နောင်တကင်းတဲ့ ဘဝလေးတစ်ခု ပိုင်ဆိုင်နိုင်ဖို့

blank

ကျွန်မရဲ့ ငယ်ငယ်တုန်းက အကြောင်းလေး ပြန်တွေးမိရင်း သင်ခန်းစာလေးတစ်ခုကို သတိရမိလို့ ပြန်မျှဝေပါရစေရှင်။ အဲဒီတုန်းက မေမေက ကျွန်မတို့ အတွက် စားဖိုမှူးကြီးပေါ့။ သူ့ကြည့်လိုက်ရင် အမြဲ အိမ်အလုပ်၊ ရုံး အလုပ်တွေနဲ့ ရှုပ်နေတော့တာပါပဲ။

တစ်ညမှာတော့ မေမေဟာ တစ်နေ့လုံး ရုံးမှာ အလုပ်တွေ ပင်ပန်းလာလို့ထင်ပါရဲ့။ ပေါင်မုန့်မီးကင်တာ တူးသွားတယ်။ အဲဒီ ပေါင်မုန့်ကို ယိုသုတ်ပြီး ဖေဖေရှေ့မှာ ချပေးတယ်။ ကျွန်တော်ဖြင့် ရင်တထိတ်ထိတ်နဲ့ ကြည့်နေရတယ်။ ဖေဖေများ သိသွားရင် ဘာဖြစ်မလဲပေါ့။

ဒါပေမယ့် ဖေဖေက အဲဒီပေါင်မုန့်ကို ဘာမှမသိသလိုပဲ စားရင်း ကျွန်မကို ကျောင်းမှာ အဆင်ပြေလားတွေ ဘာတွေ မေးတော့တယ်။ ကျွန်မ မှတ်မိတယ် အဲဒီညက ပေါင်မုန့်တွေအတွက် မေမေကဖေဖေ့ကို တောင်းပန်နေတာကိုလေ။ ဖေဖေက ပြန်ပြောတယ်။ “ပေါင်မုန့်တူးတူးလေးတွေလည်း ကိုယ် ကြိုက်တတ်ပါတယ်။ မိန်းမရယ်” ဆိုပြီးတော့ပေါ့။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ခဏနေတော့ ကျွန်မ အိပ်ခါနီးဖေဖေ့ကို နှုတ်ဆက်ဖို့သွားရင်း “ဖေဖေ တကယ်ပဲ ပေါင်မုန့် အတူးတွေကို ကြိုက်တာလား ဟင်” လို့ မေးလိုက်တယ်။ ဖေဖေက ကျွန်မကို ပွေ့ချီလိုက်ပြီး ” သမီးလေး မေမေက တစ်နေ့လုံး ပင်ပန်းလာတာလေ။ အိမ်ကျတော့လည်း စားစရာတွေပြင်ဆင်ရတာနဲ့ ပင်ပန်းတော့လည်း အလွဲအမှား ဆိုတာ ရှိမှာပေါ့ သမီးရဲ့။ ဒါကို ဖေဖေနားလည်ပေးရမယ်။ ဒီပေါင်မုန့်ကို စားလိုက်ရတာ ဖေဖေအတွက် အပန်းမကြီးပေမယ့် ဖေဖေ အပြစ်တင်ကြိမ်းမောင်း လိုက်မယ်ဆိုရင်တော့ သမီး မေမေကို အကြီးအကျယ် စိတ်ထိခိုက်သွားစေလိမ့်မယ်။” ဆို ပြောခဲ့ပါတယ်။

ဘဝဆိုတာ ဒီလိုပဲ မပြည့်စုံမှုတွေကြားကနေ ရုန်းကန်လှုပ်ရှားနေရတာပါ။ အဆင်မပြေတိုင်းသာ တစ်ယောက်ကိုတစ်ယောက် အပြစ်တွေတင်၊ အကောင်းမမြင်နိုင်ကြတော့ဘူးဆို အသက်ရှင်ရတာ ဒီထက်ပိုပြီး ပင်ပန်းဆင်းရဲစေမှာပါ။ အကောင်းဆုံးကတော့ တစ်ယောက်အားနည်းချက် တစ်ယောက် သည်းခံခွင့်လွှတ်ပြီး၊ မတူညီမှုလေးတွေကို နားလည်မှုလေးတွေနဲ့ ရှေ့ဆက်သွားနိုင်မယ်ဆို ပိုပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ Relationship လေးတွေကို တည်ဆောက်နိုင်မှာ မလွဲပါပဲ။

ဒါကြောင့် သက်ရှိထင်ရှား ရှိနေစဉ်မှာ ကိုယ့်ဘဝကို ကျေနပ်ရောင့်ရဲဖို့ အရေးကြီးပါတယ်။ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်ကို တန်ဖိုးထားတတ်ဖို့လည်း အဓိကကျနေပါတယ်။ နောင်တကင်းတဲ့ ဘဝလေးတွေ ပိုင်ဆိုင်နိုင်ဖို့ ခုကတည်းက ဘဝကို အကောင်းဆုံး ဖြတ်သန်းလိုက်ကြပါစို့လား ဂန္ထဝင် ပရိသတ်ကြီးရေ။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။