ဆက်လက်ရှင်သန်ခွင့်သာ ရှိနေဦးမယ်ဆိုရင်… (အမျိုးသမီးတစ်ဦး၏ မသေခင် ဖွင့်ဟဝန်ခံချက်)

blank

ကျွန်မ စကားလျှော့ပြောပြီး များများနားထောင်မယ်။

ကျွန်မရဲ့ ဆိုဖာတွေ၊ ကော်ဇောတွေ ပေချင်သလောက် ပေစမ်းပါစေ၊ သူငယ်ချင်းတွေကို ညစာ ဖိတ်ကျွေးပြီး လက်ရည်တပြင်တည်း စားသောက်မယ်။

ကျွန်မရဲ့ တင့်တယ်လှပတဲ့ ဧည့်ခန်းကြီး အလှပျက်သွားမှာတွေ၊ ညစ်ပေသွားမှာတွေ တွေးပူမနေဘဲ နေကြာစိတွေ၊ ပေါက်ပေါက်တွေ စားချင်စိတ်ရှိတဲ့အခါ စားပစ်မယ်။

ကျွန်မအဖိုးရဲ့ ငယ်ဘဝ အတွေ့အကြုံတွေအကြောင်း ထပ်တလဲလဲ ကြားရတာတွေကိုလည်း အချိန်ပေးပြီး နားထောင်မယ်။

ဆံပင်ပုံသွင်းထားတာ ပျက်သွားမှာ ကြောက်ပြီး သာယာတဲ့ နွေနေ့ခင်းမျိုးမှာ ကားမှန်တွေအကုန်တင်ပြီး မွန်းမွန်းကြပ်ကြပ်နဲ့ မောင်းတာမျိုးလည်း မလုပ်တော့ဘူး။

ပြီးတော့ ကျွန်မကြိုက်လွန်းလို့ သိမ်းထားတဲ့ နှင်းဆီပန်းပုံ ပန်းရောင်ဖရောင်းတိုင်လေးကိုလည်း အံဆွဲထဲမှာ အရည်ပျော်သွားမယ့်အတူတူ မီးထွန်းပြီး သူ့အလှကို ခံစားမယ်။

မြက်ခင်းတွေ ပျက်စီးမှာတွေ၊ ဘာတွေ မတွေးတော့ဘဲ ကလေးတွေနဲ့ အတူတူ ထိုင်မယ်။ ပျော်ပျော်ရွှင်ရွှင် ကစားပေးမယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

TV ကြည့်ပြီး ငိုလိုက်၊ ရယ်လိုက် ခံစားနေမှာထက် တစ်ကယ့်လက်တွေ့ဘဝမှာ လူတွေဆီကနေပဲ အစစ်မှန်ခံစားမှုတွေ ပိုပြီး ရအောင်ယူမယ်။

“မောင်တစ်ထမ်း၊ မယ်တစ်ရွက်” ဆိုသလို ကျွန်မ အမျိုးသားရဲ့ တာဝန်တွေကို မျှယူမယ်။

ဖျားနာတယ်ဆိုရင်လည်း ကိုယ်မရှိရင်ဘဲ လည်နေတဲ့ ကမ္ဘာကြီး ရပ်သွားတော့မလို ပိုကဲပြီး အလုပ်တွေ လုပ်နေမယ့်အစား အိပ်ယာထဲမှာပဲ သွားနားမယ်။

ဘဝအတွက် ဘာမှ လက်တွေ့ကျကျ အသုံးမဝင်တဲ့ ပစ္စည်းတွေကို ဝယ်ဖို့ဆိုတာ စဉ်းတောင် မစဉ်းစားတော့ဘူး။

ကိုယ်ဝန်ဆောင်ရတဲ့ အချိန် ၉ လကို မြန်မြန်ပြီးဖို့ ဆုတောင်းနေမယ့်အစား အချိန်တိုင်းကို မြတ်နိုးမယ်၊ ပြီးတော့ ဗိုက်ထဲမှာ တစ်ဖြည်းဖြည်း ကြီးပြင်းလာတဲ့ ကလေးလေးကိုလည်း ဘုရားပေးတဲ့ဆုလို သဘောထားမယ်။

ကလေးတွေက လာနမ်းရင်လည်း “ဘေးဖယ်စမ်း။ အလုပ်များနေတဲ့အချိန်။” ဆိုတာမျိုး ပြောပြီး မောင်းမထုတ်တော့ဘူး။

ကျွန်မ အနားကလူတွေကို “တောင်းပန်ပါတယ်” ဆိုတဲ့ စကားထက် “ချစ်တယ်” ဆိုတဲ့ စကားကို ပိုပြောရမယ်။

အရေးကြီးဆုံးကတော့ ဘဝမှာ နောက်တစ်ကြိမ်သာ ပြန်ရှင်သန်ခွင့်ရခဲ့မယ် ဆိုရင် လက်ရှိဘဝရဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်းကို နည်းနည်းလေးမှ အပွန်းပဲ့မခံဘဲ အကျိုးရှိအောင် အသုံးချရမယ်။

ကင်ဆာရောဂါနဲ့ အသက်ဆုံးရှုံးခဲ့ရတဲ့ အန်မာ ဘွန်းမ်ဘက်ခ်(Erma Bombeck) ရဲ့ ဘဝနောက်ဆုံးခရီး မတိုင်ခင်မှာ သူမရင်ထဲကနေ နောင်တမကင်းစွာ ထွက်ကျလာခဲ့တဲ့ ဝမ်းနည်းဖွယ် အတွေးအပိုင်းအစလေးတွေကို ဂန္တဝင်ပရိတ်သတ်ကြီး သင်ခန်းစာယူနိုင်စေဖို့ တင်ဆက်ပေးလိုက်ပါတယ်။

သင့်ဘဝအတွက် တစ်ခုခု အကျိုးရှိလိုက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။