ရင်ထဲထိ စူးနစ်သွားစေမယ့် ဖြစ်ရပ်မှန်လေးများ (၁၁)

blank

ဦးနှောက် အမှေးရောင်ရောဂါ ခံစားနေရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ နောက်ဆုံး အချိန်ဖြစ်ပါတယ်။ သူမရဲ့ ဆွေမျိုးသားချင်းတွေရော၊ သူမရဲ့ သမီးလေးပါ မျက်ရည်လေးတွေစို့လို့ နောက်ဆုံးအချိန်ကို ထိုင်စောင့်နေကြရပါတယ်။ နာရီ အနည်းငယ်ကြာတဲ့ အခါမှာတော့ သူမ လောကကြီးကို အပြီးတိုင် နှုတ်ဆက် ထွက်ခွာသွားခဲ့ပါတယ်။

မိခင်ကို ဆုံးရှုံးလိုက်ရတဲ့ သမီးငယ်လေးဟာ ဝမ်းနည်းလွန်းလို့ တစ်နေ့လုံး ငိုကြွေး နေပါတော့တယ်။ ဒါနဲ့သူတို့တွေ အိမ်ပြန်ရောက်တော့ သမီးငယ်လေးဟာ ပင်ပန်းဖျား ဖျားပါတော့တယ်။ နောက်နေ့မနက်အရောက်မှာ သူ့အမေအိပ်ခဲ့တဲ့ ကုတင်လေးနား ထိုင်နေတုန်း ကုတင်ဘေးမှာ စာတစ်စောင်နဲ့ ဆေးပြားအနည်းငယ်ကို တွဲလျှက်တွေ့ လိုက်ရပါတယ်။

စာထဲမှာ ရေးထားတာကတော့

“သမီးလေး ဒီဆေးလေးတွေသောက်လိုက်နော် ။

သမီးလေး အရမ်းငိုရင် ဖျားတတ်တယ် ဆိုတာ မေမေသိနေတယ်လေ။

ချစ်လှစွာသော

မေမေ ” ဆိုပြီးတော့ပါ။

ကြည့်ပါအုံး။ မိခင်မေတ္တာတွေများ ဘယ်လောက် အံ့သြဖို့ကောင်းလိုက်လဲ။ သူမရှိတော့တဲ့ အချိန်မှာ ဝမ်းနည်းကြေကွဲပြီး ဖျားနာနေမယ့် သူ့သမီးလေးအတွက် ဆေးသောက်ဖို့ ဂရုတစိုက် စီစဉ်ပေးခဲ့ရှာတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အထက်ပါ အဖြစ်အပျက်လေးကို ကြည့်ခြင်းအားဖြင့် မိခင်တွေဟာ ဘယ်လိုအခြေအနေမျိုးပဲ ရောက်နေပါစေ သားသမီးတွေကို အမြဲ ဂရုစိုက်ပေးနေတယ် ဆိုတာ မီးမောင်းထိုးပြလိုက် သလိုပါပဲ။ ဒါကြောင့် သက်ရှိထင်ရှား ရှိခိုက် မိခင်မေတ္တာကိုနားလည်ပြီး ချစ်ခင်လေးစားစွာ ဆက်ဆံဖို့ တိုက်တွန်းရင်း ဂန္ထဝင်မှ တင်ဆက်လိုက်ရပါတယ်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။