လူတိုင်းမှာ ကိုယ့်ဒုက္ခနဲ့ကိုယ်ရှိကြောင်း ပြသသွားသော ဂရုဏာသက်ဖွယ် ဇာတ်လမ်းလေးတစ်ပုဒ်

blank

အရေးပေါ် ခွဲစိတ်မှုတစ်ခုအတွက် ဖုန်းဆက်အကြောင်းကြားထားလို့ ခွဲစိတ်ဆရာဝန်ကြီးဟာ ဆေးရုံကို အလောတကြီးရောက်လာခဲ့ပါတယ်။ ရောက်ရောက်ချင်း အဝတ်တွေကို ချက်ချင်းလဲ၊ ခွဲစိတ်ခန်းဆီ အမြန်သွားခဲ့ပါတယ်။

ခွဲစိတ်ခံမယ့်ကောင်လေးရဲ့ဖခင်ဖြစ်သူက ခွဲစိတ်ခန်းရှေ့မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း ဆရာဝန်ကြီးအလာကိုစောင့်နေခဲ့ပါတယ်။ ခွဲစိတ်ခန်းဝတ်စုံနဲ့ အလောတကြီး ပြေးလာတဲ့ဆရာဝန်ကိုလည်းမြင်ရော

“ခင်ဗျား ဘာလို့ဒီလောက်ကြာနေရတာတုန်းဗျာ။ ကျုပ်သားအသက်အန္တရာယ်ရှိနေတာ ခင်ဗျားမသိဘူးလား။ တစ်ခုခုဖြစ်ရင် ခင်ဗျားတာဝန်ယူနိုင်လား။” ဆိုပြီး ဒေါသတကြီးနဲ့ အော်ဟစ်ပြောဆိုခဲ့ပါတယ်။

ဆရာဝန်ကြီးက အပြုံးမပျက်ဘဲ “ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် ဆေးရုံမှာရှိမနေခဲ့လို့ပါ။ ဒါပေမယ့် ဖုန်းဝင်ဝင်လာချင်း ကျွန်တော်အမြန်ဆုံးလာခဲ့တာပါ။ ခင်ဗျားစိတ်အေးအေးထားပါ။ ကျွန်တော်အတတ်နိုင်ဆုံး ကြိုးစားပေးပါ့မယ်။” လို့ပဲ ပြောခဲ့ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

“စိတ်အေးအေးထားရမယ် ဟုတ်လား၊ အခု ခွဲစိတ်ခန်းထဲရောက်နေတာ ခင်ဗျားသားဆိုရင်ရော ခင်ဗျား စိတ်အေးနိုင်မှာလား။ အခုနေ ခင်ဗျားသား သေသွားရင်ရော၊ ခင်ဗျားဘာလုပ်မှာလဲ။” လို့ ဖခင်ဖြစ်သူက အော်ဟစ်ပြီး ရန်တွေ့နေပါတယ်။

ဆရာဝန်ကြီးက နောက်တစ်ကြိမ် ထပ်ပြုံးလိုက်ပြီး “လူဆိုတာ တစ်နေ့သေရမှာပါ၊ ငယ်သည် အိုသည်ကို သူ့ရဲ့ ကုသိုလ်ကံက ဆုံးဖြတ်ပေးပါလိမ့်မယ်။” လို့ ပြောပြီး ခွဲစိတ်ခန်းထဲ ဝင်သွားပါတယ်။

အချိန်အနည်းငယ်ကြာတော့ ခွဲစိတ်မှုပြီးဆုံးသွားပြီး ဆရာဝန်ကြီးက ပြုံးရွှင်စွာ ထွက်လာခဲ့ပါတယ်။ “ဘုရားသခင်ကို ကျေးဇူးတင်ရမယ်ဗျာ၊ ခင်ဗျားသားအခြေအနေ စိတ်ချရပါပြီ။ ခင်ဗျားသိချင်တာရှိရင် သူနာပြုဆရာမကို မေးလို့ရပါတယ်။” လို့ ပြောပြီး ဖခင်ရဲ့ အဖြေကိုတောင်မစောင့်ဘဲ ပြေးထွက်သွားခဲ့ပါတယ်။

“သူဘာလို့အဲ့လောက် မောက်မာနေရတာလဲ၊ ကျွန်တော့်သား အခြေအနေလေးတောင် သေချာမမေးလိုက်ရဘူး။” ဆိုပြီး သူနာပြုဆရာမကို မေးလိုက်ပါတယ်။

သူနာပြုဆရာမလေးက မျက်ရည်အဝိုင်းသားနဲ့ “သူ့သားလေးက ကားမတော်တဆဖြစ်ပြီး မနေ့ကဆုံးပါးသွားခဲ့တယ်လေ။ ရှင့်သားကို ခွဲစိတ်ဖို့ လှမ်းခေါ်တုန်းက သူကသူ့သားလေးရဲ့ ဈာပနမှာပေါ့။ အခုသူက ရှင့်သားလေးရဲ့ အသက်ကို ကယ်ပေးခဲ့ပြီ။ အခုသူ့သားရဲ့အလောင်း မြေချချိန်အမှီရောက်ဖို့ ပြေးသွားတာပါ။” လို့ ဝမ်းနည်းစွာဖြေခဲ့တယ်။

ကဲ… စာဖတ်ပရိသတ်ကြီးရေ ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်လေးပါလားနော်။ လူတိုင်းမှာ ကိုယ့်ဒုက္ခနဲ့ကိုယ်စီ ရှိကြတယ်လေ။ ဒါကြောင့် ကျွန်မတို့အနေနဲ့လည်း လူတွေကို အပေါ်ယံကြည့်ပြီး မဝေဖန်ခင် “သူ့မှာလည်း သူ့ဒုက္ခနဲ့သူ ရှိမှာပါပဲလေ” ဆိုပြီး စာနာစိတ်ကို ရှေ့ရှူးပြီး သာယာသော ဆက်ဆံရေးလေးများ တည်ဆောက်ကြရအောင်။

သင်ခန်းစာ ရလိုက်တယ်ဆိုရင် သူငယ်ချင်းတွေအတွက်လည်း SHARE လိုက်ပါနော်။