ဘေးစကားတွေသာ နားယောင်နေမယ်ဆိုရင် ပန်းတိုင်နဲ့ တဖြည်းဖြည်းဝေးသွားမှာပါ။

blank

တစ်ခါတုန်းက ဖားငယ်လေးတွေ စုဝေးပြီး အပြေးပြိုင်ပွဲတစ်ခုလုပ်ဖို့ စီစဉ်ကြတယ်။ သူတို့နောက်ဆုံးပန်းတိုင်ကတော့ အင်မတန်မြင့်မားတဲ့ မျှော်စင်တစ်ခုရဲ့ ထိပ်ဖျားကို ပထမဆုံးရောက်တဲ့သူက အနိုင်ရမှာဖြစ်တယ် ဆိုတာပေါ့။ ဒီပြိုင်ပွဲကို စိတ်ဝင်စားတဲ့သူတွေကလည်း ပြိုင်ပွဲကို စိတ်ဝင်တစား စောင့်ကြည့်နေကြ ပါတော့တယ်။ ပြိုင်ပွဲဝင်မယ့်သူတွေအနေနဲ့လည်း ဒီလောက်မြင့်တဲ့ မျှော်စင်ကြီးကို တက်နိုင်ပါ့မလားဆိုပြီး စိတ်လှုပ်ရှားနေကြပါတယ်။

ကဲ… ပြိုင်ပွဲစပါပြီ။

ပွင့်ပွင့်လင်းလင်းပြောရရင် ပွဲကြည့်နေတဲ့ ပရိသတ်ကြီးတွေဟာ ဘယ်ဖားကမှ ပန်းတိုင်ကို ရောက်နိုင်မယ်လို့ မထင်ကြပါဘူး။ ဒါကြောင့် “ ဒီလောက် ခက်ခဲကြမ်းတမ်းပြီး မြင့်မားတဲ့ မျှော်စင်ကြီးကို ငါတော့ ဘယ်သူမှ တက်နိုင်မယ် မထင်တော့ပါဘူး။” ဆိုပြီး တီးတိုးတီးတိုး ပြောဆိုကုန်ကြပါတော့တယ်။

ထင်ထားသလိုပါပဲ။ ဖားငယ်လေးတစ်ကောင် စပြီး အမောဖောက်လာပြီး လဲကျသွားပါတော့တယ်။ အဲဒီနောက်မှာတော့ တစ်ကောင်ပြီးတစ်ကောင် ခြေကုန်လက်ပမ်းကျပြီး လဲကျကုန်ပါတော့တယ်။ ဒါပေမယ့် အဲဒီထဲက တစ်ကောင်ကတော့ ထူးထူးခြားခြားပဲ မလျှော့သောဇွဲလုံ့လနဲ့ ရှေ့ဆက်နေပါတယ်။ ကြည့်နေတဲ့သူတွေကလည်း “ ကြည့်နေပါ ဒီကောင်လည်း မကြာခင်လဲကျသွားပါလိမ့်မယ်။ ဘယ်လိုလုပ်တတ်နိုင်မှာလဲ။ ဒီလောက်အမြင့်ကြီးကို” ဆိုပြီး ပြောမြဲပြောနေကြပါတယ်။ ဘေးက ပြိုင်ဘက်တွေ ဘယ်လောက်ပြိုလဲသွားပါစေ သူ့ပန်းတိုင်ကို မစွန့်လွှတ်ဘဲ ရှေ့ဆက်နေခဲ့တယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒီလိုနဲ့ပဲ နောက်ဆုံးမှာတော့ အားလုံးကျရှုံးကျန်ခဲ့ပါတော့တယ်။ ဒီဇွဲအပြည့်နဲ့ ကောင်လေးကတော့ အားစိုက်ထုတ်မှု အပြည့်နဲ့ တောင်ထိပ်ကို ရောက်လို့သွားပါတော့တယ်။ ပွဲကြည့်နေသူတွေလည်း အရမ်းကို အံ့သြပြီး သူဘယ်လို အနိုင်ရအောင် စွမ်းဆောင်သွားလဲဆိုတာကို သိပ်ကို သိချင်လာကြပါတယ်။ ဒီလိုနဲ့ အဲဒီဖားငယ်လေးကို အများက မဖြစ်နိုင်ဘူး၊ မလုပ်နိုင်ဘူး ဆိုနေတဲ့ကြားက ဘယ်လိုစိတ်ဓါတ်မျိုးနဲ့ ယှဉ်ပြိုင်ခဲ့လဲဆိုတာ မေးလိုက်တယ်။ အဲဒီမှာ သူတို့သိလိုက်ရတာက အနိုင်ရလိုက်တဲ့ ဖားငယ်လေးက ဆွံ့အ နားမကြားဖြစ်နေတယ် ဆိုတာကိုပါပဲ။

ဒီပုံပြင်လေးက ရလိုက်တဲ့ တန်ဖိုးရှိလှတဲ့ သင်ခန်းစာလေးကတော့ ကိုယ်လျှောက်လှမ်းချင်တဲ့ ပန်းတိုင်ကိုရောက်ဖို့ အတွက် ဘေးလူတွေရဲ့ အဖျက်သဘောနဲ့ ဝေဖန်လာသမျှကို နားမယောင်တဲ့သူက ပန်းတိုင်ကို တစိုက်မတ်မတ် သွားလို့ရတယ်ဆိုတာပါပဲ။ ဒီလို အရေးမပါတဲ့ ဝေဖန်ချက်တွေကို ဂရုစိုက်နေတဲ့သူတွေက အချိန်မတိုင်ခင် အားပြတ်ပြီး လိုရင်းကို မရောက်နိုင်ကြတော့ပါဘူး။

တကယ်ကို သတိထားသင့်တဲ့ အချက်လေးပဲဖြစ်ပါတယ်။

သင်တစ်ခုခု ဗဟုသုတရလိုက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။