော အားလုံးကိုဝေမျှစရာ ဘဝဒဿ     နလေးတွေရှိရင် comment box မှာ မျှဝေခဲ့ပါဦး။