စိတ်ဆင်းရဲမှုတွေ ဝေးလွင့်သွားစေမယ့် အားဆေးလေးများ အပိုင်း – ၁

blank
၁။ တော်လိုက်တဲ့ ကျွန်တော့်အဖေ။

တစ်နေ့မှာ ကျွန်တော့်အဖေ ဘာပြောလဲ ဆိုတော့ “ကြိုးစားကြည့်စမ်းပါကွာ။” ထုတ်ကုန်ကောင်းကောင်း တစ်ခုရဖို့ အစကတည်းက အသက်မွေးဝမ်းကျောင်းတစ်ခုမှာ ကျွမ်းကျင်နေစရာ မလိုပါဘူးကွ။ Google တို့ Apple တို့ကို တီထွင်ခဲ့တဲ့ သူတွေထဲမှာ ကျွမ်းကျင်ပညာရှင် တစ်ယောက်မှ မပါဘူး။ ဒီလိုပဲ လေ့လာရင်း စမ်းသပ်ရင်း သင်ယူရင်း ကြိုးစားရင်းနဲ့ ဖြစ်သွားတာပဲ။

၂။ စွန့်ဦးတီထွင် ထူးခြား အောင်မြင်။

တစ်နေ့မှာ ကျွန်တော်က ဆရာ့ကို သိချင်တာတစ်ခု မေးလိုက်တယ်။ ဆရာက အရမ်းအောင်မြင်နေတဲ့ အသက် ၇ဝ အရွယ် စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ပါ။ ကျွန်တော့်ရဲ့ မေးခွန်းက “ဆရာ့ကို အောင်မြင်စေတဲ့ အဓိက အချက် ၃ ခု က ဘာတွေဖြစ်မလဲ ခင်ဗျာ။” ဆရာက ပြုံးပြုံးကြီး ပြန်ဖြေတယ်။   “မင်းအောင်မြင်ချင်လား။ ဘယ်သူမှ မဖတ်တဲ့ စာတွေဖတ်။ ဘယ်သူမှ မတွေးတာတွေ တွေး။ ဘယ်သူမှ မလုပ်ဖူးတာတွေ လုပ်” တဲ့။ ရှင်းရောဗျာ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ အဖွားပြောတဲ့ အောင်မြင်မှု ဆိုတာ…။

ကျွန်တော်ဟာ ဆိုက်ကို(Psychology) ဘာသာရပ်ကို သင်ကြားတဲ့ ဆရာတစ်ယောက် ဖြစ်ပါတယ်။ တစ်နေ့မှာ ကျွန်တော့် အတန်းမှာ ပို့ချမယ့် သုတေသနစာစောင် တစ်ခုအတွက် ကျွန်တော့်အဖွားဆီကနေ သိချင်တာလေးတွေ မေးကြည့်မိပါတယ်။ ကျွန်တော် မေးလိုက်တာက အောင်မြင်မှုအကြောင်း အဖွားရဲ့ ကိုယ်ပိုင် ဖွင့်ဆိုချက်လေးပေါ့။ အဖွားက ပြန်ဖြေတယ်။ “ကိုယ့်ရဲ့ အတိတ်အကြောင်း ပြန်စဉ်းစားလိုက်တိုင်း ပြုံးလိုက်ရတယ်ဆိုရင် အဲ့ဒီလူဟာ အောင်မြင်တဲ့သူပဲ” တဲ့။

၎။ ကြိုးစားကြည့်လိုက်ပါ။ အရှုံးမရှိပါဘူး။ ငါးမရလည်း ရေအတူတူ ချိုးပြီး ပြန်ကြတာပေါ့။

ကျွန်တော်ဟာ မွေးရာပါ မျက်စိမမြင်တဲ့ သူတစ်ယောက်ပါ။ ကျွန်တော် ၈ နှစ်သားလောက်က ဘေ့စ်ဘော (baseball) အရမ်း ကစားချင်ခဲ့တယ်။ အဲ့ဒီတော့ အဖေ့ကို မေးကြည့်လိုက်တယ်။ “ဖေဖေ… သား ဘေ့စ်ဘော ကစားဖို့ ဖြစ်နိုင်ပါ့မလား” ဆိုပြီးပေါ့။ အဖေက ဘာပြန်ပြောလဲ ဆိုတော့ “မကြိုးစားကြည့်ဘဲနဲ့တော့ သားဘာမှ သိနိုင်မှာ မဟုတ်ဘူး” တဲ့။ ကျွန်တော် ဆယ်ကျော်သက် အရွယ်ရောက်လာတော့ အဖေ့ကို ထပ်မေးဖြစ်တယ်။ “အဖေ… သား ခွဲစိတ်ဆရာဝန်တစ်ယောက် ဖြစ်နိုင်ပါ့မလား ဟင်။” ဆိုတော့ အဖေက “သား မကြိုးစားကြည့်ဘဲနဲ့တော့ သားဘာမှ သိနိုင်မှာ မဟုတ်ဘူး” ဆိုပြီး ပြောပြန်တယ်ဗျာ။ အခု ကျွန်တော် ခွဲစိတ်ဆရာဝန်ကြီး ဖြစ်နေပါပြီ။ ဘာလို့လဲဆိုတော့ ကျွန်တော် ကြိုးစားကြည့်ခဲ့တယ်လေ။ သင်တို့ရော…။

၅။ ကျေးဇူးသိတတ်ခြင်းရဲ့ အလှတရား။

မီးသတ်သမားတစ်ဦးဖြစ်သူ ကျွန်တော်ဟာ ၇၂ နာရီ ဆက်တိုက် မအိပ်မနေ အလုပ်ဆင်းလိုက်ရတယ်။ အခုမှပဲပြီးတယ် ဗျာ။ အလုပ်က အပြန် ကုန်ခြောက်ဆိုင် ဝင်မွှေနေတုန်း မိန်းမကြီးတစ်ယောက် ရောက်လာပြီး ကျွန်တော့်ကို အားရပါးရကြီးကို လာဖက်တယ်။ ရုတ်တရက်ဆိုတော့ ကျွန်တော်လည်း ကြောင်သွားတာပေါ့။ သူမလည်း ကျွန်တော် သူမကို မမှတ်မိဘူး ဆိုတာ သတိထားမိသွားတယ်။ ကျွန်တော့် ခန္ဓာကိုယ်ပေါ်ကနေ သူမရဲ့ လက်တွေကို ဖယ်လိုက်တဲ့ အခါမှာ သူမ မျက်ရည်တွေဝိုင်းနေတာ ကျွန်တော် တွေ့လိုက်ရတယ်။ ပြီးတော့ ရင်ထဲကပါတဲ့ အပြုံးလေးနဲ့ သူမ ကျွန်တော့်ကို ပြောတယ်။ “၉-၁၁-၂ဝဝ၁ တုန်းက အမေရိကားမှာ အကြမ်းဖက်သမားတွေ တိုက်ခိုက်တုန်းက ရှင်ကျွန်မကို World Trade Center ထဲကနေ ပွေ့ချီပြီး ကယ်ထုတ်ခဲ့တာလေ” တဲ့။

သင်တစ်ခုခု ဗဟုသုတရလိုက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။

၆။ ကြင်နာမှုဆိုတာ…။

တစ်နေ့မှာ ဝှီးချဲ (wheelchair) ပေါ်က ကောင်လေးတစ်ယောက်က ခြေထောက်ကျိုးထားလို့ ချိုင်းထောက်တစ်ခုနဲ့ တစ်ယောက်တည်း ကမ္ဘာပျက်နေတဲ့ ကျွန်တော့်ကို မြင်သွားတယ်။ သု့မျက်စိထဲမှာ အမြင်မတော်ဘူး ထင်ပါတယ်။ ကျွန်တော့်ဆီလာပြီး ကျောပိုးအိတ်တွေ၊ စာအုပ်တွေကို ကူသယ်ပေးတယ်။ ပြီးတော့ စာသင်ခန်းထိ လိုက်ပို့ပေးသေးတယ်။ အခန်းပေါက် ရောက်ပြီး သူပြန်ခါနီး စကားတစ်ခွန်းပြောသွားသေးတယ်ဗျ။ “အစ်ကို့ ခြေထောက် မြန်မြန် သက်သာလာပါစေဗျာ” တဲ့။