အကြင်နာတရား ဆိုတာ…

blank

တစ်နေ့ သူနာပြုဆရာမလေးက အမောတကောနဲ့ ရောက်လာတဲ့ စစ်သားတစ်ယောက်ကို လူနာကုတင် တစ်ခုဆီ ခေါ်လာပါတယ်။ ပြီးတော့ ကုတင်ပေါ်က လူနာ အဖွားကြီးကို “အဖွားရေ ဒီမှာ အဖွားသား ရောက်လာပြီလေ” ဆိုပြီး ပြောလိုက်ပါတယ်။ သူမက အဲ့ဒီစကားကို အဖွားကြီး မျက်စိမဖွင့်မချင်း ထပ်ခါထပ်ခါ ပြောနေတော့တာပေါ့။

နှလုံးရောဂါရဲ့ နာကြင်မှုတွေ မခံစားရအောင် စိတ်ငြိမ်ဆေးတွေ အများကြီး သောက်ထားရတဲ့ အဖွားအိုဟာ အောက်ဆီဂျင်ပေးထားတဲ့ နှာခေါင်းစွတ်အပေါ်ကနေ ယူနီဖောင်း အပြည့်အစုံနဲ့ သူမရဲ့သားလေး ရေတပ်သားကြီးကို ရေးရေးပဲ မြင်နိုင်တော့တယ်လေ။ တွေ့တွေ့ချင်းပဲ သူမသား လက်ကလေးကို ကိုင်လိုက်တယ်။ သားဖြစ်သူကလည်း သူမလက်ကို ကိုင်ထားတဲ့ အဖွားအိုရဲ့ လက်ကလေးကို ကျန်လက်တစ်ဖက်နဲ့ မေတ္တာစိတ်အပြည့်နဲ့ ညင်ညင်သာသာလေး နှိပ်ပေးနေတယ်။

သူနာပြုလေးကတော့ အလိုက်တသိနဲ့ပဲ အဖွားအိုရဲ့ခုတင်ဘေးမှာ ထိုင်ဖို့ ခုံယူပေးပါတယ်။ ညရောက်တော့ သားဖြစ်သူဟာ မှိန်ဖျော့ဖျော့ မီးသီးလေးနဲ့ အပြိုင် ညှိုးငယ်နေတဲ့ မျက်နှာလေးနဲ့ အဖွားအိုရဲ့ ပျော့ဖက်ဖက် လက်ကလေးကို ကိုင်ပြီး ပါးစပ်ကလည်း သူ့အမေအတွက် ဆုတောင်းစကားတွေကို ညလုံးပေါက် တတွတ်တွတ် ပြောနေပါတော့တယ်။ ဒါကို မြင်ပြီး ဂရုဏာသက်မိတဲ့ သူနာပြုဆရာမလေး ကတော့ သွားနားဖို့ တိုက်တွန်းတော့တာပေါ့။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒါပေမယ့် သူကတော့ ငြင်းဆိုလိုက်ပါတယ်။ သူနာပြုဆရာမလေး ရောက်လာတိုင်း သူဟာ သူမကိုရော၊ ညဘက် ဆေးရုံရဲ့ ဆူညံမှုတွေ(အောက်စီဂျင်ဘူး ရွှေ့သံ၊ ညဆိုင်းဝန်ထမ်းတွေရဲ့ ရယ်သံတွေ၊ အခြားလူနာတွေနဲ့ ငိုသံ၊ ညည်းသံတွေ) ကိုရော မေ့လျော့နေမိတော့တယ်။

သူမကတော့ သူ့ရဲ့ ညင်သာတဲ့ အသံကို ကြားနေရပေမယ့် သေမင်းရဲ့ နှုတ်ခမ်းဝမှာ လမ်းလျှောက်နေရတဲ့ အဖွားအိုကတော့ ဘာမှ မပြောနိုင်ရှာတော့ပါဘူး။ သူ့မသား လက်ကလေးကို ဆုပ်ကိုင်ရင်းနဲ့ပဲ သူ့ရဲ့ ညဆိုးကြီးကို ဖြတ်ကျော် နေရရှာတာပေါ့။

မနက်လင်းချိန်မှာတော့ အဖွားအိုဟာ ဒီဘဝရဲ့ ခန္ဓာကို စွန့်ခဲ့ရရှာပါပြီ။ ဒီတော့မှ ရေတပ်သားလည်း သူ အမြတ်တနိုး ဆုပ်ကိုင်ထားခဲ့တဲ့ အဖွားအိုရဲ့ လက်ကလေးကို လွှတ်လိုက်ရတော့တာပေါ့။ အဲ့ဒီအချိန်မှာ သူနာပြုလေးက လုပ်စရာရှိတာ လုပ်နေတာကို သူ စောင့်နေပေးလိုက်တယ်။

အားလုံးလုပ်ပေးပြီးသွားတဲ့အခါမှာ သူနာပြုလေးက သူ့ကို နှစ်သိမ့်စကားပြောဖို့ ဟန်ပြင်တုန်း…

သူကမေးလိုက်တယ် “ဒီအဖွားအိုက ဘယ်သူလဲ “တဲ့။

သူနာပြုလေးကလည်း ကြောင်ကြည့်ပြီး “ရှင် အဲ့ဒါ ရှင့်အမေလေ “ဆိုပြီး ပြန်ပြောလိုက်တယ်။

သူက “ အဲ့ဒါကျွန်တော့် အမေမှ မဟုတ်တာ၊ ကျွန်တော်သူ့ကို တစ်ခါမှတောင် မမြင်ဖူးဘူးဗျ “ဆိုပြီးပြန်ပြောပြန်တယ်။

“ဒါဆို ကျွန်မ ရှင့်ကို သူ့ဆီ စခေါ်လာကတည်းက ဘာလို့မပြောတာလဲ” လို့ပြောပြီး သူနာပြုလေး နားမလည်နိုင် ဖြစ်နေတော့တယ်။

ဒီတော့မှ သူက “ကျွန်တော် တစ်ခုခုတော့ မှားပြီဆိုတာ ရိပ်မိလိုက်တယ်ဗျ၊ ဒါပေမယ့် သူ့ကိုလည်း တွေ့ရော သူ့သားကို အရမ်း တမ်းတနေတယ် ဆိုတာ သိလိုက်ရတယ်၊ သူ့သားကလည်း ရောက်မှမလာတာ၊ သူ့ရောဂါ အခြေအနေကြောင့် ကျွန်တော့်ကို သူ့သားနဲ့မှားနေတာ ရိပ်မိလိုက်တဲ့ အချိန်မှာ သူကျွန်တော့်ကို ဘယ်လောက်တောင် လိုအပ်တယ် ဆိုတာသိလိုက်တယ်၊ ဒါကြောင့်ပဲ သူ့အနားမှာ နေပေးဖို့ ဆုံးဖြတ်လိုက်တာပေါ့ဗျာ…” ဆိုပြီး ပြောလိုက်ပါတော့တယ်။

ရင်ထဲစူးနစ်သွားတယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။