မိဘတွေအပေါ် ညှာတာလွန်းတဲ့ စစ်သားလေးရဲ့ ဂရုဏာသက်ဖွယ် ဇာတ်လမ်းလေးတစ်ပုဒ်

blank

ဒီအဖြစ်အပျက်လေးကတော့ ဗီယက်နမ်စစ်ပွဲတစ်ခုမှာ တိုက်ပွဲဝင်ပြီး မိဘအိမ် ပြန်လာတော့မယ့် စစ်သားလေးတစ်ယောက်ရဲ့ သနားစရာအကြောင်းလေးပဲ ဖြစ်ပါတယ်။

စစ်သားလေးဟာ စစ်ပွဲအပြီး အိမ်ပြန်တော့မှာဖြစ်လို့ ဆန်ဖရန်စစ်စကိုမှာ ရှိတဲ့ သူ့မိဘတွေဆီကို ဖုန်းဆက်ခဲ့ပါတယ်။

“အဖေနဲ့ အမေ ကျွန်တော် ပြန်လာတော့မယ်။ ဒါပေမယ့် အမေနဲ့ အဖေကို သား ခွင့်တောင်းစရာရှိတယ်။ ကျွန်တော် သူငယ်ချင်းတစ်ယောက်ကို အိမ်ခေါ်လာချင်လို့ ရမလားဟင်” လို့မေးလိုက်ပါတယ်။
ဒါနဲ့ မိဘတွေကလည်း “ရတာပေါ့သားရယ်။ မေမေတို့ သူနဲ့တွေ့ချင်ပါတယ်။”ဆို ပြန်ပြောခဲ့ပါတယ်။

ဒါနဲ့ သားဖြစ်သူကဆက်ပြီး “ခဏလေးနေပါအုံး တစ်ခုကျန်သေးတယ်။ မေမေနဲ့ ဖေဖေ။ သူက စစ်ပွဲမှာ အပြင်းအထန် ဒါဏ်ရာ ရထားတာဆိုတော့ အခုဆို သူမှာလက်ရောခြေထောက်ရော မရှိတော့ဘူး။ ပြီးတော့သူ့မှာ အခုဆို ကူကယ်ရာမဲ့တဲ့ ဘဝကို ရောက်နေရှာလို့ပါ။ ကျွန်တော်တို့နဲ့ နေဖို့ ခေါ်လာလို့ ရမလားလို့ မေးတာပါ။” ဆိုပြီး ထပ်ပြောပြလိုက်တယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

“ကြားရတာတော့ စိတ်မကောင်းပါဘူး သားရယ်။ ဒါပေမယ့် သူ့ကို အခြားမှာ နေဖို့ တစ်နေရာရာ ရှာလိုက်ပါလို့ ပြောလိုက်ပါ။ ” လို့ ပြန်ပြောလိုက်ပါတယ်။ “မဟုတ်ဘူး။ သူက ကျွန်တော်တို့နဲ့ အတူနေဖို့ ဆန္ဒရှိတာပါ။”

ဒါနဲ့ အဖေဖြစ်သူက “ဒီမှာသား။ သားဆန္ဒကို ဖေဖေနားလည်ပါတယ်။ ဒါပေမယ့်လည်း

အခုလို ဒုက္ခိတတစ်ယောက်ကို အိမ်မှာ ခေါ်တင်ထားဖို့ဆိုတာ သိပ်ကို တာဝန်ကြီးလွန်းတယ် သား။ ကိုယ့်မှာလည်း ကိုယ့်ဘဝတွေနဲ့ ကိုယ်ရုန်းကန်လှုပ်ရှားရအုံးမယ်။ သားရယ် သူ့ကိုစိတ်ထဲက ထုတ်ပစ်လိုက်ပါတော့နော်။ သားပဲ ပြန်လာခဲ့ပါ ဖေဖေ၊ မေမေတို့ မျှော်နေပြီ” ဆိုပြီး ပြောခဲ့ပါတယ်။

တစ်ဖက်က သားဖြစ်သူဟာ အတန်ကြာငြိမ်သွားပြီးတဲ့နောက် ဖုန်းချသွားခဲ့ပါတယ်။ ရက်အတန်ကြာတဲ့ အထိ ဘာသတင်းမှ မကြားတော့ပါဘူး။ တစ်နေ့မှာတော့ ဆန်ဖရန်စစ်စကိုမှာရှိတဲ့ ရဲစခန်းတစ်ခုက ဖုန်းဆက်လာတယ်။ ရဲသားကြီးက မိဘနှစ်ပါးကို သူတို့သားဟာ အထပ်မြင့်အဆောက်အဦးပေါ်က ခုန်ချသေဆုံးသွားကြောင်း သတင်းပို့လာပါတယ်။ မိဘတွေလည်း အရမ်းစိတ်ပူသွားပြီး ချက်ချင်းလိုက်သွားလိုက်ကြတယ်။ နောက် အလောင်းကို သူတို့သားဟုတ်မဟုတ် စစ်ဆေးတဲ့ အခါမှာတွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် သိပ်ကို ဝမ်းနည်းသွားခဲ့ပါတယ်။ အကြောင်းကတော့ သားဖြစ်သူဟာ နဂိုကတည်းက ခြေတစ်ဖက် လက်တစ်ဖက် ပြတ်နေတာကို တွေ့လိုက်ရလို့ပါ။ သူဖုန်းထဲမှာ ပြောခဲ့တဲ့ ခြေလက်ပြတ်နေတဲ့ သူငယ်ချင်းဆိုတာ သူကိုယ်တိုင် ဖြစ်နေတာကို စိတ်မကောင်းစွာနဲ့ သိလိုက်ရပါတော့တယ်။

သဘောကျနှစ်သက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။