လူတို့၏ ပြောင်းလဲနေတတ်သော စိတ်နေသဘောထား

blank

တစ်ခါက မျက်စိမမြင်လို့ဆိုပြီး သူမကိုယ်သူမ အပါအဝင် တစ်လောကလုံးကို မုန်းတီးနေတဲ့ ကောင်မလေးတစ်ယောက် ရှိပါတယ်။ သို့ပေမယ့် ရှားရှားပါးပါး သူမချစ်မြတ်နိုးရသူ တစ်ယောက်ရှိပါတယ်။ သူကတော့ သူမရဲ့ ချစ်သူကောင်လေးပါပဲ။ သူဟာ မျက်စိမမြင်တဲ့ ချစ်သူလေးအပေါ် အမြဲ ဂရုဏာအပြည့်နဲ့ လိုအပ်တဲ့ အချိန်တိုင်းအတွက် အသင့်ရှိနေပေးသူပါ။ ဒီလောက်သူ့အပေါ် အနစ်နာခံတတ်တဲ့ ချစ်သူကောင်လေးကို သူမ အမြဲပြောနေကျ စကားတစ်ခွန်းရှိတယ်။ အဲဒါကတော့ “ကျွန်မသာ မျက်စိပြန်မြင်ရပြီဆို အရင်ဆုံး ဘာလုပ်မလဲသိလား။ ကျွန်မ ရှင့်ကို လက်ထပ်မှာပေါ့။ ” ဆိုပြီးတော့ပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

တစ်နေ့မှာတော့ ကောင်မလေးအတွက် မျက်စိ အစားထိုးကုသဖို့ အမည်မဖော်လိုသူတစ်ဦးက မျက်စိနှစ်ဖက်လုံး လှူဒါန်းလာပါတယ်။ ခွဲစိတ်မှုအပြီးမှာတော့ မျက်မမြင်ကောင်မလေးဟာ မျက်စိနှစ်ဖက်လုံး ပြန်မြင်သွားခဲ့ပါပြီ။ အဲဒီအချိန်မှာ သူ့ချစ်သူကောင်လေးက ” ကဲ မျက်စိလည်းမြင်ရပြီဆိုတော့ ဘယ်လိုလဲ ကိုယ့်ကို လက်ထပ်မယ်မလား “လို့ မေးလိုက်ပါတယ်။

အဲဒီအချိန် ကောင်လေး မျက်စိမမြင်ဘူးဆိုတာကို သိလိုက်ရတဲ့ ကောင်မလေးက အရမ်းစိတ်ပျက်သွားပြီး ကောင်လေးကို လက်ထပ်ဖို့ ငြင်းဆိုခဲ့ပါတယ်။ ကောင်လေးက အရမ်းစိတ်မကောင်း ဖြစ်သွားပြီး မျက်ရည်တွေနဲ့ အဝေးကို ထွက်သွားခဲ့ပါတယ်။ သူမအတွက်တော့ စာတစ်စောင် ရေးပေးခဲ့ပါတယ်။

“ကိုယ့်မျက်လုံးလေးတွေနဲ့ မင်း အမြင်အာရုံ ပြန်ရလာတဲ့အတွက် ကိုယ်အရမ်း ကြည်နူးရပါတယ်။ မျက်လုံးလေးတွေကို အထူးဂရု စိုက်ပါနော်။ ကံကောင်းပါစေ” တဲ့။

သိပ်ကို ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်လေး တစ်ခုပါ။

ဒီလိုပါပဲ လူတွေရဲ့ စိတ်တွေဟာ အခြေအနေပေါ်လိုက်ပြီး အမျိုးမျိုး ပြောင်းလဲတတ်ပါတယ်။ တခါတလေ ကိုယ့်ဘဝရဲ့ အခက်ခဲဆုံး အခြေအနေမှာ ကိုယ့်အတွက် ရပ်တည်ပေးခဲ့သူတွေကိုတောင် မေ့သွားတတ်ကြတယ်။ ဘဝဆိုတာ ဘာမှ မတည်မြဲတာကြောင့် ကိုယ့်ဘဝကို ကောင်းမွန်တဲ့ စိတ်နေစိတ်ထားလေးတွေကို အတတ်နိုင်ဆုံး တသမတ်တည်း ဖြစ်အောင် ကြိုးစား ရပ်တည်ပါ။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။