နောက်ပြောင်တတ်တဲ့ အကျင့်ကြောင့် ဒုက္ခတွေ့သူ သိုးကျောင်းသားလေး

blank

တစ်ခါတုန်းက ရွာတစ်ရွာမှာ သိုးအုပ်တွေကို ထိန်းကျောင်းရတဲ့ သိုးကျောင်းသားလေးတစ်ယောက် ရှိသတဲ့ကွယ်။ တစ်နေ့မှာတော့ သူဟာ ပျင်းသလိုလိုရှိလာတာနဲ့ ရွာသားတွေကို စနောက် မယ်လို့ စဉ်းစားမိပြီး “ဝံပုလွေတွေ လာနေပြီ၊ ကယ်ပါဦး၊ ကယ်ပါဦး။” လို့ အော်ဟစ်ခဲ့တယ်။

သူ့ရဲ့ အော်ဟစ်ငိုယိုသံကိုလည်းကြားရော ရွာသားတွေက သိုးကျောင်းသားလေးကို ကယ်ဖို့ အလျှင်အမြန်ပြေးထွက်လာကြသတဲ့။ သိုးကျောင်းသားလေး အနားလဲရောက်ရော “ဘယ်မှာလဲ ဝံပုလွေတွေ” ဟု စိုးရိမ်တကြီး မေးမြန်းကြတယ်။ ထိုအခါ သိုးကျောင်းသားလေးက “ငါစတာကို ယုံနေကြတယ်။ ဟားဟား၊ စိတ်မပူပါနဲ့ ငါကပျင်းလို့စနေတာပါ” လို့ အော်ဟစ် ရယ်မောနေပါသတဲ့ကွယ်။

နောက်ထပ် ရက်အနည်းငယ်ကြာတဲ့အခါမှာလည်း နောက်တစ်ခါထပ်ပြီး နောက်ပြောင်ပြန်သတဲ့ကွယ်။ “ဝံပုလွေတွေ၊ ကယ်ပါဦး၊ ကျွန်တော့်ကို ကယ်ပါဦး။” လို့ အော်ဟစ်ငိုယိုနေပြန်သတဲ့။ ရွာသားတွေလည်း ရွာကနေ အလျှင်အမြန်ပြေးလာကြပြန်ပါတယ်။ နောက်တခါ ထပ်နောက်ပြောင်နေတာကို သိလိုက်ရတဲ့ ရွာသားတွေဟာ ဆိုးသွမ်းတဲ့ သိုးကျောင်းသားလေးကို အရမ်းဒေါသထွက်နေကြတာပေါ့။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အချိန်အနည်းငယ်ကြာတဲ့အခါ သိုးစားကျက်ထဲကို ဝံပုလွေတစ်ကောင်ဝင်လာပြီး သိုးတွေကို တစ်ကောင်ပြီးတစ်ကောင် ကိုက်သတ်နေပါသတဲ့။ သိုးကျောင်းသားလေးလည်း ထိတ်လန့်စွာနဲ့ ရွာဘက်ကို ပြေးသွားပြီး ဝံပုလွေတွေတိုက်ခိုက်နေလို့ ကူညီပေးပါလို့ အော်ပြောခဲ့တယ်။

ရွာသားတွေက သူ့ရဲ့ အော်ဟစ်အကူအညီတောင်းသံကို ကြားတော့ နောက်တခါလှည့်စားတယ်ထင်ပြီး ဝိုင်းရယ်ကြပါသတဲ့။ အကူအညီမရတဲ့အဆုံး သိုးကျောင်းသားလေးဟာ ရွာသားတွေဆီသွားပြီး “ကျွန်တော့်သိုးတွေကို ဝံပုလွေက တကယ်ကိုက်သတ်နေတာပါဗျာ။ အရင်ကလိမ်ခဲ့ပေမယ့် အခုက တကယ်ပြောတာပါဗျာ။” လို့ ငိုယိုပြီး ရှင်းပြခဲ့ပါတယ်။

ထိုအခါကျမှ ရွာသားတွေလည်း သိုးတွေဆီ အပြေးသွားကြည့်ခဲ့ပါတယ်။ မြက်ခင်းပေါ်မှာ သွေးအလိမ်းလိမ်းနဲ့ သေနေတဲ့ သိုးတွေပဲ ကျန်ခဲ့ပြီး မြေခွေးကတော့ ထွက်ပြေးသွားခဲ့ပါပြီ။

       ကျွန်မတို့ဟာ မုသားစကားတွေ ခဏခဏပြောနေတဲ့သူကို အမှန်တွေပြောနေရင်တောင် မယုံကြည်နိုင်ကြတော့ပါဘူး။ ဒါ့ကြောင့် မုသားစကားပြောခြင်းကို တတ်နိုင်သလောက် ရှောင်ကြဉ်ကြရအောင် စာဖတ်ပရိသတ်ကြီးရေ…။